2023 Jeep Renegade ကားသစ် ကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဈေးနှုန်းတွေကလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် မြင့်တက်လာခဲ့ကာ $ 30,490 ကနေ စတင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုကားကို တကယ်ကြိုက်တဲ့ တကယ့် အမာခံ ပရိသတ်တွေ ဆိုရင်တော့ ဒီထက် ဈေးများရင်တောင် ဝယ်ယူလာကြဖို့ ရှိနေကြပုံပါပဲ။ လက်ရှိမှာ စတင် မှာယူလို့ ရနေပြီဖြစ်တဲ့ အဆိုပါကား မှာတော့ $ 31,085 ကနေ စတင်ကျသင့်မယ့် Special Edition တစ်မျိုးလည်း ပါဝင်လာ ပါသေးတယ်။ အဆိုပါ အထူးထုတ် ကားကတော့ Entry-Level Latitude Trim ကို အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး Trailhawk Bumpers လို လုပ်ဆောင်ချက် မျိုးတွေ အပြင် All-Terrain တာယာ တွေပါလာတဲ့ ၁၇ လက်မ အရွယ် အလူမီနီယံ ဘီးကြီး တွေနဲ့ Matte Black Hood Decal စတာတွေကိုလည်း ထည့်သွင်း ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု Version မှာ နောက်ထပ် ပါဝင်လာတာ တွေ ကတော့ အနက်ရောင် ခပ်ပြောင်ပြောင် Accents လေးတွေ ၊ ကားရဲ့ ထောင့်တွေက Fog Lights မီးတွေနဲ့ Windshield Wiper Deicar တွေ ပါပဲ။ အတွင်းခန်း Cabin ပိုင်းမှာ ဆိုရင်လည်း ၇ လက်မ အရွယ် ဒီဂျစ်တယ် Instrument Cluster ၊ Topographic Pattern ပုံစံ လှလှ လေးတွေ ပါဝင်တဲ့အနက်ရောင် ထိုင်ခုံတွေအပြင် ကြေးရောင် Accents‌ လေးတွေ လှလှပပ ထည့်ပေးထားတာ ကလည်း ကြည့်ကောင်း လွန်းနေ ပါတယ်။ အခြားသော အတွင်းခန်း Features အပိုင်း တွေမှာ ဆိုရင်တော့ ‌Ambient မီးရောင်တွေ ၊ Techno လယ်သာရဲ့ စတီယာတိုင် အပြင် GPS စနစ် ပါပြီးသား ၈.၄ လက်မ အရွယ် Infotainment Screen စသဖြင့် စုံလင် နေဦးမှာပါ။ ကားရဲ့ အင်ဂျင်ပိုင်းကတော့ 1.3 Liter Turbocharged Four-Cylinder အင်ဂျင်ကိုသုံးပေးထားတာကြောင့် 117 hp နဲ့ 210 lb-ft Torque အထိကို စွမ်းဆောင် ပေးလာနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်နဲ့ ကောင်း ကောင်း တွဲဖက်နိုင်ဖို့ အတွက်ကို 9-Speed Automatic ဂီယာ နဲ့ 4WD စနစ်တို့ပါ တွဲသုံးပေးထားတာ ပါ။ အခု Jeep Renegade Upland ကားအသစ် နဲ့ အတူ Jeep ကနေ ယခင် ရှိခဲ့ဖူးတဲ့ Solar Yellow အဝါရောင်လေးလည်း ပြန်ရရှိ နိုင်တော့မှာ ဖြစ်တယ်လို့ပါ ကြေညာ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts