Kia America ကတော့ မီးလောင်နိုင်တယ်ဆိုတဲ့ အကြောင်းရင်း တစ်ချို့နဲ့အတူ သူတို့ရဲ့ တစ်ချို့ကားတွေကို ပြန်လည် သိမ်းဆည်းဖို့ ပြင်ဆင်နေပါပြီ။ အဆိုပါ ကားတွေကတော့ Hyundai Motor Group နဲ့ ဆက် စပ်နေတဲ့ မီးလောင်နိုင်တဲ့ ကား ပြဿနာတွေထဲ နောက်ဆုံး ပါဝင်လာတဲ့ ကားအမျိုးအစားတွေ ပါပဲ။ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာကတော့ ယခင် Hyundai နဲ့ Kia တို့ ကြုံခဲ့ရတဲ့အတိုင်း ကားရဲ့ နောက်ကနေ တစ်ခုခုကို ဆွဲသွားနိုင်ဖို့ ဖန်တီးထားတဲ့ Tow Hitch နေရာ ကနေ ချို့ယွင်းပြီး မီးထလောင်နိုင်တဲ့အထိ ဖြစ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ NHTSA ရဲ့ အဆိုအရတော့ Kia Sorento နဲ့ Sportage ကားပေါင်း ၇၀,၀၀၀ ဝန်းကျင် လောက် အထိ ပါဝင်နိုင်ပါတယ်။ အဆိုပါ ကားတွေထဲက အစီးရေ ၂၂,၀၀၀ ကျော် လောက်ကတော့အဆိုပါ Tow Hitch တွေအတွက် Port-Installed Option (PIO) စနစ်ကို ရခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အစီးရေပေါင်း ၄၉၀,၀၀၀ လောက်ကလည်း အဆိုပါအပိုင်းတွေကို အရောင်းကိုယ်စားလှယ်တွေ ဆီရောက်မှ တပ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Kia Sorento ကားတွေထဲမှာ ဆိုရင်တော့  အောက်တိုဘာ ၁၇ ၊ ၂၀၁၄ ကတည်းက စတင်ထုတ်လုပ်ခဲ့တဲ့ 2016 Model ကားတွေအပြင် 2023 Kia Sorento PHEV ကားသစ်တွေပါ ပါဝင်နေမှာပါ။ Sportage Model အတွက် ဆိုရင်တော့ ၂၀၁၅ ဒီဇင်ဘာ ၁၀ ရက် ကနေ ၂၀၂၁ ဒီဇင်ဘာ လ ၇ ရက်နေ့အတွင်း ထုတ်လုပ်ထားတဲ့ ကားမှန်သမျှအကျုံးဝင်တာ ဖြစ်ပါတယ်။ အခု ပြန်လည်သိမ်းဆည်းရတဲ့ Sorento နဲ့ Sportage ကားတွေမှာမှ Kia ရဲ့ မူလ Original Two Hitch အပိုင်းကို တပ်ဆင်ထားတဲ့ကားတွေပဲ ပါဝင်မှာကတော့ သေချာပါတယ်။

Photo Credit: motor 1.com

ယခင်တုန်းကလည်း အလားတူ ပြန်လည် သိမ်းဆည်းရမှုကို Hyundai Palisade နဲ့ Kia Telluride တို့ မှာ ကြုံခဲ့ရဖူးပြီး အဆိုပါ ကားတွေရဲ့ Tow Hitch ပြဿနာကတော့ Mobis Parts America လို့ အမည်ရတဲ့ အခြားသော ကုန်ကြမ်း ထောက်ပံ့တဲ့ ကုမ္ပဏီ တစ်ခုဆီက ပစ္စည်း တွေကအစပြုခဲ့တာပါ။ ဒါပေမယ့်လည်း အခုကိစ္စမှာတော့ ဘယ်လောက် အထိ အန္တရာယ်ရှိနိုင်သလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တာကြောင့် တစ်စုံတစ်ရာ တိတိကျကျ အဖြေမထွက် မချင်း ကားပိုင်ရှင်တွေအနေနဲ့ ကားကို အိမ်အပြင်ဘက်မှာပဲ လွတ်လွတ်ကင်းကင်း ရပ်နားထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရောင်းကိုယ်စားလှယ်တွေဆီ အဆိုပါ Tow Hitch တွေကို အခြားကားတွေဆီ ရောင်းချတာ ဆိုင်းငံ့ထားဖို့ အတွက်လည်း Kia က ညွှန်ကြားထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ Kia Sorento ဒါမှမဟုတ် Sportage တစ်စီးစီးရှိလို့ အခုပြန်လည်သိမ်း ဆည်းရတဲ့အထိ ပါမပါ သိချင်တယ်ဆိုရင်တော့ နီးစပ်ရာ အရောင်း ကိုယ်စားလှယ်တွေဆီ ချက်ချင်းဆက်သွယ်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com