Infiniti ကားကုမ္ပဏီကတော့ Nissan နဲ့ လက်တွဲပြီးယခင်ထက် ပိုမှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်လာ ပြီဖြစ်ကာ နောက်ပိုင်းမှာတော့ အမေရိကန် ဈေးကွက်ကို အဓိကထားပြီး လျှပ်စစ်ကားသစ်တွေကို ဦးစား ပေးလာ နေပါတယ်။ သူတို့ရဲ့ လျှပ်စစ်ကားသစ် ၂ စီး အတွက်လည်း မစ္စစ္စပီ အနားမှာ Canton ကား စက်ရုံ သစ် တည်ဆောက်ဖို့ အတွက် ရည်ရွယ်ပြီး ဒေါ်လာ သန်း ၅၀၀ ကိုလည်း ရင်းနှီး မြုပ်နှံထားလိုက်ပါပြီ။ လက်ရှိ မှာတော့ အဆိုပါ လျှပ်စစ်ကားသစ် နှစ်စီးနဲ့ပတ်သက်ပြီး သိထားရတာတွေကတော့ အရှေ့ဘက်က Dynamic LED Light Design တွေလောက်ပဲ ရှိနေပါသေးတယ်။ အခုချိန်မှာတော့ ကားတွေတင်မကပဲ Infiniti တို့ ရည်ရွယ် လုပ်ဆောင်နေတာ တွေကတော့ ကား ဝယ်ယူ အားပေးသူတွေ အဆင်ပြေစေမယ့် ဒီဂျစ်တယ် နည်းပညာ အသစ်တွေကို တိုးချဲ့ပေးနေတာပါ။ ပြီးခဲ့တဲ့ မတ်လတုန်းက ဆိုရင်လည်း အမျိုးသမီး‌ တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ Waze လုပ်ငန်းနဲ့ ပူးပေါင်းပြီး တစ်ချို့သော မြို့တွေထဲက အမျိုးသမီး ဦးဆောင် စီးပွားရေးလုပ်ငန်းတွေနဲ့ အထိမ်းအမှတ် နေရာတွေကို အမှတ်အသားတွေ ပြထား ပေးခဲ့ပါသေးတယ်။

Photo Credit: CARBUZZ

ဒါပေမယ့်လည်း အဆိုပါ အထိမ်းအမှတ် တွေထက် ပိုပိုပြီး ထိရောက်တဲ့ ခြေလှမ်း တစ်ရပ်ကိုတော့ Infiniti တို့ လှမ်း လိုက်နိုင်ပြီ ဖြစ်ပြီး အဲ့ဒါကတော့ ကား တစ်စီးလုံးကို စမတ်ဖုန်းကနေ လိုသလို ထိန်းချုပ်နိုင်မယ့် Smart Key လိုမျိုး App အသစ်တစ်ခု ဖန်တီး ပေးလိုက်နိုင်တာပါ။ အဆိုပါ App ကတော့ ကုမ္ပဏီထုတ် ကားအကုန်လုံးမှာသုံးနိုင်မှာ ဖြစ်ပြီး ယခင် ရှိပြီးသား Fob နေရာလေးမှာ အစားထိုး ပြန်ထည့် ပေးထားတဲ့ ထိန်းချုပ်စရာ Control Hub တစ်ခု ကိုလည်း မြင်ရပါတယ်။ တစ်ခုပိုပြီး အသုံးတည့် တာကတော့ ပုံမှန်လို မျိုးကားကို Lock ချတာ ဖွင့်တာ လောက်ပဲ လုပ်လို့ရမှာ မဟုတ်ပါဘူး။ ကားကို အဆိုပါ App ကနေ စက် တောင်လှမ်းနှိုးလို့ရသလို အရှေ့ဖုံး ၊ အနောက်ဖုံးတွေ ကိုလည်း အဝေးကနေပဲ လိုသလို ဖွင့်ပိတ်လို့ ရပါ သေး တယ်။ ဒါတင်မကသေးပဲ ပိုပြီး အသုံးတည့်တာကတော့ ကားနဲ့ ပတ်သက်ပြီး အရေးပေါ်တစ်ခုခု ဖြစ်ခဲ့ရင် အချက်ပေးသံတွေလည်း ဖန်တီးနိုင်သေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားထဲ မဝင်သေးခင် အပြင်ကနေကြို ပြီး အဲကွန်း ဖွင့်ထားတာမျိုး ၊ ရာသီဥတု အေးနေလို့ ကြိုပြီး အပူပေးထားတာမျိုး တွေ ကိုလည်း စိတ်ကြိုက် လုပ်နိုင်ပါသေးတယ်။ တကယ်လို့ ကားကိုတစ်ယောက်ထက် ပိုပြီးမျှသုံးတယ် ဆိုရင်တော့ ကိုယ်ကြိုက်နှစ် သက်ရာ Profile ကို အကုန်ချိန်ညှိထားလို့ ရတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်လည်း လွတ်လွတ် လပ်လပ် သုံးနိုင်ပါလိမ့်မယ်။ ဒါပေမယ့်မောင်းတဲ့ သူက အသက်မပြည့်တာတို့ ၊ အရည်အချင်း မပြည့်မှီတာ တို့ ရှိနေမယ်ဆိုရင်တော့တစ်ချို့  Remotes Starting လို အင်ဂျင်ကြိုနှိုးထားတာ တွေသုံးလို့ရဦးမှာ မဟုတ် သေးပါဘူး။

Photo Credit: CARBUZZ

ဒါ့အပြင် Infiniti ကားက ကိုယ့်မှာ တစ်စီးထက် ပိုရှိနေမယ် ဆိုရင်လည်း စမတ်ဖုန်း ၂ လုံး သယ်သွားစရာ မလိုပဲ အဆိုပါ App မှာတင် ကားအစုံအတွက် Profile တွေ ခွဲထားပေးလို့ရမှာ ဖြစ်ပါတယ်။ Apple ဖုန်းသုံး သူတွေအတွက်ဆိုရင် ပိုပြီး တောင် အဆင်ပြေစေမယ့် Apple Watch နာရီ နဲ့ပါ တစ်ပါတည်း ချိတ်ဆက် အသုံးပြုနိုင်ဦးမှာပါ။ ဒါကြောင့် ကားကိုထိန်းချုပ်ဖို့အတွက် အဆိုပါ App ကို သုံးဖို့ဖုန်းကို နေရာတိုင်းတောင် ယူသွားစရာ မလိုတော့ပဲ Apple Watch နာရီ တစ်လုံး ရှိရင်ကိုရပြီ ဖြစ်ပါတယ်။ Smartphone App တွေ ကတော့ ကားတစ်စီးကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ အတွက် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပေးလာ နိုင်တာကြောင့် တကယ်အသုံးတည့်တာဖြစ်ပြီး အခု Infiniti ရဲ့ နည်းပညာက နည်းနည်းတောင် နောက်ကျ နေပြီလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ Infiniti ကား ပိုင်ထားတဲ့ သူတွေ အတွက် အတော်လေး အသုံးတည့် ခေတ်မှီတဲ့ အသွင်ကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ App အသစ် ဝန်ဆောင်မှုတွေကိုတော့ Infiniti ရဲ့ အရောင်း ကိုယ်စားလှယ်တွေဆီမှာ $ 450 MSRP နဲ့ ဝယ်ယူ နိုင်မှာ ပါ။ လက်ရှိ ကားမျိုးဆက်တွေ ဖြစ်ကြတဲ့ Q 50 ၊ Q 60 ၊ QX 50 ၊ QX 55 နဲ့ QX 60 Models တွေမှာလည်း အခု App ကို အလွယ်တကူပဲ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Ref: carbuzz.com