လက်ရှိ ကားကုမ္ပဏီ အတော်များများ အတွက် အနာဂါတ် အဖြေဟာ လျှပ်စစ် စွမ်းအင်သုံးဖို့ ဆိုတာပဲ ရှိကြ ပေမယ့် တစ်ချို့ ကုမ္ပဏီတွေကတော့ လျှပ်စစ်မဟုတ်တဲ့ အခြားဘာနည်းလမ်းတွေ အဆင်ပြေဦးမလဲ ဆိုတာ ကို ကြိုးစား ရှာဖွေ နေကြပါတယ်။ သဘာဝ အော်ဂဲနစ် စစ်စစ်တွေကို အခြေခံထားတဲ့ Biofuel ဒါမှမဟုတ် အလားတူ သဘာဝ Synthetic Fuel တွေကိုလည်း စဉ်းစားသုံးသပ်ကာ ကားကုမ္ပဏီ တစ်ချို့က‌ လေ့လာနေ ကြပေမယ့်လည်း လက်ရှိမှာဈေးကွက်ထဲထည့်ပေးဖို့အထိတော့ မလွယ်ကူသေးပါဘူး။ Toyota ဆိုရင်လည်း လက်ရှိ ရှိပြီးသား Internal Combustion Engine တွေပဲ ပတ်ဝန်းကျင်နဲ့ အဆင်ပြေစေမယ့် ဟိုက်ဒရိုဂျင် တွေသုံးဖို့ စမ်းသပ်နေသလို သူတို့ရဲ့ Gazoo Racing Special Concept တစ်ချို့မှာတောင် မြင်တွေ့လာရပါ တယ်။ သူတို့နည်းပညာအသစ်ရဲ့ အလားတူ ဖြစ်နိုင်ချေတွေကို Mirai FCEV (Fuel Cell သုံး လျှပ်စစ်ကား) မှာလည်း မြင်တွေ့ ထားရတာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ တောင်ကိုရီးယား ကားကုမ္ပဏီ Hyundai က ပိုပြီး သန့်စင်ကောင်းမွန်တဲ့ Combustion Engine တွေ ရလာဖို့ အတွက် နည်းပညာတွေ စမ်းသပ်နိုင်ဖို့ ကမ္ဘာပေါ်က အကြီးမားဆုံး စွမ်းအင်ကုမ္ပဏီတွေထဲက တစ်ခုနဲ့ စတင် ပူးပေါင်း လိုက်နိုင်ပါပြီ။

Photo Credit: CARBUZZ

အဆိုပါ ပူးပေါင်း လိုက်တဲ့ကုမ္ပဏီ ကတော့ Saudi Aramco နဲ့ King Abdullah University Of Technology (KAUST) တက္ကသိုလ်တွေပဲ ဖြစ်ပြီးကာဗွန် ထုတ်လုပ်မှုနည်းပါးမယ့် Ultra-Lean-Burning E-Fuel စနစ်တွေကို အောင်မြင် အောင် လုပ်နိုင်ဖို့ အဓိက ရည်ရွယ် ထားပါတယ်။ တကယ်တော့ အဆိုပါ Aramco ကုမ္ပဏီ က ကားလောကနဲ့ လုံးဝ မစိမ်းပဲ Aston Martin ရဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲဝင်ကားတွေ မှာ Synthetic Fuel တွေ ကိုအသုံး ပြုနိုင်ဖို့ လက်ရှိမှာ တင် ပူးပေါင်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ Aramco လုပ်ငန်း ရဲ့ E-Fuel စနစ် ကတော့ သန့်စင်တဲ့ ဟိုက်ဒရိုဂျင် စနစ်ကို အခြေခံထားပြီး ရေကို လျှပ်စစ်ဓာတ်သွင်းတဲ့ နည်းပညာနေ အစပြုထားတာပါ။ အရာရာကို သန့်ရှင်း စင်ကြယ်နေနိုင်စေဖို့ အတွက် ပြန်သုံးလို့ရမယ့် လျှပ်စစ်ဓာတ်အားကိုပဲ ယူထားပြီး ဒီစနစ်ကြောင့် သာမန်အင်ဂျင်တွေရဲ့ ကာဗွန် ထုတ်လုပ်နေမှုထက် ၈၀ % လောက် အထိကို လျော့ကျသက်သာသွားမှာ ဖြစ်တယ် လို့လည်း Hyundai ဘက်က ဆိုထား ပါတယ်။

