တောင်ကိုရီးယား ကား ကုမ္ပဏီ Kia တို့ ကတော့ အမေရိကလို ကားဈေးကွက်ကြီးထဲမှာ ဂုဏ်ရှိလှတဲ့ ကြိုဆို မှုတွေနဲ့အတူ မယုံနိုင်လောက်စရာ အောင်မြင်မှုတွေရနေပြီလို့ သိရပါတယ်။ ကုမ္ပဏီအတွက် မှတ်တမ်း ကောင်း တစ်ရပ် ကတော့ ‌အမေရိက ဈေးကွက်အတွင်း သူတို့အတွက် ၁၀ သန်းမြောက်သော ကားကို ရောင်းချလိုက်နိုင်တာ ဖြစ်ပြီး ရောင်းချလိုက်နိုင်တဲ့ Customer ကလည်း Kia ကို နှစ်ရှည် လများ အားပေး လာတဲ့ အမာခံ ပရိသတ် တစ်ယောက်ပါပဲ။ ကုမ္ပဏီ ရဲ့ လျှပ်စစ်ကားဈေးကွက် အသစ်ဘက်ကို ခြေလှမ်းတွေ သွက်လာတာကြောင့် လတ်တလော နာမည် ရလာတာ ကတော့ Kia EV6 ပဲ ဖြစ်ပါတယ်။ အခု ဆိုရင်လည်း အဆိုပါ လျှပ်စစ် စွမ်းအင်သုံးကားကို ပိုင်ရှင်သစ် ဖြစ်သူ Monti Charoenphong ဆိုသူက ဘာကြောင့် ရွေးချယ်လိုက်သလဲ ဆိုတာကတော့ ထင်ရှားလွန်းနေပြီး သူ့ကိုလည်း ကုမ္ပဏီ က အမှတ်တရ ကော်ဇောနီ ခင်းပြီးတောင် ဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ သူမ ကိုယ်တိုင်ကလည်း Kia ရဲ့ အမာခံပရိသတ် တစ်ယောက် ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပြီး အခု EV 6 ထွက် ကတည်းက သူမနဲ့ ကိုက်တဲ့ ကားပဲ ဖြစ်ရမယ် ဆိုပြီး ကြိုတွက်ထားခဲ့တာလို့ သိရပါတယ်။ Charoenphong ကတော့ သူမ အနေနဲ့ ကားကို ဝယ်ယူဖို့ အော်ဒါတင်လိုက် ကတည်းက တကယ်ကို စိတ်လှုပ်ရှားနေခဲ့ရပြီး တစ်ချိန်တည်းမှာပဲ သူမအနေနဲ့ Kia ဆီ က အမေရိက ဈေးကွက်အတွက် အစီးရေ ၁၀ သန်း ပြည့်မြောက်သွားသူ ဖြစ်သွားတယ် ဆိုတာကို သိလိုက် ရချိန်မှာတော့ မယုံနိုင်ခဲ့ဘူးလို့ ဆိုထားခဲ့ပါတယ်။

