လာမယ့် ၂၀၃၀ အမှီလျှပ်စစ်ကားအသစ် ၁၇ မျိုးအထိ မိတ်ဆက်ပေးမယ်ဆိုတဲ့ Hyundai ကတော့ လျှပ်စစ် ကား ဈေးကွက်ကို တစ်စထက်တစ်စ ပိုပို လွှမ်းမိုးလာဖို့ ရှိနေပါပြီ။ အဆိုပါ လျှပ်စစ်ကားအသစ်တွေထဲမှာ တော့ Sports Car တွေကနေ SUV တွေအထိ ပါဝင်ပြီး ‌တကယ့်ကို ဆန်းသစ်တဲ့ကား ကိုယ်ထည် ပုံစံတွေ လည်း ပါဝင်လာပါလိမ့်မယ်။ လက်ရှိမှာတော့ Ioniq 6 Sedan နဲ့ Ioniq 7 SUV တို့ကို မြင်တွေ့သိရှိထား ခဲ့ရပြီး လက်ရှိ Ioniq 5 Crossover ရဲ့ နောက်မှာ ကား ၂ မျိုးဆက်တိုက် ထွက်လာဖို့ ရှိနေပါတယ်။ အဆိုပါ အသစ်ထွက်လာမယ့် ကားအတော်များများ ကတော့ ကုမ္ပဏီရဲ့ Integrated Modular Architecture ( IMA ) Platform အသစ် ပေါ်မှာ အခြေခံပြီး ထုတ်လုပ် လာတော့မှာဖြစ်ကာ အဆိုပါ Platform ကတော့ ၂၀၂၅ မှာ စတင် ထွက်ပေါ်လာမှာပါ။ လက်ရှိ အသုံးပြုနေတဲ့ e-GMP Platform နေရာမှာ အစားထိုးမယ့် အဆိုပါ Platform အသစ်ကတော့ တကယ့်ကို ဆန်းသစ်တဲ့ အပြောင်းအလဲ တစ်ရပ်ကို ယူဆောင်လာပေး နိုင်တဲ့ စီး‌ပွားရေးလုပ်ငန်းသုံး ယာဉ်တွေ တည်ဆောက်ပေးနိုင်မယ့်အပြင် အဆိုပါ ကားတွေရဲ့ စွမ်းဆောင် ရည်တွေနဲ့ Range တွေကိုလည်း ကောင်းကောင်း မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

Photo Credit: CARBUZZ

လက်ရှိ အချိန်မှာ အဆိုပါ လျှပ်စစ် ကားသစ် အကုန် လုံး ရဲ့ ဘယ်အချိန် မှာ ဘယ်လို ကားမျိုး ထွက်ပေါ်လာ မယ် ဆိုတာကို မမြင်ရသေးပေမယ့် Digital Artist တစ်ယောက်ဖြစ်တဲ့ Alexis Poncelet ကတော့ အဆိုပါ ကား တွေထဲက တစ်စီးကို စိတ်ဝင်စားစရာ ပုံဖော်ပြလာခဲ့ပါတယ်။ အခုပုံဖော်ထားတဲ့ ကားကတော့ Heavy Duty Compact ဘက်စုံသုံး ယာဉ်တစ်စီး ပိုဆန်ပြီး လက်ရှိ Ioniq 5 ရဲ့ ဒီဇိုင်း အယူအဆပေါ်မှာ အခြေခံ ရေးဆွဲ ထားတာလည်း တွေ့ရပါတယ်။ ဖန်တီးသူ ပညာရှင်ကတော့ အဆိုပါ ကားကို Koniq လို့ အမည် ပေး ထားပြီး မြို့တွင်းသာမက သာမန် ထက် ပိုဆိုးတဲ့ လမ်းကြမ်းပိုင်းတွေမှာပါ အကြမ်းစား အသုံးပြုနိုင်မယ့် လမ်းကြမ်းမောင်းကားတစ်စီးအဖြစ် ပုံဖော် ထားတာလည်း ဖြစ်ပါတယ်။ အခု Koniq ကားဒီဇိုင်း မှာတော့ ရှင်းလင်းတိကျတဲ့ လိုင်းတွေထည့်ပေးထားပြီး တံခါး လက်ကိုင်တွေနဲ့ ဘက်မှန်တွေကတော့ အနာဂါတ်ဆန် တဲ့ ပုံစံတွေနဲ့ မြင်တွေ့လာရသလို သာမန် မှန်တွေနဲ့ မဟုတ် တော့ပဲ ကင်မရာတွေနဲ့ အစားထိုးလာတာပဲ ဖြစ် ပါတယ်။ Ioniq 5 ကားမှာလိုပဲ Panel တွေကို ငွေရောင်လေးတွေ ထည့်ပေးထားကာ Gloss Black Paint နဲ့ ကားအမိုးတွေ ၊ Glass Section တွေကို ခွဲခြား ဖန်တီးပေးထားပါတယ်။ ကားရဲ့ အရှေ့ဘက်နဲ့ အနောက် က ဘန်ဘာအောက်ပိုင်း နေရာတွေ ၊ ဘေးဘက်က Skirts တွေမှာလည်း သာမန် ထက် ပိုပြီး အကြမ်းခံတဲ့ ခပ်ကြမ်းကြမ်း အသွင်ကို ကောင်းကောင်းကြီး ပုံဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

