F-Pace ကား Lineup ကို ချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ Jaguar ကတော့ Trim Level အသစ်တွေပိုပြီး ရွေးချယ် နိုင်အောင် ထည့်ပေးနေခဲ့ကာ Top-Spec Model တွေကိုတော့ ဈေးမတက်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ အခုဆိုရင်လည်း ကုမ္ပဏီ ဘက်ကလည်း F-Pace 400 Sport နဲ့ 300 Sport ဆိုတဲ့ ကားသစ် Trim အသစ် တွေကို ချပြလာခဲ့ပြန်ပြီး Sport ဆန်တဲ့ အရသာတွေကို ပိုပေးလာနိုင် ခဲ့ပါတယ်။ အဆိုပါ ကားသစ် ၂ စီး လုံးကတော့ V8 အင်ဂျင်သုံး F-Pace SVR ကားအသစ်ပြီးရင် နောက်ထပ် ရွေးချယ်စရာကောင်း တစ်ရပ်ဖြစ် လာတော့မှာ သေချာပါတယ်။ အမြင်ပိုင်း အရတော့ အခု ကားသစ် ၂ စီးက အတူတူပဲလိုဖြစ်ပြီး ပိုပြီး အဆင့် မြင့်တဲ့ အသွင်နဲ့ မီးခိုးရောင် ရုပ်ထွက်လေးတွေကို Carpathian Grey နဲ့ Charente Grey တို့ ဆိုပြီး အရောင်ကွဲလေးတွေ ဖန်တီးပေးလာပါတယ်။ ဒါ့အပြင် Privacy Glass တွေနဲ့ Gloss အနက်ရောင်မှန်နဲ့ အမိုးတွေ ပါဝင်လာတဲ့ Black Pack ကိုလည်း ထည့်ပေးထားပါသေးတယ်။

Photo Credit: motor 1.com

ကားရဲ့ ဘီးတွေကတော့ ၂၁ လက်မအရွယ် Style 5105 ဆိုတဲ့ ဘီးတွေကိုမှ Five Split-Spoke Design နဲ့ Gloss အနက်ရောင် ဒီဇိုင်းတွေနဲ့ ထည့်သွင်းပေးထားပြီး တကယ်လို့ဒီထက် ကောင်းတာ လိုချင်သေးတယ် ဆိုရင်တော့ ၂၂ လက်မ အရွယ် Style 1020 Forged ဘီး တွေကို ပြောင်းလဲ တပ်ဆင်နိုင်ပါသေးတယ်။ အဆိုပါ ဘီးတွေကို ရွေးမယ် ဆိုရင်လည်း Glossy Black အနက်ရောင်ကိုမှ Satin Black ပေါင်းထားတာမျိုး ဒါမှမဟုတ် Glossy Silver ဆိုတဲ့ ငွေရောင် ခပ်ပြောင်ပြောင်တို့ကို ရွေးချယ်နိုင်ပါသေးတယ်။ ဒါ့အပြင် ကား ရဲ့ အတွင်းပိုင်းမှာလည်း တိုးတက်မှု တစ်ချို့ ကို မြင်လာရပြီး Amazon Alexa တို့လို စနစ်တွေကို ထည့်ပေး လာခဲ့တာကလည်း နည်းပညာပိုင်း သိသိသာသာ ကောင်းမွန်လာ စေတာ ဖြစ်ပါတယ်။ အဆိုပါ ကားသစ် ၂ စီး ကြား အဓိက ကွဲပြား သွားစေတာကတော့ အင်ဂျင်ပိုင်းပဲ ဖြစ်ပါတယ်။ 400 Sport  ကားဆိုရင် Ingenium 3.0 Liter Inline-Six Gasoline MHEV အင်ဂျင် ကိုသုံးထားပြီး Turbocharged နဲ့ ရော Supercharged စနစ်တွေနဲ့ပါ ရနိုင်တာ ဖြစ်ကာ 395 hp ၊ 406 lb-Ft Torque တို့ လောက် အထိ စွမ်း ဆောင်နိုင်ပါတယ်။

Photo Credit: motor 1.com

F-Pace 300 Sport ကားမှာ ဆိုရင်တော့ Ingenium 3.0 Liter Six-Cylinder Diesel MHEV အင်ဂျင် ကို သုံးပေးထားပြီး အဆင့်မြင့်စနစ် တစ်ခုဖြစ်တဲ့ Sequential Turbocharged စနစ်ကိုလည်း ပေါင်းစပ် ပေးထားပါသေးတယ်။ ကားရဲ့ စွမ်းဆောင်ရည် ကတော့ 296 hp နဲ့ 479 lb-ft Torque အထိ ရှိနေကာ ရွေးချယ်စရာအင်ဂျင် နောက် ၂ မျိုးအဖြစ်  R-Dynamic SE နဲ့ HSE Trim တွေ ကိုလည်း ရနိုင်သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကားသစ် နှစ်စီး လုံးမှာ တော့ Suspension Tweak လုပ်ပေးထား တာတွေ မပါဝင် လာသေးတာပဲ ဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင်သုံး 300 Sport ကားကိုတော့ $ 80,979 အထိ ကျသင့်မှာဖြစ်ပြီး ဓာတ်ဆီကား 400 Sport ဆိုရင်တော့ $ 89,135 အထိကို ကျသင့်မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com