Motor Authority သတင်းဌာနနဲ့ Jeep ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သူ Jim Morrison တို့ အင်တာဗျူး ပြောကြားချက် တွေ အရတော့ Jeep က သူတို့ရဲ့ အနာဂါတ် ကားမော်ဒယ်တွေကို ကောင်းကောင်း ရည်မှန်း ချက် ထားကာ သတ်မှတ် နေပြီဖြစ်ပြီး Hybrid EV တွေကိုလည်း တိုးချဲ့ဖို့ ရှိနေပါတယ်။ ကုမ္ပဏီရဲ့ အဓိက ရည်မှန်းချက်ကတော့ စွမ်းဆောင်ရည်အရရော စွမ်းအင်ချွေတာမှုအပိုင်းမှာပါ ပရိသတ်တွေကို စိတ်ကျေနပ် မှု ပေးနိုင်မယ့် Plug-In Hybrid EV ကားတွေကို အရင်ဆုံး ဦးစားပေးသွား ဖို့ပါပဲ။ အခုလိုမျိုး Hybrid Lineup ကြီးတစ်ခု ထွက်ပေါ်လာမယ် ဆိုတာကိုပိုပြီး သေချာ သွား စေတဲ့ တစ်ချက်ကတော့ Jeep အဆင့် အမြင့်ဆုံး Line တွေဖြစ်တဲ့ Wagoneer နဲ့ Grand Wagoneer တို့ကို လာမယ့် ၂၀၂၅ ကစလို့ Hybrid 4xe အနေနဲ့ ပွဲထွက် လာပေးမှာ ဖြစ်တယ်လို့ပါ အတည်ပြုသွားတာပါပဲ။ Jeep အင်ဂျင်တွေရဲ့ အနာဂါတ် လားရာကိုလည်း အဆိုပါ အင်တာဗျူးမှာပဲ Morrison က ရှင်းရှင်းလင်းလင်း ချပြခဲ့ကာ စွမ်းဆောင်ရည် မြင့် ကားတွေဆီက V8 Engine တွေကတော့ ပျောက်ကွယ် သွားတော့မယ် ဆိုတာ သိလိုက်ရပါတယ်။ ဒါပေ မယ့် Trackhawk ဆိုတဲ့ စွမ်းဆောင်ရည် အသားပေး အင်ဂျင် အမျိုးအစားနဲ့ ကားတွေ အကြောင်းကိုတော့ ထည့်မပြော သွား သေးပါဘူး။
အဲ့ဒီအစား Jeep အဓိက ချဲ့ထွင်သွားမှာကတော့ 4xe ဆိုတဲ့ Hybrid ကားတွေကိုပါပဲ။ အခု ဖော်ပြခဲ့တဲ့ ကား နှစ်စီး လုံးက လာမယ့် ၂၀၂၅ မှာ Hybrid ကားတွေ ဖြစ်လာတော့မှာ သေချာပေမယ့်လည်း ဘယ်ဓာတ်ဆီ အင်ဂျင်နဲ့ တွဲဖက် ပေးလာ မှာလည်း ဆိုတာကိုတော့ အတည်မပြုနိုင် ခဲ့သေးပါဘူး။ အချက်အလက်တွေအရ ကြည့်မယ်ဆိုရင်တော့ 4xe Jeep တွေရဲ့ အမြင့် ဆုံး 2.0 Liter Inline-Four Engine တွေက သေးနေသေး တယ်လို့ ယူဆရပြီး Turbocharged Inline-6 Engine အဖြစ် အရင်အဆင့်မြှင့်တင်ပြီးမှ Hybrid လုပ်ပေး ဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လို ပဲ ဖြစ်ဖြစ် အတည်ပြုပေးဖို့ ကတော့ လိုအပ်နေသေးတာ ကြောင့် မသေချာသေးပါဘူး။ Jeep Wrangler 4xe ကို တော့ ၂၀၂၀ တုန်းက မိတ်ဆက်ခဲ့စဉ်တုန်းက အနာ ဂါတ်ရဲ့ Jeep Brand ကားအနေနဲ့ ဖော်ညွှန်းခဲ့တာပါ။ Wrangler ဆိုတာကလည်း လမ်းကြမ်းပိုင်း အကြိုက် ကားကောင်းတစ်စီး ဖြစ်နေဆဲ ဖြစ်တဲ့အပြင် အခုဆိုရင်တော့ လျှပ်စစ် စွမ်းအင်ပါ နည်းနည်း ပေါင်းပေးလာ နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါကားမှာတုန်းကတော့ 2.0 Liter Turbocharged Inline-4 Engine ကို သုံးပေး ထားတာ ဖြစ်ပြီး 270 hp အထိ ရှိပါတယ်။ ဒါပေမယ့် လျှပ်စစ်မော်တာ ၂ လုံး ကိုမှ ၊ 400 V အထိရှိပြီး 17 kWh ရှိတဲ့ Lithium-Ion Battery တွေ နဲ့ ကောင်းကောင်း ပေါင်းစပ်ပေးထား လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Plug-In Hybrid စနစ်ကြီး တစ်ခုလုံး ပေါင်းစပ်လိုက်တဲ့ အချိန်မှာ 375 hp နဲ့ 470 lb-ft Torque အထိကို ရှိသွားတာ တွေ့ရမှာပါ။
အခုလိုမျိုး ၂၀၂၀ တုန်းကအောင်မြင်ခဲ့တဲ့ Wrangler 4xe ကြောင့် အခု ၂၀၂၂ မှာလည်း Grand Cherokee ကိုပါ 4xe Trim နဲ့ပါ စတင် မိတ်ဆက်လာခဲ့တော့ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်မှာတော့ Jeep Wrangler 4xe ကားရဲ့ အစိတ် အပိုင်းတွေ အတိုင်း သုံးထားပေးပြီး ရွေးချယ်ခွင့် ပေးထားတဲ့ V 8 Engine အစား အခြေခံ Version အနေနဲ့ ကတော့ စွမ်းအင် ပိုချွေတာနိုင်တဲ့ V 6 Engine ကို ထည့်ပေးထားပါတယ်။ အခုလိုမျိုး Wagoneer နဲ့ Grand Wagoneer တို့ အတွက် 4xe Trim တွေ ကိုမိတ်ဆက် ပေးလာမယ် ဆိုတာကတော့ ပိုပြီး စွမ်းဆောင်ရည်ကောင်းဖို့ နဲ့ စွမ်းအင်ချွေတာ နိုင်ဖို့ အတွက် ပိုရည်ရွယ် ထားတာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး အသစ် ထွက်လာတော့မယ့် ကားတွေရဲ့ အောင်မြင်မှု အပေါ်မှာ မူတည်ပြီးတော့ Wagoneer Lineup ထဲကို နောက်ထပ် ကားသစ်တွေ ထပ်မံ ဝင်ရောက်လာဖို့ ရှိလို့ နေပါပြီ။
Ref: motor 1.com