Jeep ကတော့ Wrangler High Tide Model ကားသစ်နဲ့အတူ အထူးထုတ် Jeep Beach Trim အသစ်တွေကို တစ်ပြိုင်တည်း ချပြလာခဲ့ပါတယ်။ High Tide ကားဆိုတာကတော့ နဂို Sport S ကားပေါ် အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး အင်ဂျင်ပိုင်းကတော့ 3.6 Liter Pentastar  အင်ဂျင်ကို တပ်ဆင်ထားကာ Eight-Speed Automatic ဂီယာ နဲ့လည်း တွဲဖက်ပေးထား ပါသေးတယ်။ အခုကားအတွက် Xtreme Recon Package ဆိုတာကိုလည်း ရရှိသေးတာ ဖြစ်ပါတယ်။ အဆိုပါ Package မှာတော့ ၃၅ လက်မအရွယ် BF Goodrich တာယာတွေ ၊ ၁၇/၈ လက်မအရွယ် Beadlock ဘီးတွေ ၊ 4.56 အနောက်ဝင်ရိုး ဂီယာ ၊ ၁.၅ လက်မအရွယ် Factory Elevation ၊ စိတ်ကြိုက်ပြင်ဆင်မှု လုပ်နိုင်သေးတဲ့ Suspension Tuning ၊ ဆန့်ထုတ်နိုင်ပြန်တဲ့ Hinge-Gate ၊ Jack Spacer နဲ့ တာယာ ပြန်တပ်လို့ရမယ့် Relocation Kit စသဖြင့် အတော်လေးကို စုံစုံလင်လင် ပါဝင်လာတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

High Tide ကားဆိုတဲ့ အတိုင်းပဲ အမိုးကိုင်း အလန်းစားတွေ ၊ LED ရှေ့မီးကြီးတွေနဲ့ Fog Lights တွေလည်း ပါဝင်လာ ပါတယ်။ အခုနေ စတင်မှာယူမယ် ဆိုရင်တော့ $ 51,540 ကနေ ကျသင့်မှာဖြစ်ကာ နောက်ထပ် Jeep Beach ကားသစ်ကတော့ အဆိုပါ High Tide Trim ကိုပဲ ပိုပြီး ထပ်ထည့် အဆင့်မြှင့်ထားတာပါ။ Jeep Beach ဆိုတဲ့ အင်ဂျင်စက်ဖုံး ၊ Katzkin လယ်သာ ထိုင်ခုံတွေ ၊ ကားကိုယ်ထည်နဲ့ တစ်ရောင်တည်း Fender တွေ ၊ Jeep Beach 20th Anniversary ဆိုတဲ့ စာသား အပြင်အဆင်တွေနဲ့အတူ Jeep Beach Swing Gate ပြားတွေကိုလည်း အခု Jeep Beach ကားသစ်မှာ မြင်နိုင်မှာပါ။ ဒါပေမယ့် အစီးရေ ၅၀၀ ပဲ သီးသန့် ထုတ်လုပ်မယ့် အထူးထုတ် ကား တစ်စီးဖြစ်တာကြောင့် သာမန်ကားတွေထက်တော့ ဈေးပိုများနေမှာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အဆိုပါ ကားကတော့ $ 54,040 အထိ ကျသင့်မှာဖြစ်ပြီး ကား ၂ မျိုးလုံးမှာတော့ Hydro Blue ဆိုတဲ့ အပြာရောင် ၊ High Velocity ၊ Black ၊ Bright White ၊ Punk’n နဲ့ Sting Gray ဆိုတဲ့ အရောင် ၆ ရောင် အထိကို ရရှိ နိုင်ပါလိမ့်မယ်။ အဆိုပါ ကား ၂ မျိုးလုံးကို ချပြရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ Jeep Brand အရေးကြီးတဲ့ အောင်မြင်မှု Jeep Beach နှစ် ၂၀ ပြည့် နှစ်ပတ်လည်အတွက်ပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts