ကားတွေကို ထုတ်လုပ်ပြီး ရောင်းချပြီးကာမှ ပြန်လည်သိမ်းဆည်းရမှုတွေ အထဲ ဒီတစ်ခုကတော့ အထူးခြားဆုံး ဖြစ်နေပါလိမ့်မယ်။ ကား မီးလောင်နိုင်လို့ ရုတ်တရတ် ကားထဲက ထွက်ပြေးရမယ့် အခြေအနေမျိုးတွေ ကိုလည်း မကြုံကြဖူးသေးပါဘူး။ အထူးသဖြင့် ပြန်လည် သိမ်းဆည်းရတဲ့ Error အတော်များများမှာ ကားမောင်းနေရင်း ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တော့မှာ မျိုးတော့ မရှိကြသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု 2022 Hyundai Santa Fe ကားမှာတော့ ကားမောင်းနေရင်း ကျွမ်းထိုးမောက်‌ခုံတွေဖြစ်သွားနိုင်တဲ့ Error တစ်ခု ဖြစ်နေ လို့ ပြန်လည် သိမ်းဆည်းရတော့မှာပါ။

Photo Credit: motor 1.com

ဒါပေမယ့် ကားကြီး တစ်စီးလုံး မောင်းနေရင်း ပက်လက်လန်သွားမှာတော့ မဟုတ်သေးပါဘူး။ အဓိက ကတော့ Digital Instrument Cluster ပေါ်က အချက်အလက်တွေ အကုန်လုံး ရုတ်တရတ် ဇောက်ထိုးဖြစ်သွားနိုင်နေတာပါ။ ပြန်လည် သိမ်းဆည်းရမယ့် ကားတွေထဲမှာ ဆိုရင်တော့ Hyundai ရဲ့ အဆိုအရ စုစုပေါင်း ၇၁၄ စီး အထိ ရှိပြီး အဲ့ဒီအထဲမှာမှ Hybrid အမျိုးအစားက ၂၉၃ စီးနဲ့ Plug-In Hybrid အမျိုးအစားက ၄၂၁ စီး အထိ ရှိနေပါတယ်။ လက်ရှိ အချိန်အထိ အဆိုပါ ပြဿနာကြောင့် မတော်တဆ ဖြစ်ရပ်တွေ မကြားဖူးသေးပေမယ့် လည်း အခုလို အချက် အလက် ပြတာတွေ ဇောက်ထိုးမှား သွားမယ်ဆိုရင်တော့ မတော်တဆမှုတွေ ကြုံသွားရနိုင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Speedometer တွေနဲ့ ပတ်သက်တဲ့ တစ်ချို့သော ဥပဒေတွေနဲ့ ညှိစွန်းနေသလို ကားမောင်းနေရင်းနဲ့ ရုတ်တရက် ဖြစ်တာကြောင့် ယာဉ်မောင်းအဖို့လည်း နံပါတ်တွေ အချက်အလက်တွေ အကုန်လုံးကို မှန်မှန်ကန်ကန် သိနိုင်တော့မှာ မဟုတ်ပါဘူး။

Photo Credit: motor 1.com

အဆိုပါ ပြဿနာ ကတော့ Cluster ပေါ်မှာ တပ်ဆင်ထားတဲ့ Resistor နေရာလွဲပြီး သေချာ အထိုင်မကျတာကြောင့် ဖြစ်တယ်လို့ က‌နဦး စုံစမ်းသိရှိရပါတယ်။ ဒီနေရာမှာတော့ ရာသီဥတု အပူချိန် အရမ်းအေးတဲ့ အခါမျိုးမှာ ဖြစ်လာနိုင်တယ်လို့ သိရပြီး နည်းပညာပိုင်း အရတော့ ရာသီဥတု အရမ်းအေးသွားတာက အခုလို Resistor တွေကို ဇောက်ထိုး ဖြစ်သွားစေတာကတော့ ထူးခြားလို့ နေပါတယ်။ ဒါပေမယ့် နောက် ပိုင်း အချက်အလက်တွေ အရတော့ ကားစက်နှိုးထားလို့ ပူနေရင် ကားမောင်းနေရင် ဖြစ်နိုင်ချေ မရှိသလောက် နည်းနေသေးတယ်လို့ သိရ တာကြောင့် တော်သေးတယ်လို့ပဲ ဆိုရမှာပါ။ ပြန်လည် ပြင်ဆင်ပေးဖို့ကတော့ အတော်လေး ရိုးရှင်းပြီး အခု ပြဿနာရှိနေတဲ့ ကားတွေ အကုန်လုံးမှာ LCD Screen အသစ်တွေကို လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၁ အောက်တိုဘာ လ ၂၁ ရက် နေ့ကနေ ဒီဇင်ဘာ လ ၁ ရက် နေ့အထိ ထုတ်လုပ်ခဲ့တဲ့ Santa Fe ကားတွေထဲ အကုန် လုံးတော့ ပြန်လည် သိမ်းဆည်းရမယ့် အထဲ ပါဝင်နေပါတယ်။ ပြန်လည်သိမ်းဆည်းခံရမယ့် ကားပိုင်ရှင်တွေ ဆီကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာပဲ စတင် ဆက်သွယ် အကြောင်းကြားလာ တော့မှာ ဖြစ်တာကြောင့် Hyundai Santa Fe ပိုင်ရှင်တွေတော့ မျက်ခုံးလှုပ်နေရပြီ ဖြစ်ပါတယ်။

Ref: motor 1.com