သတင်းတွေ အရတော့ Infiniti ဟာ သူတို့ရဲ့ Q50 Sedan ကားကို လျှပ်စစ်ကား Version အသစ် အဖြစ် ပြောင်းလဲ ထုတ်လုပ် ပေးလာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ ကားကိုတော့ လာမယ့် ၂၀၂၅ စပြီး လျှပ်စစ်ကားအသစ် အဖြစ် သီးသန့် ရောင်းချလာဖို့ ရည်ရွယ်နေတာ ဖြစ်ကာ ဂျပန်ဈေးကွက်ထဲမှာ ဆိုရင်တော့ Nissan Skyline အနေနဲ့ မြင်လာ ရနိုင်ပါတယ်။ အဆိုပါ လျှပ်စစ်ကားသစ်အတွက် အသေးစိတ် အချက်အလက်တွေ အတိအကျ မသိရနိုင်သေး ဘူး ဆိုပေမယ့်လည်း Qs Inspiration Concept ဆီက ပုံရိပ် တစ်ချို့ကို မျှော်လင့်လို့ ရကောင်း ရလာနိုင်ပြီး All-Electric သီးသန့် ဖြစ်လာမယ့်အပြင် All-Wheel Drive ပါ ဖြစ်လာ နိုင်ပါတယ်။

Photo Credit: AllAtuoExperts


Infiniti အနေနဲ့ ကတော့ မကြာသေးမီကမှ NADA Show ပွဲကြီးမှာ အမေရိက ဈေးကွက်အတွက် လျှပ်စစ် SUV ကားသစ် QX65 ကို ချပြထားဖူးတာပါ။ အဆိုပါ ကားသစ်ကိုတော့ လာမယ့် ၂၀၂၅ က စလို့ အမေရိကန်ရဲ့ မစ္စစ္စပီ အခြေစိုက် Infiniti ကားစက်ရုံမှာ ထုတ်လုပ်သွားပါလိမ့်မယ်။ ဂျပန် နိုင်ငံရဲ့ အကောင်းဆုံး ကား Website သတင်းတွေ ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ အသစ် ထွက်လာမယ့် Infiniti Q50 ကားသစ်က ချက်ချင်းကြီး လျှပ်စစ်ကား မဟုတ် နိုင်သေးပဲ Hybrid အရင် ဖြစ်လာနိုင် သေးတယ်လို့လည်း သိရပြန်ပါတယ်။ ဒါ့အပြင် အဆိုပါ ကားအတိုင်းသာ ဆိုရင် တော့ 1.5 Liter Three-Cylinder အင်ဂျင်ကို အရှေ့ ၊ အနောက် လျှပ်စစ်မော်တာတွေနဲ့ ပေါင်းစပ်လာဖို့ များနိုင်ပြီး 201 hp အထိ စွမ်းဆောင် ပေးလာနိုင်ပါတယ်။

Photo Credit: AllAtuoExperts

အဆိုပါ မျိုးဆက်သစ် Q50 ကားနဲ့ ပတ်သက်လို့ ခန့်မှန်းလို့ ရသလောက် ဆိုရင်တော့ အရှည် ၄,၈၀၀ မီလီမီတာ ၊ အကျယ် ၁,၇၈၀ မီလီမီတာနဲ့ အမြင့် ၁,၄၅၀ မီလီမီတာ အထိ ရှိနိုင်တယ်လို့ သိထားရပါတယ်။ ဒါ့အပြင် ဘီးတွေ အကြား အကွာအဝေး Wheelbase ကလည်း ၂,၈၀၀ မီလီမီတာ အထိကို ရှိလာနိုင်တာပါ။ အဆိုပါ ခပ်ရှည်ရှည် ကား တစ်စီး ဖြစ်လာဦးမယ့် Sedan အသစ်အပြင် Skyline နာမည်နဲ့ Q50 Crossover Version အခွဲကိုပါ ဖန်တီးကောင်း ဖန်တီးနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေကတော့ အတည်မပြု နိုင်သေးတာကြောင့် စောင့်ကြည့်ရဦးမယ့်ကားကောင်း တစ်စီးလို့ပဲ ဆိုရဦးမှာပါ။

Ref: AllAutoExperts