Kia ရဲ့ ကားတွေထဲမှာ ဆိုရင်တော့ Kia Carnival အမျိုးအစားကမိသားစုစီးဖို့ထက်ကို ပိုကောင်းတဲ့ ကား တစ်စီး ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ V6 Engine စွမ်းဆောင်ရည် ကောင်းမွန်မှုအပြင် ကျယ်ဝန်းပြီး ပစ္စည်းတွေ ထည့်မယ် ဆိုရင်လည်း အတော်လေးဝင်ဆံ့တဲ့ အတွင်းခန်း အနေအထားတွေကြောင့် မိသားစု တွေ အတော်ရွေးချယ် ကြလေ့ ရှိတာပါ။ ဒါကတော့ အဆိုပါ ကားရဲ့ ကောင်းကွက်တွေ ဖြစ်ပေမယ့်လည်း ထုတ်လုပ်ပြီး ကားအစီးရေ ပေါင်း ၂,၉၅၆ စီး ကို ပြန်လည် သိမ်းဆည်းခဲ့ရဖူးတာကတော့ ဟာကွက်တစ်ခု ဖြစ်ခဲ့ရပါတယ်။ အဆိုပါ သိမ်းဆည်းရခြင်း ပြဿနာကတော့ ခရီးသည်ရဲ့ ဘေးဘက်က တံခါးရဲ့ အလိုအ လျောက်စနစ် ချို့ယွင်းချက် ရှိခဲ့လို့ပါပဲ။ အဆိုပါ ပြဿနာ ကြောင့်ကားတံခါး မလုံ ဖြစ်နေတတ်ပြီး ကလေး ငယ် လေးတွေနဲ့ ခရီးသွားမယ် ဆိုရင်အတော်လေး အန္တရာယ် များတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကားတွေ ပြန်လည်သိမ်းဆည်းရတဲ့ ပြဿနာက မပြီးပြတ်နိုင်သေးပဲ အခု တစ်ခေါက်ကလည်း နောက်ထပ် အသက်အန္တရာယ်တောင် ရှိနိုင်တဲ့ အမှားအယွင်း တစ်ခုကို Kia တို့ ရင်ဆိုင်နေရပါတယ်။ အခု တစ်ခေါက်မှာ တော့ ကားက မော်ဒယ်တစ်မျိုးတည်း မဟုတ်တော့ပဲ မော်ဒယ်အဟောင်း အတော် များများ ပါဝင်လာကာ ဆားကစ်ပြား တစ်ချို့အပိုင်းတွေ ပျက်စီးလာတာကြောင့် ယာဉ်မတော်တဆမှု ဖြစ်ရင် လေအိတ်မပွင့်တဲ့ ပြဿနာ ကြုံနိုင်ရနိုင်လို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာကြောင့် ပြန်လည်သိမ်းဆည်းရမယ့် ကားတွေက တော့ အစီးရေ ပေါင်း ၄၁၀,၆၁၀ အထိ ရှိနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ရဲ့ ဖော်ပြချက် အရတော့ အဆိုပါ ကားတွေရဲ့ ၁ % လောက်ကသာ အန္တရာယ်ကြီးလောက်တဲ့ ချို့ယွင်းချက်ကိုကြုံတွေ့ရတာ ဖြစ်တယ် လို့သိရ ပါတယ်။
အဆိုပါ ကားတွေထဲမှာ ဆိုရင်တော့ 2017-2019 Model Kia Souls အမျိုးအစား အစီးရေပေါင်း ၂၅၃,၂၈၁ စီး အထိ ပါဝင်နေပြီး Soul EV ကားတွေ အနေနဲ့ကတော့ အစီးရေ ၉၅၃ စီးပဲ ပါဝင်တာဖြစ်ပါတယ်။ ဒါတင် မကသေးပဲ 2017-2018 Kia Fortes Model တွေလည်း ပါဝင်နေသေးပြီး အစီးရေ ၁၀၈,၆၉၃ စီး ဖြစ်ပါ တယ်။ နောက်ဆုံး ပါဝင်လာတဲ့ အမျိုးအစား တစ်ရပ်ကတော့ နောက်ဆုံးမျိုးဆက် Kia Sedona (2017- 2019) ကားတွေ ဖြစ်ပြီးအစီးရေ ၄၇,၆၉၀ စီး အထိ ပါဝင်နေတာပါ။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာ ကတော့ အခုကားပြန်လည် သိမ်းဆည်းရမှုတွေထဲမှာ Kia Forte Koups ကားလေးနှစ်စီး ကလည်း ပါဝင် နေပါသေးတယ်။ အဓိက ချို့ယွင်းသွားတဲ့ နည်းပညာပိုင်းတွေ ကတော့ Airbag Control Unit ( ACU ) လို့ ခေါ်တဲ့အပိုင်းဖြစ်ပြီး ဆားကစ်ပြားပေါ်က EEPROM အပိုင်းနဲ့ ချိတ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ချို့ယွင်းမှုကနေ တစ်ဆင့် EEPROM ကိုပါ ထိခိုက် သွားစေနိုင်တာပါ။ တကယ်လို့ ဒီပြ ဿနာ ကြုံလာခဲ့ပြီ ဆိုရင်တော့ Airbag သတိပေး အချက်ပြမီး လင်းလာမှာဖြစ်ပြီး Trouble Code B1620 ဆိုပြီးလည်း ပေါ်နေပါလိမ့်မယ်။ တကယ်လို့ ပြန်လည် ပြင်ဆင်ရမယ့် အဆင့်ဖြစ်နေပြီ ဆိုရင်တော့ မတော် လို့ ယာဉ် မတော်တဆ ဖြစ်ခဲ့ရင်အသက်ကယ် လေအိတ်က လုံးဝပွင့်လာတော့မှာ မဟုတ်ပဲ အန္တရာယ် အတော်ကြီးသွား ပြီ ဖြစ်ပါတယ်။
အခု ပြဿနာထဲ ပါဝင်နေရတဲ့ ကားပိုင်ရှင်တွေထံကိုတော့ လာမယ့် ၂၀၂၂ မတ်လ ၂၁ ရက် နေ့စကလို့ ဆောင်ရန် ရှောင်ရန်တွေနဲ့အတူ တစ်ပါတည်းအကြောင်းကြား ပေးသွားတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ACU အပိုင်းကို သေချာ စစ်ဆေးပေးမှာ ဖြစ်ပြီး လိုအပ်တယ် ဆိုရင်တော့ Software ကို Update တင်ပေး တာ ဒါမှမဟုတ် လုံးဝအသစ် လဲလှယ်တာမျိုးကို အခမဲ့လုပ်ပေးမှာပါ။ ဒါပေမယ့် အခု ပြန်လည် သိမ်းဆည်း ရမယ့် စာရင်းထဲ ပါလာတဲ့ ကားတွေသာ အကျိုးသက်ရောက်မှာ ဖြစ်ပြီး နောက်ပိုင်း 2019 Sedona နဲ့ Soul၊ Forte 2020 Model တွေမှာ ဆိုရင်တော့ ACU အသစ်တွေကို အဆင့်မြှင့် ပေးထားတာကြောင့် ပြဿနာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ Soul EV ကားကတော့ တောင်ကိုရီးယားမှာ တောင်ဆက် လက် မရနိုင်တော့ပဲ Forte Koup ဆိုရင်လည်း ဆက်လက်မထုတ်လုပ်တော့တာ တွေ့ရပါတယ်။ လက်ရှိမှာ တော့ အခု ပြဿနာကြောင့် မတော်တဆဖြစ်ရတယ် ဆိုတာတွေ မကြား သိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည်သိမ်းဆည်းရမယ့် ကားအစီးရေ ၄၁၀,၀၀၀ ကျော် ဆိုတာ တကယ် များပေမယ့် ယခင်တုန်းက ယာဥ်မောင်းနှင်သူ အများအပြားကို ဒဏ်ရာရစေခဲ့တဲ့ Takata Airbag လောက်တော့ မဆိုးရွား သေးဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com

