ကားလောကကို ပြောင်းလဲပေးနိုင်ခဲ့ဖူးတဲ့ Hellcat Engine တွေကို ဖန်တီးပေးခဲ့တဲ့ Dodge ကိုတော့ တကယ် ကျေးဇူးတင်ရမှာ ဖြစ်ပြီး အဆိုပါ အင်ဂျင်တွေရဲ့ ဂုဏ်သိက္ခာပိုင်းကလည်း နှစ်ပေါင်းများစွာ အတော် လေး ကြာရှည်ခံ ခဲ့တာပါ။ ဒါ့အပြင် အမေရိက‌လို ကားဈေးကွက် ကြီးထဲမှာ ဆိုရင်လည်း အတော်လေးကို စွမ်းဆောင်ရည် ကြီးမားတဲ့ အဆိုပါ အင်ဂျင်နဲ့ ကားသစ်တွေ ထွက်လာခဲ့ဖူးပြီး တစ်ချို့ဆိုရင်လုံးဝကို မမျှော် လင့် ထားနိုင်တဲ့ ကားမျိုးတွေပါ မြင်ခဲ့ ရတာပါ။ အဆိုပါကားတွေထဲ ကမ္ဘာပေါ်မှာ စွမ်းဆောင်ရည် အမြင့်ဆုံး SUV ဖြစ်ခဲ့တာကတော့ Durango Hellcat ဖြစ်ပါတယ်။ ထူးခြားတာ ကတော့ အဆိုပါ အင်ဂျင်နဲ့ အတူ Trackhawk ဆိုတဲ့ ကားကိုလည်း နာမည်ကျော် Jeep တို့က ဖန်တီးခဲ့ ဖူးသေးတာ ပါပဲ။ ဒါပေမယ့် အခု ကားကတော့ လတ်တလော ဆက်မရှိတော့တာ ကြာပြီဖြစ်ပြီး အခုတော့ ပြန်လည် မြင်တွေ့လာရနိုင်ချေ လည်း ရှိလာ ပြန်ပါတယ်။ အဆိုပါ ကားကို ဆက်မထုတ် ထား‌ပေမယ့်လည်း လမ်းကြမ်းပိုင်း ပိုပြီး ဦးစားပေး ထားတဲ့ Trailhawk ဆိုတဲ့ ကားကိုတော့ Jeep တို့ ဖန်တီးပေးထား ပါတယ်။ လတ်တလောမှာတော့ CarBuzz ရဲ့ ရှာဖွေတွေ့ရှိမှုတွေ အရ ဆိုရင် Hawk ဆိုတဲ့ နာမည်တင်မကပဲ ပိုကောင်းပြီး ပိုစိတ်လှုပ်ရှားဖို့ ကောင်းတဲ့ နာမည် အသစ်နဲ့ ကားအသစ်ကို Jeep တို့ မှတ်ပုံတင်ထားပြီ ဆိုတာ သိရှိခဲ့ရပါပြီ။

Photo Credit: CARBUZZ

အဆိုပါ ကားရဲ့ နာမည်ကတော့ Tomahawk ဆိုတာ ဖြစ်ပြီး ယခင်တုန်းက FCA ရဲ့ ထုတ်ကုန်ကားတွေ အကြောင်း သိခဲ့တယ်သူ ဆိုရင်တော့ ဒီနာမည်ကို ရင်းနှီးပြီးသား ဖြစ်နေနိုင် ပါတယ်။ အဆိုပါ နာမည်ကို တော့ Dodge နဲ့ SRT တို့က သုံးခဲ့ဖူးတာ ဖြစ်ပြီး အခုဒီနာမည် ပြန်မြင်ရတာကတော့ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဖြစ်နိုင်တာ တစ်ခုကတော့ Dodge ရဲ့ နောက်ထွက်လာမယ့် လျှပ်စစ် ကားသစ်တွေ ထဲက တစ်မျိုးအတွက် ဖန်တီးတာ ဖြစ်နိုင် သလို စွမ်းဆောင်ရည် မြင့် Hybrid ဒါမှမဟုတ် လျှပ်စစ်သီးသန့် SUV တစ်မျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ပထမဆုံး ယူဆလို့ ရတာတစ်ခုကတော့ Limited Edition ကားတစ်စီးဖြစ်နိုင်ပြီး Trackhawk ရဲ့ အထက်မှာ ရပ်တည်လာနိုင်တဲ့ အခုလို စွမ်းဆောင်ရည် အကြမ်းစားနဲ့ Grand Cherokee လည်း ဖြစ်လာနိုင်သေးတယ် ဆိုတာပါ။ ဒါပေမယ့် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက ဝောာ့ ယခင် ကတည်းက အရမ်းကို စိတ်လှုပ်ရှား မျှော်လင့်နေကြတဲ့ စွမ်းဆောင်ရည် မြင့် Jeep Grand Wagoneer ဖြစ်လာမှာလား ဆိုတာပါပဲ။

Photo Credit: CARBUZZ

မကြာသေးမီ ကလည်း ကမ္ဘာပေါ်မှာစွမ်းဆောင်ရည် အကောင်းဆုံးသော SUV ကား တစ်စီး ဖြစ်တယ် ဆိုတဲ့ ဂုဏ်ပုဒ် တွေနဲ့ တကယ့်ပြိုင်ဘက် Cadillac Escalade-V တို့ ကလည်း သတင်းမွှေး နေခဲ့တာကြောင့် Stellantis တို့ ကလည်း General Motors ဆီက အဆိုပါ ဂုဏ်ပုဒ်ကို ပြန်ပြီး အနိုင်ယူ ပြချင်လာပုံ ရပါ တယ်။ တကယ်လို့သာ 840 hp အထိ ရှိတဲ့ Jeep Wagoneer ကို အမှန်တကယ် မြင်ခဲ့ရရင် Escalade-V ကို ကောင်းကောင်း နောက်ကောက် ချနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် Dodge အတွက်ကလည်း ရှေ့လျှောက် အလန်းစားလျှပ်စစ် ကားသစ် ပြင်ဆင်မှုတွေ လုပ်ဖို့ ရှိနေသေးတာကြောင့် Wagoneer Tomahawk နဲ့အတူ Internal Combustion Engine တွေကို ခပ်ကြမ်းကြမ်း နှုတ်ဆက်လိုက်တာ ကလည်း နည်းလမ်းကောင်း တစ်ခု ဖြစ်လာနိုင်တာပါ။ လက်ရှိမှာတော့ နာမည်ပဲ မြင်ထား ရသေးတဲ့ အနေအထားမှာ အမျိုးမျိုး တွေးစရာ တွေ ရှိနေဦးမှာ ဖြစ်ပြီး လုံးဝ ထင်မထားတဲ့အရာ တစ်ခုခုလည်း ဖြစ်လာ နိုင်သေးတာကြောင့် သေချာ စောင့် ကြည့်ရတော့မယ့် ထုတ်ကုန်သစ် တစ်မျိုး ဖြစ်လာခဲ့ပါပြီ။

Ref: carbuzz.com