ခေတ်ပေါ် ကားတွေရဲ့ Infotainment System ပိုင်းတွေကို သုံးရတာတော့ ပိုပြီး တစ်သားတည်း ကျလာ တယ်လို့ ခံစားနေရပြီး ကုမ္ပဏီ အတော်များများဟာ ဆိုရင်လည်း သူတို့ရဲ့ ကားအတွင်း လုပ်ဆောင်ချက်တွေ ကို ယာဉ်မောင်းက လက်နဲ့တောင် ထိနေစရာမလိုပဲ  အသံနဲ့ပဲ ခိုင်းစေလို့ရအောင် စီစဉ်ပေးထားနိုင်နေပါပြီ။ အဆိုပါ ကားအတွင်း အသံနဲ့ ခိုင်းစေနိုင်မယ့်စနစ် တွေထဲမှာ ဆိုရင်တော့ လက်ရှိမှာ Amazon Alexa စနစ် က အကောင်းဆုံး ဖြစ်နေပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ထူးထူးခြားခြား စနစ်သစ်ကတော့ အခုဆိုရင် Jaguar နဲ့ Land Rover ကားသစ်တွေဆီ ရောက်ရှိ လို့လာခဲ့ပါပြီ။ JLR ရဲ့ ကြေညာချက်အရတော့ သူတို့ရဲ့ နောက်ဆုံးပေါ် Pivi Pro Infotainment System အသစ်မှာ ဆိုရင် Alexa Integration စနစ်ကိုလုံးဝ Build-In ထည့်ပေးထားတော့မယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ စနစ်နဲ့ တစ်ပါတည်း ထွက်ပေါ်လာ တော့မယ့် ကားတွေထဲမှာ ဆိုရင်တော့ 2022 Jaguar F-Pace နဲ့ 2023 Land Rover Range Rover တို့ ပါလာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဒီစနစ်က ဘာတွေများ ထူးထူးထွေထွေ ကောင်းနေလို့လည်း ဆိုတာ ကြည့် ကြရအောင်ပါ။

Photo Credit: CARBUZZ

စနစ်ရဲ့ အလုပ်လုပ်ပုံကတော့ အိမ်မှာ Alexa စနစ် အလုပ်လုပ်တာနဲ့ အတူတူပါပဲ။ ခလုတ်တွေ တစ်ခုမှကို နှိပ်စရာ မလိုတော့ပဲ Alexa လို့နှုတ်က ခေါ်လိုက်ရုံနဲ့တင် လမ်းညွှန်တာတွေ ကြည့်မလား၊ သီချင်းနားထောင် မလား၊ ဖုန်းခေါ်မလား ၊ ဒါမှမဟုတ် အချိန်စာရင်းတွေသတ်မှတ်တာ ၊ သတင်းတွေဖတ်ပြခိုင်းတာ၊ ရာသီဥတု အခြေအနေ ကြည့်တာတွေနဲ့ အိမ်ကိုပါ လှမ်းပြီးပြန်ထိန်းချုပ်တာတွေ အထိ လုပ်ဆောင် နိုင်ပါလိမ့်မယ်။ ပိုကောင်းတာ တစ်ခု ကတော့ အခု လုပ်ဆောင်ချက် အတော်များများကို ဖုန်းနဲ့ ချိတ်မထားရင်တောင် ကား ထဲမှာ အလွယ်တကူ လုပ်လို့ ရနေတာပါပဲ။ နောက်ပိုင်းမှာတော့ အဆိုပါ Pivi Pro စနစ်ကို OTA Update အသစ်တွေနဲ့ အခမဲ့အဆင့်မြှင့်တင် ပေးဦးမှာပါ။ အဆိုပါ Update အသစ်တွေ ဘယ်တော့လောက်ရလာနိုင် ဦးမလဲဆိုတာ မသေချာပေမယ့် အခုလပိုင်း လောက်စလို့ လက်ရှိ Customers ပေါင်း ၂၀၀,၀၀၀ ကျော် လောက်မှာ စရလာနိုင်ပါတယ်။ နောက်ပိုင်း ထုတ်သမျှ ကားအသစ် တွေမှာတော့ ဒီစနစ်ကို ပုံသေသုံးနိုင် တော့မှာ သေချာနေပါပြီ။

Photo Credit: CARBUZZ

ကုမ္ပဏီရဲ့ မူပိုင် Pivi Pro Infotainment System ထဲမှာ Amazon Alexa စနစ်ကိုပါ ထပ်ပေါင်းထည့် ပေး ထားလိုက် တာကြောင့် အသံနဲ့ပဲ အလွယ်တကူ ခိုင်းစေနိုင်ပြီး ပိုကောင်းတဲ့ အဆင်ပြေချောမွေ့မှု အတွေ့ အကြုံကို ခံစားနိုင်မှာ ဖြစ်တယ်လို့ JLR ရဲ့ လျှပ်စစ် အင်ဂျင်နီယာ ဒါရိုက်တာဖြစ်သူ Alex Heslop က ဆို ထားပါတယ်။ နောက်ပိုင်းမှာလည်း Features အသစ်တွေ ရလာတိုင်း Update လုပ်ပေးနေနိုင်မှာက ပိုစိတ် ကျေနပ်စရာကောင်းတဲ့အချက်တစ်ချက်ပါပဲ။ ယခင်တုန်းကတော့ အခုစနစ်ကို Acura နဲ့ General Motors ကားတွေမှာ စသုံးနေခဲ့ပြီး ဖြစ်တာ ကြောင့်အခု JLR ကားတွေ မှာ သုံးတာကိုလည်း ကြိုဆို ရမှာပါ။ မကြာ သေးမီကမှ  ဆိုပါ စနစ် ကို နာမည်ကျော် Jeeps နဲ့ Lamborghini တို့ ဆီမှာလည်း စတင်အသုံးပြုနေပြီ ဖြစ်လို့ ကားတိုင်းအဆင်ပြေစေတဲ့စနစ်တစ်ခုဆိုတာကို ကောင်းကောင်းသက်သေပြထားနိုင်ပြီ ဖြစ်ပါတယ်။

Ref: carbuzz.com