တောင်ကိုရီးယား ကားကုမ္ပဏီကြီး Hyundai ကတော့ သူတို့ရဲ့ လျှပ်စစ်ကား အနာဂါတ်တွေကို အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်ဆောင်နေပြီဖြစ်ပြီး အခုလ အစောပိုင်းလောက်ကပဲ Ioniq 6 ဆိုတဲ့ Sedan ခပ်ပါးပါး တစ်စီးကို ချပြထားပြီး ပါပြီ။ နောက်ရက် အနည်းငယ်လောက်မှာပဲ Hyundai ကနေ RN 22e ဆိုတဲ့ Ioniq 6 ကားသစ်ကို အခြေခံ ထားတဲ့ စွမ်းဆောင်ရည်မြင့် Concept တစ်စီးကို ချပြလိုက်ပြန်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ Concept ကိုမှ အသေးစိတ် မြင်ရတဲ့ အနေအထားကို CarSceneKorea YouTube Channel ကနေ ရိုက်ပြထားခဲ့ပြီး နောက်ထပ် အသစ်လာမယ့် လျှပ်စစ် N ကားအသစ်လားလို့တောင် ထင်စရာရှိလာပါတယ်။ Video ထဲမှာတော့ ကားရဲ့ ပိုကောင်းတဲ့ ဒီဇိုင်းပိုင်း အသေးစိတ်ကို ပိုမြင်ရအောင် ချပြထားသလို Headlights တွေ အပေါ်မှာရှိတဲ့ Eyelids လို နေရာမျိုးတွေ က အစ အသေးစိတ် ရိုက်ပြထား ပါတယ်။ ကားမှာတော့ ပိုပြီး Aggressive ဖြစ်တဲ့ အရှေ့ဘက် ဒီဇိုင်းကို သုံးထားပြီး ပိုပြီးလည်း ခပ်ကျယ်ကျယ် ရှိတဲ့ Side Skirts တွေ၊ ပိုထင်ရှားလာတဲ့ Fender Flares တွေအပြင် Spoiler အထက်မှာ ရှိတဲ့ ပိုကြီးတဲ့ အနောက်ဘက် တောင်ပံကြီးတွေကို သုံးထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Ioniq 6 မှာပါခဲ့တဲ့ Active Front Aero ဒီဇိုင်းကိုတော့ အခု Concept မှာ မပါလာတော့ပဲ Concept မှာတော့ ၂၁ လက်မ အရွယ်ဘီးတွေကို N Model တွေရဲ့ အမှတ်သညာလို ဖြစ်နေတဲ့ အနီရောင် Accent တွေ ထည့်သုံးပေးထား လိုက်ပါတယ်။ ဒါ့အပြင် RN 22e ရဲ့ ကိုယ်ထည်ပိုင်းကတော့ ပိုလည်း ကျယ်သလို ၊ Ventsတွေ နဲ့ အခြားသော အပေါက် တွေကိုလည်း အရှေ့အနောက် နေရာစုံ ထည့်ပေးထားပါတယ်။ အတွင်းခန်းမှာတော့ ထူးထူးခြားခြားပဲ ထိုင်ခုံ အနောက်တန်း ဖြုတ်ထားကာ Roll Cage နဲ့ အစားထိုးထားပါတယ်။ Hyundai ရဲ့ အင်ဂျင်နီယာတွေကတော့ Cabin အတွင်း ပိုင်းမှာ ပိုကောင်းတဲ့ မောင်းနှင်မှု အတွေ့အကြုံတွေ ကိုရလာနိုင်ဖို့အတွက် အသံတုတွေကို မျိုးစုံစမ်းသပ် သုံးစွဲ နိုင်အောင် ပြင်ဆင် ပေးထားပါတယ်။ Concept အနေနဲ့ ကတော့ 577 hp အထိ စွမ်းဆောင်ထားနိုင်ပြီး Kia EV6 GT နဲ့ အတူတူပဲ ရှိနေကာ အနာဂါတ်ရဲ့ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကားတွေအတွက် နမူနာတစ်ခုလို ရှေ့ဆောင်လမ်းပြ ‌ဖြစ်နေမှာပါ။ အခု ကားကတော့ တစ်ဖက်က ဟိုက်ဒရိုဂျင် စွမ်းအင်သုံး Concept Hyundai N Vision 74 ကားနဲ့လည်း Sibling Car တွေ အဖြစ် အတူတူ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု RN ကားကတော့ Hyundai ရဲ့ Electric Global Modular Platform ကို သုံးထားမယ့် ပထမဆုံးသော အစမ်း သပ်ခံ ကားလည်း ဖြစ်လာဦးမှာပါ။

Photo Credit: motor 1.com

Ioniq 6 ကားတုန်းကလည်း အခုလိုမျိုး E-GMP Platform ပေါ် အခြေခံ ဖန်တီးထားတာကြောင့် အခု Concept ကို တော့ All-Electric N Model တစ်မျိုး ဖြစ်လာလိမ့်မယ်လို့ပဲ ယူဆထားကြပါတယ်။ အများဆုံး မျှော်လင့်ထားတာ ကတော့ အခု Concept ကို Ioniq6 N Version အနေနဲ့ ထွက်လာနိုင်ဖို့ ပါပဲ။ Hyundai တို့ ကတော့ Ioniq 5 N ကား ကို ဖန်တီးထားပြီး ဖြစ်တာကြောင့် အခုလိုမျိုး Lineup တစ်ခုအနေနဲ့ Ioniq 6 N ပါ ထွက်လာမယ်ဆိုရင် ‌အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းနေဦးမှာပါ။ လက်ရှိမှာတော့ အခုမြင်ရတဲ့ RN22eက Concept အဆင့်ပဲရှိသေးတယ် ဆိုပေမယ့် အနာဂါတ် အတွက်ကတော့ စွမ်း ဆောင်ရည်မြင့် N Model တွေဖြစ်လာနိုင်ကာ ပြိုင်ကား လမ်းကြောင်းတွေ အတွက်လည်း အဆင်သင့် ဖြစ်နေတဲ့ စွမ်းဆောင်ရည်တွေဖြစ်လို့ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ကား တစ်စီးအဖြစ် စောင့်ကြည့်ချင်စရာ ကောင်းနေပါပြီ။

Ref: motor 1.com