Infiniti ကား ကုမ္ပဏီက တင်သွင်းလာတဲ့ မူပိုင်ခွင့် Trademark File အသစ် အရတော့ ကုမ္ပဏီကတော့ QX 60 နဲ့ QX 80 Model တွေအကြားမှာ နောက်ထပ် SUV တစ်မျိုး ထုတ်လုပ်လာလိမ့်မယ်လို့ ယူဆ နေရပါတယ်။ Infiniti ရဲ့ မူလ ကုမ္ပဏီကြီး ဖြစ်တဲ့ Nissan ကတော့ အမေရိကန် ဈေးကွက်ထဲမှာ QX65 ဆိုတဲ့ နာမည်ကို ဒီဇင်ဘာ ၂၂ ရက် ကတည်းက မူပိုင်ခွင့်တင်ခဲ့တာဖြစ်ပြီး ကုန်းပေါ်သွား ယာဉ်အမျိုးအစား အဖြစ် မှတ်ပုံတင်ထားတာကြောင့် ကားသစ် ဖြစ်ဖို့ တော်တော် အလားအလာ များနေပါတယ်။

Photo Credit: MotorAuthority

QX50 Crossover ကားကောင်းကို ထုတ်လုပ်ခဲ့စဉ်တုန်းက QX 55 ဆိုတဲ့ နာမည်ကို ပေးခဲ့သလိုမျိုးပဲ အခု QX 65 နာမည်ကြောင့် QX 60 SUV ကား အဖြစ် မြင်လာ ရလိမ့်မယ်လို့ ထင်ကြေးပေးလာ နေကြ တာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီ တွေကတော့ များသောအားဖြင့် တကယ့် ကားမော်ဒယ်အသစ်ရဲ့ နာမည်နဲ့ လိုက်ဖက်နေမယ့် Trademark နာမည်ကို ပေးလေ့ မရှိကြပေမယ့် အခုကတော့ QX 60 နာမည်နဲ့ SUV ဖြစ်လာဖို့က ပိုများနေတာပါ။

                                                                                                                                                          Photo Credit: MotorAuthority

ပြီးခဲ့တဲ့ မတ်လ ကတည်းက လာမယ့် ၂၀၂၅ လောက် အရောက်မှာ ထိုင်ခုံနှစ်တန်းတွဲ SUV တစ်စီးကို ထုတ်လုပ် လာလိမ့်မယ်လို့ ဆိုထားခဲ့ဖူးတာကြောင့်လည်း ပိုပြီး မျှော်လင့်ချင်စရာ ဖြစ်နေခဲ့ပါတယ်။ အဆိုပါ ကားမျိုးသာ တကယ် ထွက်လာခဲ့မယ် ဆိုရင်တော့ BMW X6 နဲ့ Mercedes-Benz GLE-Class Coupe ကားတွေကို ကောင်းကောင်း ယှဉ်လာ နိုင်ပါလိမ့်မယ်။ Infiniti ရဲ့ အနာဂတ်ပိုင်းကတော့ လာမယ့် ၂၀၂၅ မှာ ပထမဆုံးလျှပ်စစ်ကား ဖြစ်လာနိုင်မယ်လို့ ယူဆရပြီး ဒီဇိုင်းပြောင်းထားမယ့် ကျန်တဲ့ QX 80 ကား တွေကိုလည်း မိတ်ဆက်ပေးဖို့ ရှိနေသေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority