Kia ကနေ စမ်းသပ် ဖန်တီးနေပြီဖြစ်တဲ့ မျိုးဆက်သစ် Kia Rio ကားသစ်အတွက် Spy Shots တွေကလည်း ဆက်တိုက် ထွက်ပေါ်လာ နေပါတယ်။ Camouflage တွေ အများအပြား အုပ်ထားသေးတယ် ဆိုပေမယ့် ဒီတစ်ခေါက် မြင်လာ ရတဲ့ ပုံရိပ်တွေအရ အသေးစိတ် နေရာတစ်ချို့ကို ခန့်မှန်းလို့ ရလာသလို အခုတစ်ခေါက် မှာလည်း Spy Shots တွေ အပေါ် အခြေခံ ဖန်တီးထားတဲ့ ဒီဂျစ်တယ် ပုံကြမ်းက အတော်လေးကို ရုပ်လုံးပေါ် လာခဲ့ပါပြီ။ ပုံစံတွေ အရတော့ အခုကားသစ်မှာ အရှေ့ဘက် Fascia ကို သိသိသာသာ ပုံပြောင်းပေးထားနိုင်ပြီး Brand ရဲ့ Tiger Nose Grille ပုံကို တော့ ဆက်ထိန်းပေးထားနိုင်ပါတယ်။ ဒါပေမယ့် ဒီဂျစ်တယ် ပုံကြမ်းထဲမှာတော့ Headlight တွေ အကုန်လုံးကို အရှေ့ဘက်မှာ မီးအိမ် တစ်ခုထဲ ထည့်ပြီး ပေါင်းပေးထားတဲ့ ပုံစံမျိုး မြင်တွေ့ထားရတာပါ။ Headlight ‌တွေမှာလည်း ခေတ်ပေါ် LED Daytime Running Lights ‌တွေပါ ထည့်သုံးပေးထား ပြီး ကားရဲ့ ဘေးအစွန်းနှစ်ဖက် အကြားမှာ သိသိသာသာလေး ပေါ်လွင်နေစေမယ့် သဘောဖြစ်ပါတယ်။

Photo Credit: motor 1.com


ပုံပြောင်းထားမယ့် အပေါ်ဘက် Grille အပိုင်း ကလည်း အရှေ့လက် ဘန်ဘာ တစ်ခုလုံးကို ပိုပေါ်လွင်လှပနေစေတာ ဖြစ်ပြီး ပိုကြီးတဲ့ အောက်ဘက် Grille ကအစ ကားရဲ့ မျက်နှာစာကို ကြွတက်သွား စေပါတယ်။ ဒါပေမယ့် အခု ပုံကြမ်း ထဲက ဒီဇိုင်း အသေးစိတ်တွေဟာ တကယ့်ကားနဲ့ ဘယ်လောက်အထိ တူညီလာမလဲ မသိ ရသေးတာကြောင့် စမ်းသပ် နေဆဲ ကားကို မှန်းဆစောင့်ကြည့်ရဦးမှာပါ။ အနောက်ဘက် ပိုင်းကလည်း လက်ရှိ မျိုးဆက်ကားထက် သိသိသာသာ ပြောင်းလဲမှု‌တွေ ရှိထားပြီး နောက်ဘောင် အပြည့်ဖြစ်လာမယ့် ‌Taillights တွေကလည်း အနောက်ဘက် Diffuser ပေါ်မှာနဲ့ အိတ်ဇောပိုက် ပါးပါးလေးတွေ ပေါ်မှာ အတော်လေး အံဝင်ခွင်ဂျ ဖြစ်နေပါတယ်။ လက်ရှိ အထိကတော့ Spy Shots တွေထဲမှာ Taillight အပိုင်းလေး သေးသေးလောက်ပဲ မြင်ရသေးတာကြောင့် အခုပုံကြမ်းထဲက အတိုင်း Full Width ဘောင် အပြည့်ဖြစ်လာမလား ကတော့ စောင့်ကြည့်ရတော့မှာပါ။
လက်ရှိမှာတော့ အတွင်းခန်း အတွက် သိသာတဲ့ ပုံရိပ်တစ်ချို့ မရရှိသေးပေမယ့်လည်း Kia အနေနဲ့ ကားသစ်မှာ Screen Display ၂ ခု တွဲပြီး သုံးလာလိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အတည်ဖြစ်ဖို့ကတော့ စောင့်ဆိုင်းရဦးမှာပါပဲ။ Kia အနေနဲ့ မနှစ်က အမေရိက ဈေးကွက်ထဲမှာတင် Rio ကားပေါင်း ၂၇,၀၀၀ စီး အထိ ရောင်းခဲ့ ရပေမယ့် ဒါဟာ ယခင် ၂၀၂၁ ရဲ့ ၃၁,၃၆၂ စီးနဲ့ ယှဉ်ရင်တော့ ကျဆင်းသွား ရပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ ရောင်းအား ကတော့ ၂၀၁၆ ကတည်းကနဲ့ တွက်မယ်ဆိုရင် ဒုတိယမြောက် ရောင်းအား အကောင်းဆုံးနှစ် ဖြစ်ခဲ့တာပါ။ အခုကားကို တော့ ဥရောပရဲ့ ကာဗွန် စည်းမျဉ်းတွေကြောင့် ဥရောပ ဈေးကွက်မှာ ဆက်လက် မထုတ်လုပ်ဖြစ်တော့ ဘူးလို့လည်း သတင်းတွေ ထွက်ရှိထားပြီး အမေရိက ဈေးကွက်မှာကတော့ မျိုးဆက်သစ် တန်ဖိုးသင့် ကားကောင်းတစ်စီး အနေနဲ့ ဆက်ရှိ နေဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com