Hyundai Motor Group ကတော့ မကြာသေးမီကမှ လျှပ်စစ် ကားတွေ ထုတ်လုပ် တပ်ဆင်ရာမှာ အခြေခံ အသုံး ပြုမယ့် E-GMP ဆိုတဲ့ Platform ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား အင်အားကြီး ကား ကုမ္ပဏီကတော့ အခုဆိုရင် နောက်ထပ် မျိုးဆက်သစ် Platform ကိုပါ ထုတ်လုပ်တော့မှာ ဖြစ်ပြီး Hyundai ၊ Kia နဲ့ Genesis ကားတွေရဲ့ အစိတ်အပိုင်းတွေမှာပါ သုံးလို့ရအောင် စီစဉ်နေတာပဲ ဖြစ်ပါတယ်။ အဆိုပါ Platform အသစ် ကိုတော့ IMA (Integrated Modular Architecture) လို့ အမည်ပေးထားပြီး E-GMP Platform ရဲ့ ခေတ်သစ် ဒီဇိုင်း တစ်ခု ဖြစ်လာပြီလို့ ဆိုရမှာပါ။ အရင် E-GMP နဲ့ မတူတဲ့ တစ်ချက်ကတော့ ယာဉ်တစ်စီးချင်းစီ တိုင်း အတွက် မတူညီ တဲ့ ဘက်ထရီတွေကို ရွေးချယ်တပ်ဆင်နိုင်တာဖြစ်ပြီး Standard Battery တစ်မျိုးတော့ ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ Platform အသစ်မှာ သုံးမယ့် လျှပ်စစ်မော်တာကလည်း ၅ မျိုးအထိ ရှိမှာဖြစ်ကာ ထုတ်လုပ်ရေး ပိုင်းတွေမှာ ပို အဆင်ပြေ စေဖို့အတွက် အကုန်လုံး ပြင်ဆင်ပေးထားမှာပါ။ ယခင် E-GMP Platform နဲ့ သိသိသာသာ ကွဲပြားသွားစေတဲ့ တစ်ချက်ကတော့ ဘယ်လိုကားမျိုး အတွက် ပြုလွယ် ပြင်လွယ်တဲ့ ပုံစံနဲ့ အသုံးပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Hyundai Brand CEO Jaehoon Chang ကတော့ အခု Platform အသစ်က ခရီးသည်တင် ကားတွေ အတွက်ရော ၊ သီးသန့် ရည်ရွယ်ချက်တွေနဲ့ အထူးထုတ်မယ့် ကားတွေ အတွက်လည်း အဆင်ပြေစေ မယ်လို့ သိရပါတယ်။ အထူးသဖြင့် လူစီးအတွက်တင် မကပဲ ပစ္စည်းပို့ဆောင်ရေး ယာဉ် တွေနဲ့ အနာဂါတ် ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင် မှုယာဉ်တွေ အတွက်ပါ အဆင်ပြေ စေမယ့် သဘောဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ အမှီ Hyundai တို့ကတော့ လျှပ်စစ်ကားအသစ် ၁၁ မျိုးအ ထိ ထုတ်လုပ်မှာဖြစ်ပြီး Genesis ဘက်ကလည်း နောက်ထပ် ၆ မျိုး ထုတ်လုပ်သွားမှာပါ။

Photo Credit: MotorAuthority

ဒါပေမယ့် တစ်ခြားသော တောင်ကိုရီးယား ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Kia ကတော့ ဘယ်လောက်အထိ ထုတ်လုပ်မယ် ဆိုတာ မကြေညာ ထားသေးပဲ Hyundai ရဲ့ ရောင်းအား ရည်မှန်းချက်ကတော့ လာမယ့် ၂၀၃၀ မှာ ၁.၈၇ ဘီလီယံ လောက်အထိ ရှိမယ်လို့ CEO ကိုယ်တိုင်က တရားဝင် ထုတ်ဖော်ပြောကြား ထားပါတယ်။ Hyundai EV အသစ် တွေထဲမှာ ဆိုရင်တော့ Sedan အသစ် ၃ မျိုး ၊ SUV ၆ စီး ၊ အပေါ့စား စီးပွားဖြစ် ယာဉ်တစ်မျိုး ၊ Hyundai Lineup အတွက် တစ်ခါမှ မရှိဖူးသေးတဲ့ ယာဉ်အမျိုး အစားအသစ် တစ်မျိုးတို့ ပါဝင်လာပါတယ်။ အဆိုပါ ကားတွေထဲက နှစ်မျိုးကတော့ လက်ရှိသိထားရပြီး ဖြစ်တဲ့ အသစ်ထွက်လာမယ့်  Ioniq 6 Sedan နဲ့ လာမယ့် ၂၀၂၄ မှာ မြင်ရမယ့် Ioniq 7 SUV ကားတို့ပဲ ဖြစ်ပါတယ်။ Genesis ဘက်ကို ကြည့်မယ် ဆိုရင်တော့ SUV ၄ စီးနဲ့ နောက်ထပ် ယာဉ်အမျိုးအစားသစ် ၂ မျိုး ပါဝင်မှာပါ။ အဆိုပါ ကားတွေထဲ က ၂ မျိုးကတော့ အသစ်ထွက်လာတော့မယ့် GV70 SUV နဲ့ G80 Sedan ကားတွေပဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ကစလို့ Genesis တို့ကလည်း လျှပ်စစ်ကားတွေချည်း သီးသန့်ထုတ်လုပ် ပေးသွားတော့မှာပါ။ ဒါ့အပြင် Hyundai CEO က အခု Platform အသစ်ကို ကြေညာရင်း Redesigned Genesis G90 မှာ Level 3 အဆင့် မောင်းသူမဲ့ စနစ်ကိုပါ ရလာတော့မယ်ဆို တာ တစ်ပါတည်း ကြေညာခဲ့ပြီး အခု ဒုတိယနှစ်ဝက် လောက်မှာတင် တစ်ချို့ ဈေးကွက်တွေထဲ စတင်ဖြန့်ချီတော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် Hyundai Motor Group ရဲ့ Motional Self-Driving Division လို့ခေါ်တဲ့ မောင်းသူမဲ့ Delivery ဝန်ဆောင်မှုကိုလည်းအခု နှစ်ထဲမှာပဲ အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Santa Monica မှာ Uber Eats အတွက် စတင်ပေးနိုင် တော့မယ်လို့ သိရပါတယ်။

Ref: MotorAuthority