Ford နဲ့ တစ်ချို့သော ကားကုမ္ပဏီ တွေဆီကနေ ကြားထားရတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက လွဲ လို့ လက်ရှိ လျှပ်စစ်ကားတွေ အကုန်လုံးကတော့ရှေ့ကိုမှ ရှေ့ကိုဆိုတာပဲ သွားနိုင်တာမျိုး ဖြစ်ပါတယ်။ ဒါပေ မယ့် ဒါကတော့ ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွေထဲက ကားတွေလိုမျိုး နောက်ဆုတ်လို့ရမယ့် ဘက်ဂီယာ မပါတာမျိုးကို ပြော‌တာ တော့ မဟုတ်ပါဘူး။ အဓိက ကတော့ လျှပ်စစ်ကားတွေရဲ့ စွမ်းအင် အလုပ်လုပ် ပုံ တွေကို ပြောချင်တာပဲဖြစ်ပါတယ်။ လက်ရှိကားတွေရဲ့ စနစ်မှာတော့ လျှပ်စစ်စွမ်းအင်က တစ်မျိုးတည်းပဲ သွားတာမျိုး ဖြစ်ပြီး ကားကိုပဲ အားသွင်းလာ တာမျိုးပါ။ ဒါပေမယ့် ကားထဲကနေ လျှပ်စစ်ဓာတ်အား ပြန်ပေး နိုင်တာမျိုးကို ကြားဖူးချင်တယ်ဆိုရင် Hyundai Ioniq 5 ကားကို ကြည့်ကြရမှာပါ။ အဆိုပါ စနစ်ကိုတော့ ယာဉ်တစ်စီးမှသည် အရာရာဆီသို့ ဆိုပြီး Hyundai က ဖော်ပြထား ပေမယ့် တစ်ကယ်တမ်းနည်းလမ်းကို အသေအချာ ကြည့်ရင်တော့ Vehicle To Grid ဆိုတဲ့ ယာဉ်ကနေ လျှပ်စစ် ဓာတ်အား စနစ်ကို ချိတ်ဆက် ပေးနိုင်မယ့် နည်းပညာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်အရဆိုရင်တော့ အခု Ioniq 5 ကားသစ်ရဲ့ အားသွင်း ကြိုးကနေ တစ်ဆင့် အခြားသော လျှပ်စစ်ပစ္စည်းတွေဆီကိုပါ ဆက်စပ် အသုံးပြုနိုင်မှာပဲ ဖြစ်ပါ တယ်။

Photo Credit: CARBUZZ

Hyundai ကတော့ အဆိုပါ နည်းပညာမှာဆိုရင် လျှပ်စစ်ကားမှာသိမ်းဆည်းထားမယ့် လျှပ်စစ် စွမ်းအင်တွေ ကို ဓာတ်အား လိုင်းနဲ့ ချိတ်ဆက်ပြီး အရေးပေါ် အခြေအနေတွေနဲ့ ဓာတ်အားသုံးစွဲမှု မြင့်တဲ့ အချိန်တွေမှာ မျှဝေသုံးနိုင် လိမ့်မယ်လို့ ဆိုထားပါတယ်။ အခု ဆိုရင်တော့ အဆိုပါစနစ်ကို ဂျာမနီ နဲ့ နယ်သာလန် နှစ်နိုင်ငံ တို့မှာ ရှေ့ပြေး စီမံကိန်း တွေ အနေနဲ့ စမ်းသပ်နေခဲ့ပြီ ဖြစ်ပြီး Ioniq 5 ကားမော်ဒယ် တစ်ချို့ကို အဆိုပါ V2G Software စနစ်နဲ့ စမ်းသပ် နေတာပဲ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတင်းကောင်း တစ်ခုကတော့ အခု စနစ်ကို အောင်အောင်မြင်မြင် သုံးနိုင် ဖို့ ဆိုရင် အများကြီး အလုပ်မရှုပ်ပဲ Software Update လေး လုပ်လိုက်ရုံပဲလို့ သိရပါတယ်။ ဒုတိယ တစ်ချက် ကတော့ လတ်တလော စမ်းသပ်ဆဲမှာ ပြဿနာလေးတွေ တစ်ချို့ရှိနိုင် နေသေးပြီး တစ်ချို့သော သူတွေ အဖို့လည်း သာမန် ဓာတ်အားလိုင်းနဲ့ မျှဝေပြီး သုံးစွဲဖို့ကို ခွင့်ပြုပေးချင်ပါ့မလား ဆိုတာ နည်းနည်းတော့ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒါပေမယ့် Hyundai ကတော့ အခု အစီအစဉ်က လျှပ်စစ်ဓာတ်အားလိုင်း သုံးစွဲနေသူတွေနဲ့ အစိုးရ တို့ကိုပါ အကျိုးရှိစေမယ့် နည်းပညာသစ် ဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ ဓာတ်အား သုံးစွဲမှုများပြားတဲ့ အချိန်မှာ ဆိုရင် အခု နည်းပညာသုံး ထားတဲ့ လျှပ်စစ်ကားက ဓာတ်အားလိုင်းကိုပါ မီးပြန်မျှ ပေးနိုင်မှာကြောင့် အတော်လေး အကျိုးရှိနေစေမှာ ပါ။ ဒါကြောင့်လည်း ကားပိုင်ရှင်တွေ အဖို့ မီတာခကိုပါ သက်သာ သွားစေဖို့ ရှိပါတယ်။

Photo Credit: CARBUZZ

ဒါ့အပြင် အ‌ကောင်းဆုံးတစ်ချက်လို့ ဆိုနိုင်တာကတော့ အခု စနစ်ကြောင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင် ပြီး သဘာဝအတွက် ပိုကောင်း စေမှာပဲ ဖြစ်ပါတယ်။ လျှပ်စစ်ကားက ရတဲ့ စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်က နေပဲ ရခဲ့တာဖြစ်သလို တစ်ချိန်တည်းမှာပဲ လိုအပ်ရင်တော့ လျှပ်စစ် ဓာတ်အား ကွန်ရက်ထဲကိုပါ ပြန်လည် ချိတ်ဆက် နိုင် သေးတာကြောင့် အတော်လေးကို အကျိုးရှိတာ ဖြစ်ပါတယ်။ နောက်ပိုင်း ပိုပြီး ကောင်းစေတဲ့ တစ်ချက်ကတော့ ကိုယ်ပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကနေပဲ ကြီးမားတဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်း တွေ ၊ နောက်ဆုံး အိမ်တစ်လုံး လုံးအထိကို အားပြန်ပေးနိုင်မယ့် အချက်ပါပဲ။ အခုတော့ အဆိုပါ ရှေ့ပြေး စီမံ ချက်တွေ ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ ဆိုတာကို သေချာစောင့်ကြည့်ကြရတော့မှာဖြစ်ပြီး အဆင်ပြေ မယ် ဆိုရင်တော့ Ioniq နဲ့ Kia EV 6 တို့လို နောက်ထပ် လျှပ်စစ် ကားသစ် တွေမှာပါ အခုနည်းပညာကို အသုံးပြုလာနိုင်တော့မှာပါ။

Ref: carbuzz.com