တောင်ကိုရီးယားကား ကုမ္ပဏီ Hyundai ကတော့ မကြာသေးမီကပဲ ခပ်ဆန်းဆန်း တီထွင်မှုတွေကို မူပိုင် ခွင့်တွေ တင်လာပါတယ်။ အစပိုင်းတုန်းကတော့ ဘက်စုံသုံးနိုင်မယ့် တံခါး ဒီဇိုင်းအဆန်းတွေ ဖြစ်ပြီး နောက် ပိုင်းမှာတော့ Windshield Screen ဆိုတာ မျိုးတွေ ပါ ပါလာပါတယ်။ အဆိုပါ Screen ဆိုတာကတော့ Hyundai Ioniq 5 မှာလိုမျိုး Wipers တွေနဲ့ Windscreenတွေ ကိုသုံးပြီး လေကာမှန် ပေါ်မှာတင် ကားရဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်တာ မျိုး ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ နောက်ပိုင်း ကားမော်ဒယ် တွေမှာ ပါလာဦးမယ့် နည်းပညာ ခပ်ဆန်းဆန်း တစ်မျိုးကိုလည်း Hyundai တို့ ဖန်တီးနေပါသေးတယ်။ အဆိုပါ စနစ်ကတော့ အမေရိကမှာ လတ်တလောကမှ မူပိုင်ခွင့် မှတ်ပုံတင်လာတဲ့ “မျက်လုံးက တစ်ဆင့် အာရုံခံစနစ်” ဆိုတာပါပဲ။ အတိုချုံးရရင်တော့ မျက်လုံးက ခိုင်းစေသမျှကို ကားရဲ့ နည်းပညာတွေ လိုက်လုပ် ပေးတော့မယ့် ပုံပါပဲ။ နမူနာ နည်းပညာမှာ ဖော်ပြထားချက် အရ တော့ Iris Scanner တွေကိုသုံး ပြီး ရုပ်ရှင် တွေထဲကလိုမျိုး ယာဉ်မောင်းရဲ့ အချက်အလက် တွေကို မျက်လုံးကနေ တစ်ဆင့် တိုက်ဆိုင် စစ်ဆေးသွားဖို့ ရှိနေတာပါ။ အဆိုပါ စနစ်မှာတော့ အနီအောက် ရောင်ခြည်ကိုသုံးထားပြီး မျက်နှာ ပေါ်မှာ အခြား အရာတစ် ခုခု ရှိနေလို့ Scan ဖတ်မရဘူး ဆိုတာမျိုးလည်း မရှိအောင် ဖန်တီးပေးထားဦးမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

တကယ်လို့ ယာဉ်မောင်းက ဦးထုပ်တွေဘာတွေ ဆောင်းထားမယ် ဆိုရင်တောင် အဆိုပါ အနီအောက် ရောင် ခြည်က ကောင်းကောင်း ထောက်လှမ်းပေးနိုင်ကာ ကားရဲ့အလင်းရောင် အနေအထားတွေ လိုအပ်မယ်ဆိုရင် ပို အဆင်ပြေစေမယ့် စတီယာတိုင် အနေအထားတွေကအစ အလိုအလျောက် ထိန်းညှိပြောင်းလဲ ပေးသွား မယ့် အထိ စွမ်းဆောင် နိုင်ပါလိမ့်မယ်။ အခု စနစ်ရဲ့ တစ်ချို့သော ပုံရိပ်တွေထဲမှာ ဆိုရင်တော့ စတီယာတိုင် နားကနေ ထောက်လှမ်း နေတာမျိုးတွေ တွေ့ထားရတာကြောင့် အဆိုပါ ကင်မရာတွေနဲ့ အနီအောက် ရောင် ခြည်သုံး Sensor တွေက ကားရဲ့ Gauge Cluster ထဲမှာ ထည့်ထားပုံ ရပါတယ်။ ဒီ နည်းပညာကတော့ အနာဂါတ်ရဲ့ မောင်းသူမဲ့ စနစ် တွေမှာပါ အသုံးဝင် လာနိုင်ပြီးကားက အလိုအလျောက် မောင်းမထွက်ခင် ပိုင်ရှင်ဟုတ်ရဲ့လား ဆိုတာကိုလည်း စိစစ် ပေးနိုင်ဦးမှာ ဖြစ်ကာ ကိုယ့်ကား ကိုယ်မောင်းတယ် ဆိုတာ သေချာမှလည်း ကားက အလိုအလျောက် မောင်းသွား တာ မျိုး ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အခု မူပိုင်ခွင့် အရတော့ ကားရဲ့ စတီယာတိုင် အနေအထားတွေ ၊ ဘီး အနေအထား တွေက အစ ယာဉ်မောင်းရဲ့ မျက်လုံး အကြည့်တွေမှာ မူတည်ပြီး လိုက်လံချိန်ညှိ ပေးနိုင်ဦးမယ်လို့ သိရကာ ကြိုက်တဲ့ ပုံစံကို မှတ်သား ပေးထား နိုင်မယ့် စနစ်လည်း ပါဝင်ပါသေးတယ်။

Photo Credit: CARBUZZ

ဒီစနစ်ရဲ့ ပြောစရာ မလိုလောက်အောင် အရေးကြီးတဲ့ တစ်ပိုင်းကတော့ လုံခြုံရေးပိုင်းပါပဲ။ တကယ်လို့ တစ် ယောက်ယောက်က ကားကို ခိုးယူဖို့ အပိုင်စီးဖို့ ကြိုးစားနေတယ် ဆိုလည်း ကိုယ့်ရဲ့ ဇီဝ အချက်အလက် တွေနဲ့မတူ ရင် လုံးဝလုပ်လို့ မရတာကြောင့် ကောင်းကောင်း အထောက်အကူ ပြုနိုင် ပါသေးတယ်။ ဒါ့အပြင် ကားရဲ့ ပိုင်ရှင်တွေ ကို ကားကအသိအမှတ်ပြုရမှာတော့ ကလေးတွေရဲ့ အခြေအနေကိုလည်း သိရှိနိုင်အောင် အခု နည်းပညာသစ်မှာ ဖန်တီး ပေးလာနိုင်သေးတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခုလိုမျိုး ဇီဝလုံခြုံရေး စနစ်တွေကို တစ်ချို့ Hyundai ကားတွေ မှာ ကတည်းက အသုံး ပြုနေကြပြီ ဖြစ်ပြီး Genesis GV 70 မှာ ဆိုရင် ကား ပိုင်ရှင်တွေက လက်ဗွေရာ စနစ် ကို အသုံးပြုနိုင် နေပါပြီ။ ဒါ့အပြင် ကားကို အဖွင့်အပိတ် လုပ် တာတွေ ၊ စက်နှိုးတာတွေ အထိကိုလည်း မျက်လုံး ထောက်လှမ်းတဲ့စနစ် Iris Scanner နဲ့ လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ အနာဂါတ်မှာ ပေါ်လာမယ့် ကား တွေဟာ သော့လုံးဝ မလိုတော့တဲ့ ကားတွေ ဖြစ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ အချိန် ဘယ်လောက် ကြာကြာစောင့်ရမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည် နေတော့တာ ဖြစ်ကာ တစ်ချိန် တည်းမှာပဲ နာမည်ကျော် မာစီးဒီး တို့ကလည်း အလားတူ နည်းပညာ တစ်မျိုးကို ဖန်တီး နေတယ်လို့ သိရတာကြောင့် ဘယ်သူ့ရဲ့ နည်းပညာတွေက ဘယ်လို အောင်မြင်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: carbuzz.com