အရှေ့ဘက်မှာ ဆိုရင်တော့ အတော်ပံ ပုံစံတံခါးတွေနဲ့ လိုက်ဖက်စေမယ့် Split Center Frunk ကို တပ်ဆင် ထားတာ တွေ့ရပါတယ်။ အခုလိုသာ ဆိုရင်တော့ ခရီးသည်တွေ အဖို့လည်း ပိုမိုကျယ်ဝန်းတဲ့ ပစ္စည်းတင် စရာ နေရာအသစ်ကို ရလာနိုင်မှာဖြစ်ပြီး ဘေးဘက်ကပဲ ဖြစ်ဖြစ် အရှေ့ဘက်ကပဲဖြစ်ဖြစ် ပစ္စည်းတွေကို အလွယ်တကူ သယ်ယူလို့ ရနိုင်ပါတယ်။ ကားကိုတော့ ခပ်မာမာ နည်းပညာမြင့် ခေတ်လွန် အသွင်ပေါက်စေ ဖို့အတွက် ရည်ရွယ်ကာ LED Headlight နဲ့ Taillight တွေကို ကောင်းကောင်း ပေါင်းစပ်ထားပြီး Hyundai ရဲ့ ဖော်ပြခဲ့ဖူးတဲ့ Grandeur Concept အသစ် အပေါ်မှာ အခြေခံထားခဲ့ပုံ ရပါတယ်။ ဒုတိယ မြောက် မြင်ရတဲ့ ဒီဇိုင်းပုံမှာ ဆိုရင်တော့ အနက်ရောင် အပြည့် သုံးထားတဲ့  Crossover အနေနဲ့ ဖြစ်ပြီး လမ်း ကြမ်းပိုင်း ကားအဖြစ်ပဲ ဖော်ပြထားကာ ခေတ်ဆန်တဲ့ ဒီဇိုင်းအသွင် အပြင်ကိုမှ Integrated LED Light Bar အပြည့်နဲ့ ပေါင်းစပ် ပေးထားတာကြောင့် အတော်လေးတော့ ခရီးကြမ်း ထွက် ချင်စရာကားအဖြစ် မြင် တွေ့ရပါတယ်။ ဒါပေမယ့် ကံမကောင်းတာ တစ်ခုကတော့ ကားရဲ့ အတွင်းခန်း ဒီဇိုင်း ပုံကြမ်းတွေ နဲ့ ပတ် သက် လို့ မမြင်တွေ့ ထားရသေးတာပါ။ အပေါ်စီးကနေ မြင်ရတဲ့ Concept ပုံရိပ်ထဲမှာ ဆိုရင်တော့ အတွင်း ခန်းကို အနည်းငယ် လှစ်ဟမြင်နိုင်ပြီး ရိုးရှင်းသန့်ရှင်းတဲ့ Minimalistic အသွင်ကို မြင်နေရကာ အဆင့်မြင့် တဲ့ Cues လေးတွေကိုလည်း လက်ရှိ Hyundai ရဲ့ ဒီဇိုင်းတွေကို အခြေခံကာ မြှင့်တင်ပေးထားတာ တွေ့ရ မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com