Jetour ကတော့ Jetour Dasheng လို့အမည်ပေးထားတဲ့ Compact SUV ကားကို တရုတ်ဈေးကွက်အတွင်း စတင်မိတ်ဆက်လာခဲ့ပါပြီ။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ 14,700 ကနေ 24,400 အထိ ရှိမယ့် Trim ၈ မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး Base Version က Front-Wheel Drive စနစ်နဲ့ ရရှိနိုင်မှာဖြစ်ကာ High-End Version ကိုတော့ Four-Wheel Drive စနစ်နဲ့ ရရှိနိုင်မှာပါ။ ၂၀၁၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Jetour က Chery Automobile ရဲ့ လက်အောက်က Brand တစ်ခုဖြစ်ပြီး Dasheng ကားက Jetour ရဲ့ Kunlun Architecture အပေါ် အခြေခံ ဖန်တီးထားတဲ့ ပထမဆုံးကားလည်း ဖြစ်ပါတယ်။ အဆိုပါ Architecture က အမျိုးမျိုးသော ကားကိုယ်ထည်ပုံတွေနဲ့ Power Trains တွေကို ထောက်ပံ့ပေးနိုင်ပြီး Pickup Truck တွေ၊ SUV တွေနဲ့ 4×4 Off-Roaders ကားသစ်တွေမှာ အသုံးပြုသွားမှာပါ။

Photo Credit: CarNewsChina

ကားရဲ့ နံဘေးဖက်မှာတော့ Cut Lines တွေနဲ့ Pop-Out တံခါးလက်ကိုင်တွေပါဝင်လာပြီး ကြီးမားတဲ့ လက်မ ၂၀ ရှိ အလွိုင်းဘီးတွေကြောင့် ပိုပြီး Sport ဆန်သွားစေပါတယ်။ အရှေ့ဖက်မှာတော့ Split-Headlight ဒီဇိုင်းနဲ့ ဘောင်မဲ့ Grille ကိုအသုံးပြုထားသလို အနောက်ဖက်မှာတော့ ပုံမှန်မဟုတ်တဲ့ Taillights ပုံစံတွေနဲ့ Roof Spoiler ကိုတွေ့ရမှာပါ။ အတွင်းပိုင်းကိုတော့ Minimalist ဒီဇိုင်းအသုံးပြုထားကာ တတိယ မြောက် မျိုးဆက် စွမ်းဆောင်ရည်မြင့် Snapdragon Chip တပ်ဆင်ပေးထားတဲ့ ၁၅.၆ လက်မရှိတဲ့ Centrol Screen ပါဝင်လာပြီး AutoNavi ၊ Tencent နဲ့ Baidu Navigation Maps တွေကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ၈ လက်မ LCD Screen ၊ HUD Head-Up Display နဲ့ အောက်ခြေပြား စတီယာတိုင်၊ Voice Recognition စနစ်၊ ကြိုးမဲ့ Charging Pad တွေနဲ့ Level 2+ အဆင့် Driving Assistance Functions တွေပါဝင်လာမှာပါ။ ကားရဲ့ Trim တိုင်းမှာတော့ Sunfoof ကို စံသတ်မှတ်ချက်အနေနဲ့ ထည့်သွင်းပေးထားသလို အရှေ့ဖက်ထိုင်ခုံတွေရဲ့ Headrest နံဘေးတစ်ချက်မှာတော့ စပီကာတွေတပ်ဆင်ပေးထားမှာ ဖြစ်ပါ တယ်။

Photo Credit: CarNewsChina

Jetour Dasheng ကားကိုတော့ Fuel နဲ့ကော PHEV Plug-In Hybrid Version အနေနဲ့ပါရရှိနိုင်မှာဖြစ်ပြီး Fuel Version မှာဆိုရင် 156hp နဲ့ 230 Nm Torque အထိ စွမ်းဆောင်နိုင်မယ့် 1.5T +6MT/6CDT အင်ဂျင်နဲ့ 197 hp နဲ့ 290 Nm Torque စွမ်းဆောင်နိုင်မယ့် 1.6T+7CDT အင်ဂျင်ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ PHEV Version ကတော့ 326 hp နဲ့ 565 Nm Torque အထိစွမ်းဆောင်နိုင်မယ့် 1.5T အင်ဂျင်ကိုမှ 3-Speed DHT Gearbox ကိုတွဲဖက်ပေးထားမှာဖြစ်ကာ လျှပ်စစ်စွမ်းအင်သီးသန့်နဲ့ဆိုရင် 100 km အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး ဆီစားနှုန်းကတော့ 100 km ကို တစ်လီတာနှုန်းရှိမှာ ဖြစ်ပါတယ်။

Ref: CarNewsChina