Jeep Grand Cherokee ကား အမျိုးအစားကတော့ ထွက်ထားတာ တစ်နှစ်တောင် မကြာသေးဘူး ဆိုပေ မယ့် ကားကတော့ Mid-Size / Full-Size SUV ဆိုတဲ့ နေရာကိုတောင် ‌ခြေလှမ်း လှမ်းနေပါပြီ။ ဒီဇိုင်းပိုင်း ခန့်ခန့်ညားညား နဲ့ အတူလမ်းကြမ်းပိုင်း မောင်းနှင်နိုင်စွမ်းတွေကြောင့် အဓိကကား Brand တစ်ခုအနေနဲ့ သာမကပဲ ရောင်းအားပိုင်းတွေ မှာပါ ထိပ်ဆုံးကို ရောက်လာနေခဲ့တာ တွေ့ရပါတယ်။ ၂၀၂၁ ရဲ့ ပထမ လေး လပတ် ကာလထဲမှာ ဆိုရင် ကားအစီး ရေ ပေါင်း ၇၅,၁၁၇ စီးအထိ ရောင်းချခဲ့ရပြီး မယုံနိုင်လောက်စရာ ရောင်းအားကို ချပြနိုင်ခဲ့တာဖြစ်ကာ သူ့ရဲ့ Segment ထဲမှာတော့ ရောင်းအား အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာပိုများ ပိုကောင်းတာက‌လည်း ဒီကားအတွက် အားသာချက်တစ်ရပ် ဖြစ်စေပြီး ဝယ်ယူချင်သူ တွေက ထိုင်ခုံ ၂ တန်းတည်းပါတဲ့ မော်ဒယ် ၊ ထိုင်ခုံ ၃ တန်းပါ Wheelbase အရှည် မော်ဒယ်တွေဆိုပြီး ရွေး ချယ်နိုင်တဲ့အပြင် 4xe Plug-In Hybrid ကိုလည်း ‌ထုတ်ပေးထား ပါသေးတယ်။ ဒါ့အပြင် မကြာသေးမီကမှ 4xe Plug-In Hybrid ကား ကတော့ ထူးခြားတဲ့ High Altitude Pack အသစ် ကိုပါ ချပြပေးခဲ့သေးတာ ဖြစ်ပါတယ်။ ရောင်းအားကတော့ တကယ့်ကို အံ့မခန်းအနေနဲ့ ၃၆ % အထိကို မြင့်တက်လာတာ ဖြစ်ပြီး သူ့နောက်မှာတော့ ဒီဇိုင်း ခပ်ကောင်းကောင်းနဲ့ နောက်ထပ် နာမည်ကြီး ကားတစ်စီး Toyota Highlander ရှိနေပြီး သူကတော့ အစီးရေ ၆၆,၀၂၆ စီး အထိ ရောင်းချထားရပါတယ်။

Photo Credit: CARBUZZ

အခု ၂၀၂၂ ရဲ့ ပထမလေးလပတ် ကာလထဲမှာတော့ Ford Explorer ကလည်း အစီးရေ ၄၂,၇၃၆ စီး အထိ ရောင်းချ ထားရပြီ ဖြစ်ပြီး ဒါက များပြားတဲ့ ရောင်းအားလို့တော့ ဆိုလို့ရမှာပါ။ ဒါပေမယ့် သတိထားဖို့ ကောင်းတာကတော့ Ford Explorer ဟာ မနှစ်က ဒီလို ကာလတူရောင်းအားမှာ အစီးရေ က ၆၅,၂၄၄ စီး အထိရှိခဲ့တာ ဖြစ်လို့ ၄၃.၅ % အထိ ကျဆင်း သွားတာပါပဲ။ အခြားသော Ford Lineup ထဲမှာ ဆိုရင်တော့ Edge ကား အသစ်က အထင်ကြီးလောက် စရာ ပမာဏနဲ့ ထိုးတက်လာခဲ့ပြီး လက်ရှိ အချိန်ထိ အစီးရေ ၂၆,၄၁၂ စီး ရောင်းအားနဲ့အတူ ၁၉.၂ % အထိ တက်လာတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ကားကုမ္ပဏီ Hyundai ကတော့ Tucson နဲ့ Venue တို့ရဲ့ ရောင်းအားနဲ့အတူ လက်ရှိအချိန်ထိ အခြေအနေ အတော်လေး ကောင်းနေတာ တွေ့ရပါတယ်။ ဒါတင်မကသေးပဲ အခြားသော ကားမော်ဒယ် တွေဖြစ်ကြတဲ့ Santa Fe နဲ့ Palisade တို့ကပါ ရောင်းအား အတော်လေး ကောင်းလာခဲ့ကြပြီး Santa Fe ဆိုရင် ၂၅,၅၂၈ စီး နဲ့ Palisade ဆိုရင် အစီးရေ စုစုပေါင်း ၂၁,၀၂၅ စီး အထိကို ရောင်းချ ထားနိုင်ခဲ့ကြတာပါ။ အဆိုပါ ကားနှစ်မျိုး ကြားထဲမှာတော့ အစီးရေ ၂၂,၀၇၆ စီး အထိ ရောင်းအားနဲ့အတူ နာမည်ကြီး Telluride အမျိုးအစားတို့ က ရပ်တည်လို့ နေပါတယ်။

Photo Credit: CARBUZZ

ဒီကားဈေးတန်းမှာ အရှုံးသမားကတော့ အစီးရေ ၈,၉၇၅ စီး ပဲ ရောင်းချထားရတဲ့ Nissan Pathfinder ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ပိုကောင်းတဲ့ Rock Creek Model ကွဲကို အဆိုပါ ကားအတွက် အသစ် မိတ်ဆက်ပေးထားပြီ ဖြစ်တာကြောင့် ရောင်းအားတွေ ပိုတက်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် GMC ရဲ့ သက် တမ်းရင့် Acadia ကားဆိုရင်လည်း အစီးရေ ၉,၃၃၆ စီးပဲ ရောင်းချထားရပြီး Discount အသစ်တွေ ချပေး နေတာကြောင့်တော့ ရောင်းအား ပြန်တက်လာနိုင်မလား စောင့်ကြည့်ရဦးမှာပါ။ ကာလတူမှာ ထွက်ပေါ်ခဲ့တဲ့ Nissan Murano ဆိုရင် အစီးရေ ၉,၄၀၃ စီး ပဲ ရောင်းခဲ့ ရပြီး အတော်လေး ရောင်းအား နည်းခဲ့ပါတယ်။ ဒါ့အပြင် ပိုစိတ်ဝင်စားဖို့ ကောင်းတာ က ဒီကားတန်းမှာ နောက်ထပ် ရောင်းအား အနည်းဆုံး ဖြစ်နေကြတာ က ဂျပန် ကားတွေချည်း ဖြစ်နေခဲ့ပြီး အစီးရေ ၁၀,၄၆၃ စီးနဲ့ Mazda CX-9 ၊ အစီးရေ ၁၀,၄၇၄ စီးနဲ့ Honda Passport တို့အပြင် Toyota Venza ( အစီးရေ ၁၀,၈၃၆ ) စီး တို့ပဲ ရောင်းချရတာကို အသီးသီး တွေ့ရမှာ ပါ။ အခု ကားတန်းမှာ ရောင်းအား အကောင်းဆုံးဖြစ်ခဲ့တဲ့ Grand Cherokee အပြင် Full-Size Luxury SUV ကားတန်းမှာ ဆိုရင်လည်း Plusher နဲ့ ပိုကြီးတဲ့ Grand Wagoneer တို့က ရောင်းအား အတော်လေး ကောင်းနေပြန်တာ ဖြစ်ပါတယ်။ Escalade ကားလောက် နာမည်မကြီးပေမယ့်လည်း ကာလတူအတွင်း မှာပဲ Grand Wagoneer တို့က အစီးရေ ၃,၁၆၉ စီး အထိကို ရောင်းချခဲ့ ရတာပါ။ လာမယ့် နှစ်မှာ လည်း Jeep တို့ ကတော့ ပိုကြီးတဲ့ ကားမော်ဒယ် အသစ်တွေနဲ့အတူ ဈေးကွက် ရောင်းအားတွေကို ကောင်းကောင်း ကိုင်လှုပ်ဖို့ ရှိနေသေးတာကြောင့် စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com