အမေရိကမှာ အခြေစိုက်ထားတဲ့ Hyundai America နဲ့ Kia America တို့ ကတော့ သူတို့ရဲ့ လျှပ်စစ် ကား သစ်တွေဖြစ်ကြတဲ့ Ioniq 5 နဲ့ EV 6 တို့ကို ပါကင်ဘရိတ်နဲ့ ဆက်စပ်နေတဲ့ Software Error တစ်ခုကြောင့် ပြန်လည် သိမ်းဆည်း ရတော့မယ်လို့ ကြေညာလိုက်ပါပြီ။ ကုမ္ပဏီ နှစ်ခုလုံးတော့ သူတို့ရဲ့ ကြေညာချက်တွေ ထဲမှာ အဆိုပါ ပြဿနာက Shifter Control Unit SCU လို့ ခေါ်တဲ့ အပိုင်းမှာ Software Error ရှိနေတာ ဖြစ်ပြီး ပါကင်ထိုးတဲ့ နေရာမှာ ကားကို လိမ့်သွား စေနိုင်တယ်လို့ ဆိုထား ပါတယ်။

Photo Credit: InsideEvs

အခုလက်ရှိမှာတော့ အဆိုပါ SCU Software ကို အရောင်းကိုယ်စားလှယ်တွေဆီမှာ သွားရောက် အဆင့်မြှင့် တင် တာ မျိုး မလုပ်ပြီးမချင်း ကားရပ်ထားတဲ့ အခါမျိုးတွေမှာ Electronic Parking Brake (EPB) စနစ်ကို သုံးဖို့ အတွက် အကြံ ပြု ထားကြပါတယ်။ Kia ကတော့ ကားကိုအတတ်နိုင်ဆုံး မြေညီညီမှာပဲ ရပ်နားထားဖို့ နဲ့ တတ်နိုင်ရင် ဆင်‌ခြေလျှော တွေ မြေမညီတဲ့ နေရာတွေမှာ မရပ်ဖို့ အတွက် အကြံပြုထား ပါသေးတယ်။ Hyundai Ioniq 5 နဲ့ Kia EV 6 တို့ ကတော့ လက်ရှိ အမေရိက ကားဈေးကွက်ထဲမှာလည်း တော်တော်ကို နာမည်ကြီးတဲ့ ကားတွေ ဖြစ်နေတာပါ။ အခု ပြန်လည် သိမ်းဆည်း ရမှုမှာတော့ Ioniq 5 ဆိုရင် အစီးကေ ၁၀,၇၂၉ နဲ့ EV 6 ဆိုရင် ၉,၀၁၄ စီးတို့ အထိ သက်ရောက်မှု ရှိလာ နိုင်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Software Error ဖြစ်တာ ကတော့ အမေရိက ဈေးကွက်ထဲက အဆိုပါ ကား‌တွေ အတွက်တင် မဟုတ်ပဲ အခြားကာ ဈေးကွက်တွေ အထိလည်း ဆက်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Electronic Brake အမျိုးအစား အတူတူကိုပဲ တပ်ဆင်ထားတဲ့ အမေရိက ဈေးကွက်ထဲက  Genesis GV 60 နဲ့ Genesis GV 80 EV ကားသစ်တွေ ကတော့ ဘာမှ ပြဿနာမှ မရှိနေတာကို တွေ့ရမှာပါ။

Photo Credit: InsideEvs

အခု ပြဿနာကြောင့် ကားက လိမ့်သွားတဲ့ မတော်တဆမှု ၄ မှု လောက်အထိ တောင်ကိုရီးယားမှာ ဖြစ်ပြီး သွားလို့လည်း Hyundai ကုမ္ပဏီဘက်က အတည်ပြုထားပြီး လက်ရှိအချိန်အထိတော့ အမေရိက ဈေးကွက် ထဲမှာ အလားတူ ပြဿနာတွေ ၊ ထိခိုက်မှုတွေ ရှိတယ်လို့ မသိရသေးတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း အသစ် ထုတ်နေတဲ့ အဆိုပါ ကားတွေမှာတော့ Software Update အသစ်ကို တစ်ပါတည်းရမှာ ဖြစ်လို့ ပြင်ဆင် ပြီးသားဖြစ်ကာ Kia ဘက်ကတော့ ဧပြီလ ၈ ရက်နေ့ ကနေ မေလ ၃ ရက်နေ့ အတွင်း ထုတ်လုပ်ခဲ့တဲ့ ကား တွေမှာ Software ကို Update လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ဆိုထားပါတယ်။ အခု ကားတွေကို ပြင်ဆင်ပေး မယ့် Software ကို အရောင်း ကိုယ်စားလှယ်တွေဆီ မပို့ဆောင်ခင်မှာ လာမယ့် မေလ ၃ ရက်နေ့မှာတင်ပဲ စက်ရုံတွေဆီ အဆင့်မြှင့်တင်ထားပြီးသား Software တွေ ပေးပို့ သွားမယ်လို့လည်း သိရပါတယ်။

Ref: InsideEvs