BMW မှာ M ကားတွေ ရှိသလိုမျိုးပဲ Hyundai မှာလည်း ကိုယ်ပိုင် N ကားဆိုတာတွေ ရှိပါတယ်။ အဓိက ကတော့ အဆိုပါ N ကားတွေဆိုတာ သာမန်ထက်ပိုပြီး စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့ ကားတွေအဖြစ် ထုတ်လုပ်ပေးနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းတုန်းကပဲ Ioniq 5 N ကားကို ၂၀၂၃ မှာ ထုတ်ပေးလာမယ်ဆိုတဲ့ သတင်းနဲ့အတူ နောက်ထပ် N ကား ၂ မျိုး Concept ကိုပါ ချပြသွားပါသေးတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ N ကားတွေနဲ့ ပတ်သက်လို့ တစ်ခါမှ မကြားဖူးသေးတဲ့ ထူးထူးခြားခြား သတင်းတွေကိုတော့ Hyundai N Worldwide Instagram Page ကနေ ထုတ်ပြန်ကြေညာ လာခဲ့ပါတယ်။ အဲ့ဒါကတော့ N ကားတွေရဲ့ ပုံစံတူ နမူနာ အရုပ်ကားသေးလေး တွေကို ထုတ်လုပ်ပေးမယ်ဆိုတဲ့ သတင်းဖြစ်ပြီး Kona N နဲ့ Elantra N ကား ၂ မျိုးကို အရင်ရမယ်လို့လည်း သိရပါတယ်။ အဆိုပါ ကားလေးတွေကိုမှ အရောင် ၂ ရောင်နဲ့ လောလောဆယ် ရနိုင်မှာဖြစ်ပြီး အသေးစိတ် အချက် အလက်တွေကို တော့ တကယ်တရားဝင်ထုတ်ပြတဲ့ အချိန်မှသာ ပိုသိရနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် တစ်ခု ထူးခြားတာကတော့ အခုလို ပုံစံတူ ကားအသေးလေးတွေ ထုတ်ပေးလာမယ့် Hyundai N Models တွေထဲ နာမည်ကျော် Veloster N တို့ မပါလာသေးတာပါပဲ။ ဒါကလည်း အကျိုးအကြောင်း သင်လို့ပဲ ဖြစ်ပြီး အဓိက ကတော့ Hyundai ဟာ Elantra N ၊  Kona N တို့နဲ့အတူတူ N Brand ကို မြှင့်တင်ရင်း Veloster N ကိုတော့ ဆက်မထုတ် ဖြစ်တော့ဘူးလို့ ဆိုကာပြီးခဲ့တဲ့ ဇွန်လတုန်းက ကြေညာထားလို့ပဲ ဖြစ်ပါတယ်။ Accent Hatchback ကား ကိုလည်း အခု 2023 Lineup တွေထဲက ထုတ်ပစ်လိုက်ပြီဖြစ်ပြီး အဲ့ဒီအစား Hyundai ရဲ့ Entry Level Model ဖြစ်လာ တဲ့ Venue ကို SUV Lineup ထဲ ပိုချဲ့ထွင်တဲ့ အနေနဲ့ ထည့်ပေးထား လိုက်ပါတယ်။

Photo Credit: motor 1.com

တစ်ချိန် တည်းမှာပဲ Hyundai N တွေရဲ့ အနာဂါတ်ကလည်း ကြိုမြင်ထားရပြီ ဖြစ်တဲ့ N Vision 74 နဲ့ RN22e Concept ကားတွေနဲ့ အတူ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလို့ နေပြန်ပါတယ်။ N Vision 74 ဆိုတာကတော့ ဓာတ်ဆီ အင်ဂျင် မဟုတ်ပဲ ဟိုက်ဒရိုဂျင် စွမ်းအင်သုံးထားမယ့် Hybrid ကားအနေနဲ့ မြင်ထားရတာပဲ ဖြစ်ပါတယ်။ RN22e Concept ကတော့ Ioniq 6 ရဲ့ ကိုယ်ထည်ကိုမှ ပြိုင်ကားလမ်းကြောင်းတွေ အတွက် ပိုအားထည့်ထားတဲ့ ကားတစ်စီး အနေနဲ့ မြင်ရတာပါ။ ဒါပေမယ့်လည်း Hyundai ကတော့ အဆိုပါကားကို Ioniq 6 N လို့ အမည်မပေးလောက်ပဲ အသစ် ထွက်လာမယ့် EV N ကားတွေရဲ့ လမ်းစတစ်ခု ဖြစ်နိုင်တယ်လို့ တုံ့ပြန်ထားတာကြောင့် နမူနာကားလေးတွေ အပြင် တကယ့် N ကားတွေကလည်း အတော်စိတ်လှုပ်ရှားစရာ ဖြစ်လာနေပါပြီ။

Ref: motor 1.com

ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube