အခုနှစ် အစောပိုင်း တုန်းကပဲ 2023 BMW XM ရဲ့ Prototype ကားကို မြင်ခွင့် ရခဲ့သေးပေမယ့် ကုမ္ပဏ ကတော့ ကားသစ်ကို ထုတ်လုပ်တဲ့အခါ ကားတစ်စီးလုံး Camouflage အုပ်ပြီး ဒီဇိုင်းပိုင်း ဖုံးကွယ်ထားဆဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် အသားပေး အဆိုပါ SUV ကားအသစ်ကတော့ အခုနှစ်ကုန်ပိုင်းလောက်မှာ စတင်ထုတ်လုပ် လာတော့မှာဖြစ်ပေမယ့် တရားဝင် မိတ်ဆက်ပွဲ အတွက်တော့ စောင့်ဆိုင်းနေရဆဲပါ။ မကြာ ခင် မိတ်ဆက်လာတော့မယ်လို့ ယူဆရတဲ့ အဆိုပါ ကားကြီးရဲ့ ပုံရိပ်တစ်ချို့ကိုတော့ အခုဆိုရင် BMW ဘက်က Teaser အနေနဲ့ ချပြလာခဲ့ပြီ ဖြစ်ပြီး Daytime Running Lights အပိုင်းတွေရယ် ၊ အရောင်ပြေး မီးတွေလင်းလာတဲ့ Illuminated Kidney Grille ဒီဇိုင်းတွေကို အဓိက မြင်တွေ့လာရပါတယ်။ တစ်ပုံတည်းပါတဲ့ အဆိုပါ Teaser ပုံရိပ် မှာတော့ ကားရဲ့အခြားသော အပိုင်းတွေကို အမှောင်ထဲမှာပဲ ဆက်လက် ဖုံးကွယ်ထားဆဲ ဖြစ်ပြီး SUV ရဲ့ တကယ် ကောင်းတဲ့ အသေးစိတ် အပြင်အဆင်တွေကိုတော့ ဆက်လက် ရင်ခုန်ရဦးမှာပါ။

Photo Credit: motor 1.com

အဆိုပါ ကားကိုတော့ BMW ရဲ့ 4.4 Liter Twin-Turbocharged S68 V 8 Engine ကို လျှပ်စစ်မော်တာနဲ့ တွဲပြီး Plug-In Hybrid အနေနဲ့ ပွဲထွက်လာမှာဖြစ်ကာ 644 hp နဲ့ 650 lb-ft Torque အထိ စွမ်းဆောင် လာနိုင်ဖို့ များပါတယ်။  ဒါပေမယ့် XM Concept တုန်းကတော့ 750 hp အထိကို စွမ်းဆောင်နိုင်ခဲ့တာကြောင့် BMW တို့က ကားတကယ်ထွက်လာတဲ့အခါကျရင် သာမန်မဟုတ်တဲ့ XM Black Label Edition နဲ့ အဆိုပါ စွမ်းဆောင်ရည်လောက်ဖြစ်အောင် ထုတ်လုပ်ပေးလာနိုင်ပါတယ်။ တကယ်သာဆိုရင်တော့ XM အမျိုးအစားမှာ 737 lb-ft Torque လောက်အထိ ထုတ်လုပ်ပေးလာမှာပါ။  ဂီယာ အနေနဲ့တော့ ZF Eight-Speed Automatic Transmission ကိုတွဲသုံးပေးထားနိုင်ပြီး Hybrid ဖြစ်တာကြောင့် လျှပ်စစ်သီးသန့်ကိုပဲ မိုင် ၃၀ ကနေ ၅၀ လောက်အထိ မောင်းလို့ရလာနိုင်ပါတယ်။ BMW အနေနဲ့ စွမ်းဆောင်ရည်ပိုနိမ့်တဲ့ Entry-Level Version ကိုလည်း Six-Cylinder Hybrid အင်ဂျင်နဲ့ ထုတ်လုပ်ပေးလာနိုင်ပါသေးတယ်။ တကယ်သာဆိုရင်တော့ BMW M ကားတွေထဲ အနောက်ဖက်ဝင်ရိုး စတီယာတိုင်စနစ်နဲ့ ပထမဆုံး ကားဖြစ် လာနိုင်ပါတယ်။ အဆိုပါ စနစ်နဲ့ဆိုရင် Steering ပမာဏ 2.5 Degree နဲ့ အတူ တစ်နာရီ ၂၅ မိုင်အောက် ဒါမှမဟုတ် အများဆုံး ၁၀၀ လောက်အထိပဲ စွမ်းဆောင်လာနိုင်ပြီး SUV ရဲ့ ၂၃ လက်မ ဘီးတွေက အနောက် ဖက် စတီယာတိုင်စနစ်အတွက် အကန့်အသတ်တချို့ ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

BMW ကတော့ အဆိုပါ ကားသစ်တွေကို အခုနှစ် မကုန်ခင်မှာပဲ စတင်ထုတ်လုပ်မှာဖြစ်လို့ ၂၀၂၃ အစောပိုင်း လောက် အထိတော့ showroom တွေဆီ မရောက်နိုင်လောက်သေးပါဘူး။ BMW အနေနဲ့ XM ကားတွေ ရဲ့ သက်တမ်းကို ဘယ်လိုစီစဉ်နေသလဲ မသိရသေးပေမယ့် သေချာတာကတော့ အဆိုပါ ကားတန်းကို လာမယ့် ၂၀၂၇ ခုနှစ် နိုဝင်ဘာ အရောက်မှာ ရပ်တန့်ပစ်တော့မယ် ဆိုတာပါပဲ။ အဆိုပါ ကားနေရာမှာ ကားသစ် တွေ အစားထိုးမှာလား ဒါမှမဟုတ် လုံးဝ အနားပေးလိုက်တော့မှာလား ဆိုတာလည်း အခုထိတော့ မသေချာသေးပါဘူး။ BMW ကတော့ အခု ၂၀၂၂ ထဲမှာ M Performance Division ရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် ကို ဆင်နွှဲခဲ့ပြီး အဆိုပါကားက Brand ရဲ့ ဒုတိယမြောက် ထုတ်လုပ်နိုင်ခဲ့တဲ့ အမှတ်တရ ကားတွေလည်း ဖြစ်ခဲ့ပါတယ်။

Ref: motor 1.com