တောင်ကိုရီးယား ကား ကုမ္ပဏီကြီး Kia ကတော့ သူတို့ရဲ့ အနာဂါတ် လျှပ်စစ်ကား ရည်မှန်းချက်တွေ အကြောင်းကို ချပြရင်းနဲ့ပဲ All-New Electric Model အသစ်တစ်စီးဖြစ်တဲ့ Kia EV 9 အကြောင်းတရားဝင် ချပြလာခဲ့ပါတယ်။ အဆိုပါ ကားကိုတော့ ကြီးမားတဲ့ Flagship SUV ကားကောင်း တစ်စီး ဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ လော့အိန်ဂျလိစ် ကားပြပွဲ ကြီးမှာ Concept Version ကို ပြသခဲ့ပါတယ်။ အဆိုပါ ကားကို တော့ လာမယ့် ၂၀၂၃ အရောက်မှာ စတင်ပွဲထုတ် တော့မှာပါ။ ဒါ့အပြင် အခု တရားဝင် ကြေညာခဲ့တဲ့ ပွဲမှာပဲ Hyundai Seven Concept SUV တစ်စီး ဖြစ်တဲ့ Hyundai Ioniq 7 ကိုလည်း လာမယ့် ၂၀၂၄ မှာ စတင် ထုတ်လုပ် လာလိမ့်မယ်လို့ပါ တစ်ပါတည်း အတည်ပြု သွားခဲ့ပါတယ်။

 

Kia EV 9 ကားကြီးကတော့ Range အရဆိုရင် တစ်ကြိမ်အားသွင်းရုံနဲ့  ၃၃၆ မိုင် လောက်အထိ မောင်းနှင် နိုင်မယ်လို့ သိထားရပေမယ့် ဘက်ထရီ ပမာဏ ဘယ်လောက်အထိ ထည့်ပေးထားမယ်ဆိုတာကိုတော့ အသေအချာ မသိရသေး ပါဘူး။ ကားက အတော်လေးကို ကြီးတယ်ဆိုပေမယ့် တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန်တင်မောင်းနှင်နိုင်ဖို့ကို ၅ စက္ကန့် ဝန်းကျင်လောက်ပဲ ကြာမြင့် နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Kia ဘက် ကတော့ အဆိုပါ ကားမှာ အမြန် အားသွင်း စနစ်ကိုလည်းထည့်ပေးထား ဦးမယ်လို့ သိရတာကြောင့် ကီလို မီတာ ၁၀၀ နှုန်းလောက် မောင်းနှင်နိုင်ဖို့ကို ၆ မိနစ် လောက်ပဲ အားသွင်းရုံနဲ့တင် ရနိုင်မယ်လို့ ဆိုထားပါ တယ်။ Kia Concept EV 9 မှာ တုန်းကလည်း ဘက်ထရီ အား ၁၀ ရာခိုင်နှုန်းကနေ ၈၀ အထိ ရောက်ဖို့ကို မိနစ် ၂၀ ကနေ ၃၀ လောက်ပဲ အချိန်ယူ အားသွင်းရမယ်လို့ ဆိုခဲ့ဖူးတာ ကြောင့် အတော်လေး အားသွင်းမြန် တဲ့ ကားကောင်းတစ်စီးတော့ ဖြစ်လာနိုင်ပါတယ်။

Photo Credit: InsideEVs

EV 9 ကတော့ Kia Brand အတွက် လုပ်ဆောင်ချက် အသစ်အသစ်တွေကိုပဲ ယူဆောင် တစ်ခေတ်ဆန်း ပေးလာမယ့် ကား တစ်စီးဖြစ်ပြီး OTA Update တွေနဲ့လည်း တောက်လျှောက် အဆင့်မြှင့်တင်ပေးနေဦးမှာ ဖြစ်ကာ FoD လို့ ခေါ်တဲ့ အားပေးသူတွေတောင်းဆိုသမျှ လုပ်ဆောင် ချက်တွေကို ရနိုင်သလောက် ထည့် သွင်းပေးလာဦးမှာပါ။ အထူးသဖြင့် နောက်ပိုင်းမှာတော့ AutoMode Autonomous မောင်းသူမဲ့ နည်းပညာ ကိုလည်း ဆက်တိုက် ရလာဖို့ ရှိပါတယ်။ AutoMode ဆိုတာကတော့ အစပိုင်းမှာ ဟိုင်းဝေးလမ်းတွေပေါ်မှာ သာ သုံးနိုင်သေးတဲ့ မောင်းသူမဲ့ စနစ်တစ်ခု ဖြစ်ပြီး အဝေးပြေးလမ်းတွေ ပေါ်ရောက်တာနဲ့ ယာဉ်မောင်း အကူအညီလုံးဝ မလိုပဲ မောင်းနှင်နိုင်လိမ့်မယ်လို့ ဆိုထားတာပါ။ Auto Lane Change ဆိုတဲ့ လုပ်ဆောင် ချက်ကိုလည်း ထည့်သွင်းပေးထားဦးမှာ ဖြစ်တာကြောင့် လမ်းအခြေအနေကို ကြည့်ပြီး လမ်းကြောင်းပြောင်း ယူတာမျိုးတွေလည်း ကားကလုပ်ဆောင်နိုင်မှာဖြစ်ကာ အတော်လေးတော့ အဆင့်မြင့်လျှပ်စစ် ကားကောင်း တစ်စီး ဖြစ်လာဖို့ ရှိနေပါပြီ။ အဆိုပါ Kia EV 9 ကို ထုတ်လုပ်လာမယ် ဆိုရင်တော့ Hyundai Motor Group ဆီက Electric Global Modular Platform (E-GMP) အပေါ်မှာပဲ အခြေခံဖို့ များလာနေပြီး လက်ရှိ Kia EV 6 နဲ့ အခြားသောကားသစ်တွေမှာလည်းသုံးလာနေတဲ့ Platform အသစ်တစ်ခု ဖြစ်ပါ တယ်။

Ref: InsideEVs