ကား ကုမ္ပဏီတွေ အတော်များများကတော့ သူတို့အတွက် ကားသစ်တွေ လာတော့မယ်ဆိုပြီး ကြေညာလိုက် တိုင်း ကြိုကြိုပြီး အနီးစပ်ဆုံး သိနိုင်တာကတော့ မူပိုင်ခွင့် တွေဆီကပါပဲ။ မနှစ်က ဆိုရင် ဂျပန်ကုမ္ပဏီ Honda ဆီကနေ TrailSport ဆိုတဲ့ နာမည်ကို မူပိုင်ခွင့်တင်ခဲ့ပြီး ပိုကောင်းပိုကြမ်းတဲ့ Honda ကားတစ်စီး လာတော့မယ် ဆိုတာကို ကြိုတင် ခန့်မှန်းခဲ့ကြကာ တကယ်လည်း Passport TrailSport ကို တရားဝင် ထုတ်ပြသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ‌Warthog ဆိုတဲ့ မူပိုင်ခွင့် တံဆိပ်အသစ်နဲ့ Bronco ၊ Palisade ဆိုတဲ့နာမည် မူပိုင်ခွင့်နဲ့ Hyundai တို့လည်း အလားတူ မြင်ခဲ့ကြရပါသေးတယ်။ အခုဆိုရင်တော့ Hyundai အကြောင်း ပြောကြရင်း Hyundai ဆီက နေမူပိုင်ခွင့်တင်ထားတဲ့ Ione ဆိုတဲ့ မော်ဒယ်အကြောင်းက စိတ်ဝင်စားစရာ ကောင်း နေပါတယ်။ အဆိုပါ နာမည်ကိုတော့ အာဂျင်တီးနားမှာ မှတ်ပုံတင်ထားတာဖြစ်ပြီး ယာဉ် ၊ ခရီးသည်တင်၊ ကုန်တင်စတဲ့ ခေါင်းစဉ်တွေအောက်မှာ မှတ်ပုံတင်ထားတာမို့ ထူးခြားနေပါတယ်။

Photo Credit: CARBUZZ

ယာဉ်အသစ် ဆိုတာ ဖြစ်နိုင်ပေမယ့်လည်း ဘယ်လို ယာဉ်မျိုးလဲဆိုတာ လုံးဝ မခန့်မှန်းနိုင်သေးပဲ နာမည် Ione ကတော့ Ioniq ရဲ့ နာမည်နဲ့လည်း ဆင်နေတာကြောင့် နောက်ထပ် လျှပ်စစ်ကားသစ် တစ်စီးလည်း ဖြစ်နိုင် ပြန်ပါတယ်။ ဒါပေမယ့်လည်း ဒီနေရာမှာ နည်းနည်း ဒွိဟ ထပ်ဖြစ်နိုင်တာက Hyundai ရဲ့ မျိုးဆက် သစ် လျှပ်စစ် ကားတွေမှာ Ioniq ဆိုတဲ့ နာမည်ကိုပဲ သုံးသွားဖို့ ရှိနေတာက သေချာသလောက် ဖြစ်နေတာ ပါ။ လက်ရှိမှာတော့ Crossover ကားတစ်စီး အရွယ်ရှိတဲ့ Ioniq5 Hatchback ၊ အသစ်ထွက်လာမယ့် ခပ်ပါးပါး ကိုယ်ထည်နဲ့  Ioniq6 Sedan တို့ကို တွေ့မြင်ထားရပြီး ပိုကြီးတဲ့ Ioniq7 Crossover ကားလည်း ဆက်တိုက် ထွက်လာဦးမှာပါ။ လာမယ့် ၂၀၃၀ အရောက်မှာတော့ Hyundai ကနေ Sedan ၃ စီး ၊ SUV ၆ စီး နဲ့ လုပ်ငန်းသုံး ယာဉ်တစ်စီး စုစုပေါင်း လျှပ်စစ်ကား ၁၁ မျိုး အထိကို ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် ထူးခြားတာ တစ်ခုကတော့ ကုမ္ပဏီဘက်ကနေ ပြီးခဲ့တဲ့ လပိုင်း တုန်းကမှ ပြောကြားထား ခဲ့ဖူးတဲ့ New Type Model တစ်မျိုးဆိုတဲ့ ကားအကြောင်းပါပဲ။ ဒါကြောင့် အခု ကားက အဆိုပါ လျှပ်စစ်ကားသစ် ၁၁ စီးထဲက တစ်စီးလား ၊ ဒါမှမဟုတ် New Type Model ဆိုတဲ့ ကားဖြစ်လာနိုင်ပြီး Ioni 5/6/7 တို့လို နံပါတ်နဲ့ မဟုတ်ပဲ နာမည်သီးသန့်နဲ့ ကားဖြစ်လာမှာလား ဆိုတာကတော့ စဉ်းစား‌စရာတွေ ဖြစ်နေပါတယ်။

Photo Credit: CARBUZZ

နောက်တစ်ချက် ရှိတာကတော့ Hyundai ရဲ့ လက်ရှိဈေးကွက်ပြိုင်ဆိုင်မှုတွေထဲမှာ မရှိသေးတဲ့ ကားတစ်စီး လည်း ဖြစ်လာနိုင်ပြီး Ford F-150 Lightning တို့ကိုယှဉ်မယ့် Pickup Truck ဒါမှ မဟုတ် ၊ Sports Car တွေ အထိလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပြန်ပါတယ်။ နောက်ဖြစ်နိုင်ချေ တစ်ခု ကတော့ ၂၀၁၂ ကတည်းက ပြသထား ခဲ့ဖူးတဲ့ i-Oniq EV Concept ပါပဲ။ အဆိုပါ ကားကိုမှ Electric Sports Hatchback အနေနဲ့ ဒီဇိုင်းပြောင်းပြီး အမှန် တကယ် ထုတ်လုပ်လာနိုင်မှာ ဆိုရင် New Type Model ဆိုတဲ့ အဓိပ္ပါယ်နဲ့တော့ ပိုကိုက်လာနိုင်ပါတယ်။ Hyundai ရဲ့ သာမန် ICE အင်ဂျင်တွေ ဘယ်လောက်အထိ ကောင်းတယ်ဆိုတာ သိပြီးသားဖြစ်သလို N တံဆိပ် နဲ့ ကားအသစ်တွေ ကလည်း တော်တော် စွဲလမ်းစရာပါ။ ယခင် i-Oniq ကား Concept ရဲ့ နောက်ဆက်တွဲ RM 20e Prototype ကလည်း တစ်စီး ဖြစ်နိုင် ချေရှိနေတာကြောင့် Hyundai တို့က ဘယ်လို ကားမျိုးကို လျှို့လျှို့ဝှက်ဝှက် ဖွက်ထားသလဲ ဆိုတာကိုတော့ စိတ်ဝင်တစားပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref:carbuzz.com