SUV ကားတွေနဲ့  Hatchback ကားတွေ ရဲ့ သာမန် ကား‌နောက်ဖုံး ဒီဇိုင်းအစား အနာဂါတ်မှာ ပိုအဆင်ပြေ စေမယ်လို့ ယူဆရတဲ့ ကားအမိုးပေါ် လိပ်တင်နိုင်မယ့် နောက်ဖုံးဒီဇိုင်းကို Hyundai တို့ မူပိုင်ခွင့်တင်သွင်း ခဲ့တာဟာ ရက်ပိုင်း လေးပဲ ရှိပါသေးတယ်။ အဆိုပါ ဒီဇိုင်း အသစ်ကတော့ အမိုးနိမ့်တဲ့ ဂိုဒေါင်တွေ ၊ ကားက နံရံနားကိုကပ်ပြီး ရပ်ထား ရတဲ့ နေရာမျိုးတွေမှာ ဆိုရင် နောက်ဖုံးကို ဖွင့်ဖို့အတွက် အတော်လေး အဆင်ပြေ စေမယ့် တီထွင်မှုလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အခုလို SUV ကားတွေရဲ့ ကားနောက်ဖုံးပိုင်းနဲ့ ပတ်သက် လို့ Customers တွေ အဆင်ပြေစေအောင် Hyundai ရဲ့ ဒီဇိုင်း အင်ဂျင်နီယာတွေ ကတော့ အတော်လေး တီထွင်ဆန်းသစ် စဉ်းစားပေးနိုင်တယ်လို့ ဆိုရမှာပါ။ အခုဆိုရင်လည်း နောက်ထပ် နောက်ဖုံး ဒီဇိုင်းအသစ် တစ်ခုကို မှတ်ပုံတင်ဖို့ ထွက်ပေါ် လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ အခု ဒီဇိုင်းအသစ်ကိုလည်း ဂျာမနီရဲ့ မူပိုင်ခွင့်ဆိုင် ရာ ရုံးမှာမှတ်ပုံတင်ဖို့ ရှိလာခဲ့တာ ဖြစ်ပြီး Hyundai Ioniq 7 လို အနာဂါတ် SUV ကားအသစ်မျိုးမှာ ပါလာ နိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အဓိကကတော့ အနောက်ဘက် တံခါး အကြီးတစ်ခု အစား Mini Clubman ကားမှာလိုမျိုး တံခါး ၂ ချပ် အထိကို ထည့်သွင်းပေးထားတာ ဖြစ်ပြီး အခု Hyundai ရဲ့တံခါးကတော့ လုပ် ဆောင်ချက်တွေ ပိုစုံလင်ပါတယ်။

Photo Credit: CARBUZZ

အခု ကားတံခါးရဲ့ ဒီဇိုင်း အသစ်ကတော့ ယာဉ်ရဲ့ အနောက်က ဘေးတစ်ဖက်တစ်ချက်ဆီကို ကပ်ပြီး ဖွင့်နိုင် တဲ့ ပုံဖြစ်ပြီး တံခါး အဖွင့်အပိတ် တင်သာမကပဲ လုပ်ဆောင်ချက် အမျိုးမျိုးကိုပါ ဖန်တီးပေးနိုင်မယ့် တီထွင်မှု တစ်ရပ် အနေနဲ့ အသုံးဝင်မှာ ဖြစ်ပါတယ်။ တံခါးရဲ့ အတွင်းကတော့ ကားအတွင်းဘက်ကို မျက်နှာမူထား တာဖြစ်ပြီး အပြင်ဘက်ကလည်း ကားရဲ့အပြင်ဘက်ကို ရိုးရိုးရှင်းရှင်းပဲ မျက်နှာမူထားတာပါ။ လုပ်ဆောင် ချက် အစုံဆိုတဲ့ နေရာမှာတော့ အဆိုပါ တံခါးတစ်ခုစီ ရဲ့ အတွင်းဘက်မှာ  ခေါက် ထိုင်ခုံအသေးလေးတွေ ကိုတပ်ဆင် ထားတာ ဖြစ်ပြီး ကားတံခါးကို ဖွင့်လိုက်တာနဲ့ အပြင်ဘက်ကို ဖွင့်ချပြီး ထိုင်လို့ရမှာ ဖြစ်ပါတယ်။ အခုပုံတွေ မြင်ရတဲ့ အတိုင်း အနောက်ဘက်ကို မျက်နှာမူထားတဲ့ ထိုင်ခုံလေးတွေနဲ့ ထိုင်နိုင်မှာ ဖြစ်ပြီး ခေါက် သိမ်း လို့လည်း ရတာကြောင့် အတော် လေးတော့ အဆင်ပြေလာနိုင်ပါတယ်။ Hyundai အနေနဲ့ အဆိုပါ တံခါးတွေကိုဖွင့်ထားမယ်ဆိုရင် ဖြစ်လာနိုင်မယ့် ပုံရိပ်တွေကိုလည်း စိတ်ကူးယဉ်ပုံဖော်ထားပြီး ကမ်းခြေ တွေပဲ သွားသွား ၊ ပျော်ပွဲစားပဲ ထွက်ထွက် ခေါက်ထိုင်ခုံလေး တွေကို ချပြီး ထိုင်လိုက်ရုံပါပဲ။ အဆိုပါ တံခါး အသစ်ကိုတော့ Party Gate လို့ လောလောဆယ် အမည်ပေးထားပြီး အတော်လေးလည်း လိုက်ဖက်ပါ တယ်။Photo Credit: CARBUZZ

ဒါ့အပြင် အဆိုပါတံခါးမှာတော့ ခေါက်သိမ်းထားလို့ရမယ့် စားပွဲတစ်လုံးလည်း ပါဦးမှာဖြစ်ပြီး သောက်စရာ တွေ ဘာတွေ ထည့်ထားချင်ရင်လည်း အဆင်ပြေနိုင်မှာပါ။ အခု တံခါးဒီဇိုင်းနဲ့ အလုပ်ဖြစ်နိုင်တာကတော့ တကယ်ကို ကြီးမားတဲ့ မိသားစုစီး SUV တွေ ဒါမှမဟုတ် ခရီး အစုံသွားနိုင်ဖို့ စီစဉ်ထားတဲ့ လမ်းကြမ်းပိုင်း ကားတွေ အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အခု နည်းပညာကို လက်ရှိမှာ Conceptအနေနဲ့ ထား‌ထား သေး တာလား ဒါမှမဟုတ် တကယ် ပဲ ထုတ်လုပ်တဲ့ အဆင့်ထိ ရောက်လာတော့မှာလား ဆိုတာကတော့ မသေ ချာသေးပါဘူး။ ဆန်းသစ်တဲ့ ဒီဇိုင်း အနေနဲ့ပဲ မြင်လိုက်ရပြီး မထုတ်လုပ်ဖြစ်တာ မျိုးတွေလည်း ရှိတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အခု ဒီဇိုင်းအသစ် အဆန်းလေးကို လည်း ဘယ်လောက် အဆင့်အထိ ထုတ်လုပ်လာနိုင် မလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com