Photo Credit: CARBUZZ

အခု နည်းပညာနဲ့ ဆိုရင်ကားရဲ့ အပူချိန် ကိုလည်း ထိန်းပေးထားနိုင်ရာ ရောက်ပြီး  စွမ်းအင်ချွေတာနိုင်မှု ကို လည်း တိုးတက်စေမှာ ဖြစ်တယ်လို့ သိရပြန်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သာမန် ဓာတ်ဆီ ဒါမှမဟုတ် ဒီဇယ် ကားတစ်စီးစီး ရဲ့ စွမ်းဆောင်ရည် ထက်တော့ အများကြီး ပိုကောင်းမယ့် သဘော ရှိနေပါတယ်။ အဆိုပါ စီမံကိန်း ကိုတော့ ကုမ္ပဏီ နှစ်ခုရယ် ၊ တက္ကသိုလ်ရယ် ပေါင်းပြီး လာမယ့် ၂ နှစ်လောက် အတွင်းမှာတင် ဖြစ်အောင်လုပ်ဖို့ ရည်ရွယ် ထားပါတယ်။ ဒါကြောင့် တစ်ဖက်မှာလည်း အခုလို နည်းပညာကိုပဲ သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ထားပြီးတဲ့ Porsche တို့ကတော့ အနည်းငယ်စောပြီး အောင်မြင် သွားနိုင်ပါသေး တယ်။ ဒါပေမယ့်လည်း ကံမကောင်းတဲ့ တစ်ချက်ကတော့ Hyundai တို့က အခု နည်းပညာကို အနာဂါတ် အတွက် ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် မထည့်သွင်း ထားသေးတာ ပါပဲ။ Hyundai Motor Group ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Alain Raposo က သေချာ ရှင်းပြထားရာမှာတော့ သူတို့ အတွက် ပတ်ဝန်းကျင်နဲ့ ပိုပြီး လိုက်လျောညီထွေ ဖြစ်စေမယ့် BEV ကားတွေ နဲ့ FCEV ကားတွေက အနာဂါတ် အတွက် အဓိက ဦးစားပေးတယ်လို့ ကြား သိရပါတယ်။ ဒါတင်မကသေးပဲ အခု ကြိုးစားဖန်တီးနေတဲ့ Eco-Friendly Fuel နဲ့ Ultra-Lean-Burn Engine စနစ် တွေကလည်း ကာဗွန် ထုတ်လုပ်မှု လျှော့ချမယ့် အနာဂါတ် ကားတွေမှာ အဓိက နေရာ ကနေတော့ ပါဝင်လာဦးမှာပါလို့လည်း ထပ်ပြီး ရှင်းပြသွား ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် Hyundai ကတော့ အခု နည်းပညာကို သုတေသန လုပ်နေစဉ် အတွင်းမှာ Veloster N လို ကားမျိုး ကိုတော့ ခပ်ကြာကြာ ထိန်းထားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အကြောင်းကတော့ ကုမ္ပဏီရဲ့ သာမန် အင်ဂျင်သုံး အကြမ်းစား ကားတွေထဲမှာ ဒီကား ‌တစ်စီးလောက်ပဲ အနာဂါတ် မျှော်လင့်ချက် ကျန်ရစ် နိုင်မှာမို့ လို့ပါပဲ။

Ref: carbuzz.ocm