Hyundai ရဲ့ ဟိုက်ဒရိုဂျင် Fuel Cell နည်းပညာ ပိုင်းတွေနဲ့ ပတ်သက်လို့ အခက်အခဲ တစ်ချို့ရှိနေတဲ့ အကြောင်းကို မနှစ်က နှောင်းပိုင်းလောက်က သတင်းတွေ ထွက်ပေါ်လာခဲ့ဖူး ပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်တုန်းကတော့ Hyundai ရဲ့ ပြောရေးဆိုခွင့် ရသူ ကတော့ သူတို့ရဲ့ တတိယမြောက်မျိုးဆက် Fuel Cell နည်းပညာအပိုင်းတွေဟာ ဆက်လက် တိုးတက်နေဆဲ ဖြစ်ပြီး အဆင်ပြေပြေ လုပ်ဆောင်နေဆဲ ဖြစ်ပါ တယ် ဆိုပြီး ပြန်ရှင်းထားခဲ့တာပါ။ ဒါပေမယ့်လည်း အခုနှစ်မှာတော့ အလားတူ ပြဿနာတစ်ချို့ကိုပြန်ပြီး ကြားလာ ရပြန်ပါတယ်။ Automotive News Europe ရဲ့ သတင်းအရတော့ Hyundai ဟာ သူတို့ရဲ့ ဒုတိယမြောက် မျိုးဆက် Nexo ကားသစ်ကို ချပြဖို့ နောက်ဆုတ် နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ Crossover ကားကတော့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ထားတာဖြစ်ပြီး လာမယ့် နှစ် တစ်ဝက် လောက်မှာတင် ချပြဖို့အတွက် စီစဉ်ထားတာ ဖြစ်တာပါ။ ဒါပေမယ့်လည်း အဆိုပါ ကားသစ်ကို မြင်ရဖို့ အတွက်ကတော့ လာမယ့် ၂၀၂၄ လောက် အထိ နောက်ဆုတ်သွားဖွယ် ရှိနေပါတယ်။ သတင်းအရတော့ အခု နည်းပညာပိုင်း ကို အဓိက တိုးတက်အောင်လုပ်ရမယ့် Supplier အပိုင်း လိုအပ်ချက် ရှိနေပုံရပြီးဒါကြောင့်ပဲ Hyundai ရဲ့ ဟိုက်ဒရိုဂျင် Fuel Cell အပိုင်းမှာ ပြဿနာရှိနေပြန်ပြီ ဆိုတဲ့ သတင်းတွေ ထွက်လာပြန်တာပါ။ လောလော ဆယ် မှာတော့ Hyundai ဘက်ကနေ ဘာမှ အကြောင်းပြန်ထားတာမျိုး မကြားသိရသေးပါဘူး။

Photo Credit: motor 1.com

Seoul Economic Daily သတင်းအရ ဆိုရင်တော့ Hyundai ဟာ သူတို့ရဲ့ ဇိမ်ခံ Brand ဖြစ်တဲ့ Genesis ကနေလည်း ဟိုက်ဒရိုဂျင် ကားတွေ ထုတ်လုပ်နိုင်ဖို့ကို သေချာ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ မနှစ် တုန်းကတော့ ကုမ္ပဏီ ကနေ Hydrogen Vision 2040 ဆိုတဲ့ အစီအစဉ် တစ်ရပ်ကို မနှစ်တုန်းကမှ တရား ဝင် ကြေညာခဲ့တာ ဖြစ်လို့ အများ ကလည်း စိတ်ဝင်စားလာ ကြတာပါ။ ဒါပေမယ့် အဆိုပါ မျိုးဆက်သစ် Fuel Cell နည်းပညာအတွက် အဓိက အဟန့် အတား ဖြစ်နေစေတာကတော့ သာမန် ဟိုက်ဒရိုဂျင်ထက် ၃၀% လောက် ပိုသေးပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် ကိုလည်း ၅၀% လောက် အထိ သက်သာစေဖို့ အတွက် ရည်ရွယ်ထားလို့ပဲ ဖြစ်ပါပဲ။ Hyundai ကတော့ အဆိုပါ တတိယမြောက် မျိုးဆက် Fuel Cell နည်းပညာမှာ ဆိုရင် 100 kW နဲ့ 200 kW ပမာဏ တွေနဲ့ရလာ နိုင်မယ်လို့ ဆိုထား ပြီး 200 kW ပမာဏ ဆိုတာကတော့ လက်ရှိ မျိုးဆက် Nexo ကားမှာ သုံးပေးထားတဲ့ အရွယ်အစားနဲ့ အတူတူပါပဲ။ နည်းပညာသစ်ရဲ့ နောက်ထပ် ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ရပ်ကတော့ အကြမ်းခံနိုင်မှုကို ၅၀% ကနေ ၁၀၀% လောက် အထိကို အတော် လေး တိုးတက်လာအောင် စီစဉ်နေတာဖြစ်ပြီး အထူးသဖြင့် မိုင်ပေါင်း ၃၁၀,၆၈၅ မိုင် ပမာဏ လောက် အထိ ကို အထိအခိုက် မရှိ မောင်းနိုင်တာမျိုး ဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေကိုလည်း အခု လက်ရှိ နည်းပညာ ထက် တစ်ဝက်လောက်အထိကို လျော့ကျထားစေမှာဖြစ်ကာအခု ဆယ်စုနှစ် အကုန်လောက်မှာတင် လက်ရှိ လျှပ်စစ် ကားတွေရဲ့ ဈေးနဲ့ အတူတူလောက် ဖြစ်အောင် ဖန်တီးပေးနိုင်မှာပါ။

Photo Credit: motor 1.com

ဒါ့အပြင် လက်ရှိမှာတော့ Vision FK လို့ အမည်ရတဲ့ Rear Wheel Drive စနစ်သုံး Hydrogen ကားရဲ့ စွမ်းဆောင်ရည် ပိုင်းတွေကို ကုမ္ပဏီဘက်က နမူနာ ပြထားပါတယ်။ အဆိုပါ Concept ကတော့ Kia Stinger နဲ့ အရွယ်အတူတူ လောက် ဖြစ်တဲ့ တံခါး ၂ ပေါက်ပါ Sport ကား Concept ဖြစ်ပါတယ်။ စွမ်း ဆောင်ရည်ပိုင်း ကတော့ 671 hp ရှိပြီး တစ်နာရီ ၆၂ မိုင်နှုန်းအထိအရှိန်တင် နိုင်ဖို့ဆိုရင်တော့ ၄ စက္ကန့် အောက်ပဲ အချိန်ယူရမှာပါ။ ကားရဲ့ Range ကတော့ ဟိုက်ဒရိုဂျင် Fuel Cell တစ်ကန် ဖြည့်ထားရင် ၃၇၃ မိုင် အထိကို မောင်းနိုင်မယ်လို့ သိရပါတယ်။ ကားသစ် ထွက်လာ ဖို့ မသေချာ သေးပေမယ့်လည်း အခုနှစ် မေလ အထိမှာတော့ တောင်ကိုရီးယား ဈေးကွက်ထဲမှာ Nexo ကား ၃,၉၇၈ စီးရောင်းချ ခဲ့ရပြီး တစ်ခြား သော ဈေးကွက် တွေထဲမှာတော့ အစီးရေ ၁၂၀ စီး အထိ ရောင်းချခဲ့ရပါတယ်။

Ref: motor 1.com