Photo Credit: CARBUZZ

Kia ကတော့ ၁၉၉၃ မှာ အမေရိက ဈေးကွက်ထဲ စတင် ရောင်းချခဲ့တာ ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ အဆိုပါ ကား ဈေးကွက်ထဲကို ကားအမျိုးအစား ၂ မျိုးတည်းနဲ့သာ ရဲရဲကြီး စိန်ခေါ်လာ ခဲ့တာပါ။ အခုလို နှစ်ပေါင်း ၃၀ လောက် အထိ ရှိလာ ခဲ့ရာမှာတော့ Brand အနေနဲ့ လူတိုင်းနီးပါး အတွက်သင့်တော်တဲ့ ကား တွေကို ချပြပေးလာနိုင်ပြီး အခုဆိုရင် တော့ လျှပ်စစ်ကားသစ်တွေ ကပါ စိတ်ဝင်စားမှုတွေ ပိုရအောင် စွမ်း ဆောင်လာနိုင်ပါပြီ။ အခုလိုမျိုး အစီးရေ ၁၀ သန်း ပြည့်အောင် ရောင်းချလိုက်နိုင်တာ ကလည်း တကယ်ကို မယုံကြည်နိုင်စရာ အောင်မြင်မှုဖြစ်ပြီး ဘယ်လောက်အထိ ကြိုးစား လာခဲ့ရတယ် ဆိုတာကိုလည်း အမှတ်ရ စေခဲ့ကာ အနာဂါတ်မှာ ဘယ်လိုမျိုး အောင်မြင်မှုတွေ ပုံဖော်နိုင်မလဲ ဆိုတာကိုပါ ဆက်လုပ်သွားဖို့ အားအင် တွေ ဖြစ်စေခဲ့တယ်ဆိုပြီး Kia North America ရဲ့ CEO ဖြစ်သူ Sean Yoon ကဆိုခဲ့ပါတယ်။ Kia ကတော့ နိုင်ငံခြား ကားကုမ္ပဏီ တွေထဲ အမေရိက ဈေးကွက်ထဲမှာဆိုရင် အမြန်ဆုံး တိုးတက်လာ တဲ့ ကုမ္ပဏီတစ်ခု အဖြစ်ကို အသိအမှတ် ပြုခံထားရပြီး ဖြစ်ပါတယ်။ အခုလို အောင်မြင်မှုကတော့ လာမယ့်နှစ် တွေရဲ့ အောင်မြင်မှုတွေအတွက် အစသာရှိသေး ပြီး မကြာသေးမီကမှ ချပြခဲ့တဲ့ All-New Niro ကားသစ်နဲ့ အသစ် ပြန်လည် ဆန်းသစ် ပေးထားတဲ့ Tellurid၊ ရောင်းအား ကောင်းဖို့ အလားအလာ များနေတဲ့ Carnival တို့ ဆိုရင်လည်း ကုမ္ပဏီ ရဲ့ ရောင်းအားတွေကို ဆွဲတင်ပေးဖို့ ရှိနေခဲ့ပါပြီ။

Photo Credit: CARBUZZ

အခုလိုမျိုး အထင်ကြီးဖို့ ကောင်းတဲ့ အောင်မြင်မှုအတွက် Kia ကတော့ အမေရိကမှာ ရှိတဲ့ ပရဟိတ အဖွဲ့ အစည်း တွေနဲ့ အကျိုးအမြတ် မယူပဲ လိုအပ်တဲ့ နေရာတွေကို ပြန်လည် ထောက်ပံ့ပေးမယ့် အဖွဲ့အစည်း တွေဆီ ငွေကြေးတွေ လှူဒါန်းသွားဖို့ ရှိပါတယ်။ အစီးရေ ၁၀ သန်းမြောက် ထူးခြားပိုင်ရှင် Mrs.Charoenphong နဲ့ ပူးပေါင်းပြီး တော့လည်း St. Jude ကလေး ဆေးရုံ နဲ့ သုတေသန စင်တာတွေ ဆီကို $ 10,000 စီလှူသွားဖို့ ရှိနေပါသေးတယ်။ အဆိုပါ ပိုင်ရှင် ဖြစ်သူလည်း Kia ကပေးအပ်တဲ့ နောင်လာ မယ့် NBA ပွဲတွေနဲ့ Kia ရဲ့ ဖိုရမ်တွေကို အထူးတက်ရောက်ခွင့် လက်မှတ်ပါ ရခဲ့တာပါ။ CEO Sean Yoon ကတော့ အခုလိုမျိုး အလှူအတန်းတွေနဲ့ ပြန်လည် ထောက်ပံ့ပေးနေတာကြောင့် အဆိုပါ အဖွဲ့အစည်း တွေ မှာ ‌နှစ်ပေါင်းများစွာအတွက် အထောက်အကူပေးနိုင် လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်လို့ ဆိုထားပါ တယ်။ လာမယ့် နှစ်လောက် မှာတော့ Kia ပရိသတ်တွေ အတွက် ရင်အခုန်ရဆုံး ဖြစ်နိုင်တဲ့ EV 9 ကားသစ် ကို မြင်ရနိုင်ပြီး ကုမ္ပဏီရဲ့ လက်ရှိ အချိန်အထိတော့ အကြီးဆုံး SUV ကားတစ်စီး ဖြစ်လာ နိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ကားသာ ထွက်လာရင်တော့ Range Rover တို့လို ဇိမ်ခံ အပိုင်းမှာပါ ကောင်းကောင်း ယှဉ် လာနိုင်ပြီး ကားရဲ့ Concept မှာ တုန်းက မြင်ခဲ့ရတဲ့ အလန်းစား ဒီဇိုင်းပိုင်းကြောင့် တစ်နာရီမိုင် ၆၀ နှုန်းကို ၅ စက္ကန့်လောက် အတွင်းမှာတင် မောင်းနိုင်မယ့်ကားပဲ ဖြစ်ပါတယ်။

Ref: carbuzz.com