Jetour ကတော့ တရုတ်ကားဈေးကွက်အတွက် အသစ်ထွက်ရှိလာမယ့် Jetour Dasheng SUV ကားရဲ့ ပထမဆုံး ပုံရိပ်တွေကို ထုတ်ဖော်ပြသလာခဲ့ပြီး အဆိုပါကားက ၂၀၂၂ ရဲ့ တတိယ ၃ လပတ်လောက်မှာ ထွက်ရှိလာမှာပါ။ Jetour က Chery Auto ရဲ့ လက်အောက်က SUV Brand တစ်ခုဖြစ်ပြီး လက်ရှိအချိန် မှာတော့ Petrol ၊ PHEV နဲ့ EV Power Trains တွေကို အသုံးပြုတဲ့ မတူညီကြတဲ့ SUV ၉ မျိုးကို ရောင်းချ နေတာဖြစ်ပါတယ်။ Dasheng က လူငယ်မျိုးဆက်ဖြစ်တဲ့ Gen Z တွေအတွက် အဓိက ရည်ရွယ်ထွက်ရှိလာ တဲ့ Jetour ရဲ့ ပထမဆုံး New Line ကားလည်း ဖြစ်ပါတယ်။

Photo Credit: CarNewsChina

Jetour Dasheng ကားရဲ့ အသွင်ကတော့ လူငယ်မျိုးဆက်သစ်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် Cut Lines တွေ၊ Roff Spoiler နဲ့ Diffuser-Style Bumper တွေက Sporty ဆန်တဲ့အရသာကို   ကျန် Jetour Lineup ကားတွေထက် ပိုမို ပေးစွမ်းနိုင်တာ အသေအချာပါပဲ။ ဒါ့အပြင် Pop-Out တံခါးလက်ကိုင်တွေနဲ့ လက်မ ၂၀ ရှိ ကြီးမားတဲ့ အလွိုင်းဘီးတွေလည်း တပ်ဆင်ပေးထားပါသေးတယ်။ Dasheng က Kunlun Architecture အသစ်ကို အခြေခံ ဖန်တီးထားတဲ့ ပထမဆုံး Jetour Brand ဥားတစ်စီးဖြစ်ပြီး အဆိုပါ Architecture ကတော့ အမျိုးမျိုးသော ကိုယ်ထည် ပုံစံတွေနဲ့ Power Traings တွေကို အထောက်အပံ့ပေး ထားတာ ဖြစ်ပါတယ်။ Jetour က အဆိုပါ Architecture ကို ကားအသစ် စီးရီးတစ်ခုလုံးအတွက် အသုံးပြု မှာဖြစ်ပြီး Pickup Trucks တွေကနေ Cool 4×4 Off-Roaders တွေအထိ အသုံးပြုသွားမှာပါ။ Dasheng ကားရဲ့ Power Train ကတော့ 1.5 Turbo ၊ 1.5 Turbo PHEV နဲ့ 1.6 Turbo ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာ ဖြစ်ကာ Base Version က Front-Wheel Drive နဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး High-End Version ကတော့ Four-Wheel Drive စနစ်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

Photo Credit: CarNewsChina

Jetour Dasheng ကားကိုတော့ အခုလမှာ ကျင်းပမယ့် ဘေဂျင်း Auto Show မှာ တရားဝင်ထုတ်ဖော်ပြသ လာဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် အဆိုပါ Show ပွဲက နှောင့်နှေးသွားခဲ့ရတဲ့ အတွက် Media ပေါ်ကနေပဲ ထုတ်ဖော်ပြသလာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina