လာမယ့် ၂၀၂၅ အရောက်မှာ ရှိသမျှ SUV Lineup တွေထဲ လျှပ်စစ်ကားသစ်တွေ ဖြစ်အောင် ထုတ်လုပ်ပေးမယ်လို့ ကတိပေးထားတဲ့ Jeep တို့ကြောင့် လက်ရှိ ရှိပြီးသား ကားမော်ဒယ်တွေကို လျှပ်စစ်ကားအဖြစ် ကူးပြောင်းမယ်လို့ပဲ အလွယ်တကူ နားလည်ထား ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Lineup တွေထဲ ကားအသစ်တွေပါ ထည့်လိုက်တာဖြစ်ပြီး အခုဆိုရင် Avenger Urban Rundabout ၊ Wrangler-Esque Recon Off-Roader နဲ့ Wagoneer S လို့ Code-Name ပေးထားတဲ့ ဈေးကွက်အမြင့်ပိုင်းက Wagoneer လျှပ်စစ်ကားတွေကို မြင်လာရပါပြီ။

                                                                                                                                                             Photo Credit: MotorAuthority

အဆိုပါ ကားတွေထဲ Avenger ကားသစ်က အရင်ထွက်လာမှာ ဖြစ်ပြီး ၂၀၂၃ အစောပိုင်းမှာ ဥရောပဈေးကွက်နဲ့ နောက်ပိုင်းမှာ အာရှဈေးကွက်တွေထဲ ဆက်ရောက်လာမှာဖြစ်ကာ အမေရိကဈေးကွက်တွေ အတွက် တော့ မသေချာ သေးပါဘူး။ တရားဝင် မိတ်ဆက်ပွဲကိုတော့ လာမယ့် အောက်တိုဘာ ၁၇ မှာ ကျင်းပမယ့် 2022 ပဲရစ်ကားပြပွဲမှာ ပြုလုပ်မှာ ဖြစ်ပြီး ထုတ်လုပ်မှုတွေကိုတော့ ပိုလန် နိုင်ငံက စက်ရုံမှာ အခြေစိုက်မှာပါ။ အဆိုပါ ကားလေးကတော့ ယခင်ကတည်းက Prototype Form အနေနဲ့ မြင်ထားဖူးတဲ့ Subcompact ကားတစ်စီးဖြစ်ပြီး Jeep ရဲ့ မိခင်ကုမ္ပဏီကြီး Stellantis ရဲ့ CMP Platform ပေါ် အခြေခံ ထုတ်လုပ်ထားကာ တစ်ချို့ ဈေးကွက်ထဲမှာတော့ Internal Combustion Engine နဲ့ ထုတ်လုပ်ထားပါတယ်။ အမေရိက ဈေးကွက်ထဲ လာမယ့် ၂၀၂၃ မှာရောက်လာမယ့် ကားတွေအဖြစ်ကိုတော့ Recon နဲ့ Wagoneer S ကားသစ်တွေ အဖြစ် ဖော်ပြထားပြီး မြောက်အမေရိကရဲ့ စက်ရုံ တွေမှာပဲ ထုတ်လုပ်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် အဆိုပါ ကား ၂ မျိုးလုံးက ဥရောပနဲ့ အခြားဈေးကွက်တွေထဲ ရောက်ဖို့လည်း သေချာနေသလို အချိန်အတိအကျကို တော့ နောက်ပိုင်းမှ သိရနိုင်ပါတယ်။

                                                                                                                                                                  Photo Credit: MotorAuthority

Recon ကားဆိုတာကတော့ လက်ရှိ Wrangler ကားရဲ့ လျှပ်စစ်မျိုးကွဲဖြစ်ကာ Stellantis ရဲ့ ပိုကြီးတဲ့ STLA Platform ပေါ် အခြေခံထုတ်လုပ်ထားမှာပါ။ ပိုပြီး အဆင့်မြင့်တဲ့ Jeep Selec-Terrain Traction ပိုင်း ၊ e-Locker Axle ၊ ကားကိုယ်ထည် အောက်ခံ အကာတစ်ထပ် ၊ Tow Hooks တွေနဲ့ လမ်းကြမ်းတာယာတွေလည်း ပါဝင်လာ ဉီးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြုတ်တပ်လို့ရမယ့် တံခါးတွေနဲ့ အလိုအလျောက် အဖွင့် အပိတ် လုပ်လို့ရမယ့် ကား အမိုး တွေကိုလည်း တပ်ဆင်ပေးထား ဉီးမှာပါ။ Wagoneer S ကားကတော့ အရွယ်အစား အလယ်အလတ် ရှိတဲ့ Electric SUV ဖြစ်ပြီး Wagoneer ကိုမှ ပိုပြီး ဇိမ်ခံ အရသာပါအောင် ထည့်ပေးသွားနိုင်မယ့် ကားတစ်စီး ဖြစ်ပါတယ်။ Jeep ရဲ့ အဆိုအရတော့ လမ်းကြမ်းမောင်း စွမ်းဆောင်ရည်အပြင် 600 hp စွမ်းဆောင်ရည်နဲ့ တစ်နာရီ မိုင် ၆၀ ရောက်ဖို့ ၃.၅ စက္ကန့်လောက်ပဲ ကြာမယ့် ပမာဏတွေ ကို မျှော်လင့်လို့ ရနိုင်ပါတယ်။ ဒါ့အပြင် တစ်ခါအားသွင်းထားရင်လည်း မိုင် ၄၀၀ လောက်အထိ မောင်းနိုင်ဖို့ ဖြစ်နိုင်ပါသေးတယ်။ အဆိုပါ ကားကလည်း လာမယ့် ၂၀၂၅ အရောက်မှာ အမေရိက နဲ့ အခြားသော ကားဈေးကွက်ထဲ ရောက်လာနိုင်ဦးမှာပါ။ လာမယ့် ၂၀၃၀ အရောက်မှာ အမေရိက ဈေးကွက်ထဲ လျှပ်စစ်ကားပေါင်း ၅၀% နဲ့ ဥရောပမှာ ၁၀၀% ရောင်းချနိုင်ဖို့ လည်း Jeep တို့ ရည်မှန်းထားပါသေးတယ်။ ဒါ့အပြင် လက်ရှိ Compass ၊ Grand Cherokee၊ Renegade နဲ့ Wrangler တို့ရဲ့ 4xe ကား အမျိုးအစားတွေလိုပဲ Plug-In Hybrid ရွေးချယ်စရာ တွေကိုလည်း လာမယ့် ၂၀၂၅ အရောက်မှာ ထုတ်လုပ်ပေးဦးမယ်လို့ ယူဆ ရပါတယ်။ အဓိက ကတော့ ၂၀၃၀ အရောက်မှာ လျှပ်စစ်ကားလုပ်ငန်းအဖြစ် ကူးပြောင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး Stellantis ကုမ္ပဏီ ကြီးကလည်း လာမယ့် ၂၀၂၅ အရောက် အထိကို ဒေါ်လာ ၃၅ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံ ပေးထားပြီး ဖြစ်ပါတယ်။

Ref: MotorAuthority