Jeep ကနေ Wrangler Rubicon 392 ကားကို ၂၀၂၁ မှာ စတင် ထုတ်ပေးခဲ့စဉ်တုန်းက အတော်လေး လိုချင်သူများ ခဲ့ကြတဲ့ ကားဖြစ်ခဲ့ပြီး နောက်ပိုင်းမှာလည်း Wrangler ကားတွေထဲ V8 Engine သုံးထားတဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် ကားရဲ့ တစ်ခုတည်းသော ပြဿနာက ဈေးများလွန်းနေတာပါပဲ။ Wrangler Rubicon 392 ရဲ့ Launch Edition ကဆိုရင် $ 73,500 အထိ ဈေးရှိတာဖြစ်ပြီး Ram TRX ကားထက်ကိုပဲ အတော်လေး သိသိသာသာ ဈေးများ နေတာပါ။ ဒါကိုမှ Destination Charge အဖြစ် $ 1,495 ကိုသာ ထပ်ပေါင်း ရဦးမယ်ဆိုရင် $ 74,995 ပမာဏ နဲ့ အခုလို လမ်းကြမ်းမောင်း ကားတစ်စီးဝယ်ရမလိုကို ဖြစ်နေတာပါ။ ဒါပေမယ့် အခုလိုမျိုး ဈေးများလွန်းတဲ့ Rubicon 392 ကားကို မဝယ်နိုင်သေးသူတွေ အဖို့တော့ ဝယ်နိုင်လောက်မယ့် ကားလေးတစ်စီး ထပ်ထွက်လာပါပြီ။ အဲ့ဒါ ကတော့ အဆိုပါ ကားရဲ့ ပုံစံတူ သစ်သားကားလေးပါပဲ။

အဆိုပါ သစ်သား ကားလက်ရာလေးကိုတော့ လှသလောက် ကြံ့ခိုင်စွမ်းဆောင်နိုင်တယ် မာတယ်ဆိုတဲ့ နာမည်နဲ့ အတူ Woodworking Art တို့က ဖန်တီးချပြထားခဲ့တာပါ။ အဆိုပါ ဗီယက်နမ် YouTube Channel ကနေ ယခင် တုန်းကလည်း ကားအမျိုးမျိုးရဲ့ သစ်သား ကားမော်ဒယ်လေးတွေကို ဖန်တီးကာ ဖော်ပြခဲ့ဖူးပြီး V 8 Engine သုံး တံခါး လေးပေါက်ပါ Wrangler Rubicon အစစ်နဲ့ တကယ်ကို ဘာမှမကွာသလို ထပ်တူညီနေပါတယ်။ ၉ မိနစ် ကြာတဲ့ အခု Video  လေးမှာတော့ ပုံစံတူ ကားလေးရအောင် သစ်သား အကြမ်းတုံးကြီးအဖြစ်ကနေ အဆင့်ဆင့် ဖန်တီးယူခဲ့ရပုံကို သေချာ ဖော်ပြထားပါတယ်။ တကယ်ကို အံ့အားသင့်ရမယ့် အပိုင်းကတော့ အသေးစိတ် အပြင်အဆင်တွေ အထိ ထွင်းထု ပေးထားနိုင်တဲ့ အချက်ပါပဲ။ အထူးသဖြင့် Eight-Cylinder Hemi Engine ကြီးကိုပါ စက်ဖုံး အောက်ထဲမှာ ပုံစံ တူရအောင် ထွင်းတုပေးထား သေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု သစ်သားကားလေးမှာ အကြိုက်ဆုံးအချက် ဖြစ်နေတာကတော့ ပြတင်းပေါက်တွေက တိုးလျှိုပေါက် ဖြစ်နေလို့ အတွင်းခန်းထဲ အထိ သေချာမြင်တွေ့ နေရတာပါပဲ။ တကယ်လို့ ဒီလို အတွင်းထဲ ချောင်းကြည့် နေရတာကိုမှ အားမရ သေးဘူး ဆိုရင်တော့ တကယ့်အပြင်က ကားလိုပဲ ဖြုတ်တပ်လို့ရတဲ့ အမိုး ဖြစ်အောင် လုပ်ပေးထား သေးတာကြောင့် ဖြုတ်ကြည့်လို့ ရပါသေးတယ်။ အခု Video မှာ နောက်ခံ စကားပြောပေးနေတဲ့ သူတွေကတော့ အခုကားလေးကို အတော်လေးလိုချင် နေကြပြီ ဖြစ်ပါတယ်။ တကယ်လို့ ဒီ ကားပုံတူလေးကို သင်လည်းဝယ်ချင်ပြီ ဆိုရင်တော့ မဖြစ်နိုင် ဘူး ဆိုတဲ့ သတင်းဆိုးလေးပဲ ပြောပြရတော့မှာပါ။ အကြောင်း ကတော့ Woodworking Art အနေနဲ့ အခုလိုမျိုး သစ်သား ကားပုံစံတူလေးတွေကို အခုအချိန်အထိ မရောင်းချသေးဘူးလို့ ဆိုထားလို့ပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(23) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube