နာမည်ကျော် Hyundai N Line Model သစ်တွေတော့ ထပ်ပြီး တစ်ကျော့ပြန် ထွက်ရှိလာ ပါတော့မယ်။ အဆိုပါ N Line ကားသစ် ၂ မျိုး ရဲ့ Teaser ပုံရိပ်တစ်ချို့ကိုလည်း Hyundai ရဲ့ တရားဝင် Twitter စာမျက် နှာကနေ တနင်္လာ နေ့ ကပဲ အနည်းငယ် ချပြလာခဲ့ပြီး N Day အနေနဲ့ တရားဝင် မိတ်ဆက်ပေး မှာ ကတော့ လာမယ့် ဇူလိုင်လ ၁၅ ရက် နေ့မှာ ပဲ ဖြစ်ပါတယ်။ Teaser ပုံရိပ် အရတော့ ပုံထဲမှာပါတဲ့ ပြေးလမ်းကြီး တစ်ခုပေါ်မှာ ဝါးထားတဲ့ ကားလေးတစ်စီးရဲ့ ပုံရိပ် ကို မြင်ရတာဖြစ်ပြီး သေချာမဖော်ပြထား သေးပေမယ့် လည်း ကားကတော့ Hatchback ပုံစံ ဖြစ်နိုင်ကာ N Model တွေ အကုန်လုံး ရဲ့ ပွဲဦးထွက် အရောင်တွေ ဖြစ်တတ်တဲ့ Performance Blue ဆိုတဲ့ အပြာရောင်လေးတွေကို မြင်နေရတာ ပဲ ဖြစ်ပါတယ်။ အချိန်နဲ့ ကားရဲ့ သွင်ပြင် အနေအထားတွေကို ကြည့်ရမယ် ဆိုရင်တော့ Electric Ioniq 5 N အသစ် ဖြစ်နိုင် ပြီး ယခင် က လမ်းပေါ်မှာရော ၊ ပြေးလမ်းနေရာ အတော်များများပါ စမ်းသပ်နေတာကို တွေ့ခဲ့ ရတာကြောင့် လည်း ဖြစ်ပါတယ်။ Spy Shots တွေအရတော့ အဆိုပါ ကားမှာဆိုရင် ပိုနိမ့်တဲ့ Suspension အသစ် ၊ ပိုကျယ်တဲ့ အရှေ့နဲ့အနောက် ကိုယ်ထည်တို့အပြင် Low Profile တာယာတွေနဲ့ ဘီးဒီဇိုင်း အသစ်တွေလည်း ပါဝင်လာနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒါ့အပြင် ပိုကြီးတဲ့ Calipers တွေနဲ့ Rotors တွေကြောင့်လည်း ဘရိတ်အပိုင်း တွေ ကိုပါ အဆင့်မြှင့်တင် ပေးလာ လိမ့်မယ်လို့ ယူဆရပြီး အရှေ့နဲ့ အနောက် ကားရုပ်ထွက် ပိုင်းတွေကို လည်း သာမန်နဲ့မတူအောင် တော့ အဆင့်မြှင့်ပေးလာ နိုင်ပါသေးတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း ကတော့ 576 hp နဲ့ 546 lb-ft Torque အထိ ရှိလာ နိုင်ကာ တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်ဖို့ ဆိုရင်တော့ ၃.၅ စက္ကန့်လောက် အတွင်း မှာ ဖြစ်နိုင်ချ ရှိပါတယ်။ ကားသစ်မှာတော့ All-Wheel Drive စနစ်ကိုလည်း မျှော်လင့်လို့ ရလာနိုင်မှာပါ။ ဒုတိယမြောက် ချပြထားတဲ့ Teaser ပုံရိပ်ထဲမှာ ဆိုရင်တော့ Sedan ဒါမှမဟုတ် Fastback ဆန်ဆန် ကိုယ် ထည်ကိုမှ အနောက်ဘက်မှာ ခပ်ကြီးကြီး အတောင်ပံကြီးနဲ့အတူ မြင်ထား ရပါတယ်။ ဒီအနေအထား အရ တော့ အတိအကျ လည်း ပြောလို့ မရနိုင်သေးပဲ အတောင်ပံကြီး မဟုတ်ပဲ ကားရဲ့ အရိပ် ကျနေတာကို ဝါး ထားတာမျိုးကြောင့် အမြင် မှားတာလည်း ဖြစ်ကောင်းဖြစ် နိုင်ပါသေးတယ်။ တကယ်သာ ဆိုရင်တော့ Sonata N ဒါမှမဟုတ် N Lineup ထဲမှာ ယခင် က တစ်ခါမှ မရှိဖူးသေးတဲ့ ကားတစ်စီးစီးလည်း ဖြစ်နိုင် ပြန်ပါတယ်။ ဒုတိယမြောက် Teaser အရတော့ The Future Of N With Legacy ဆိုတဲ့ စာသားလေးကို ‌သေချာဖော်ပြထားတာကြောင့် အရှေ့မှာ မြင်ခဲ့ရတဲ့ အပြာရောင် ကားလေး က အနာဂါတ်အသစ် ဆိုတဲ့ အတိုင်း လျှပ်စစ် N ကား ပိုဖြစ်လာနိုင်နေပါတယ်။ ဒါကြောင့် ဒုတိယ မြောက် ကား ကလည်း ဂတ်စ် အင်ဂျင် သုံး N ကားတွေထဲ နောက်ဆုံးသော မျိုးဆက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရင်း လာမယ့် ၁၅ ရက်နေ့မှာ အတူတူ စောင့်ကြည့်ကြရတော့မှာပါ။

Ref: MotorAuthority