Hyundai ကားကုမ္ပဏီ ကြီးကနေ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ် ထုတ် Ioniq Hybrid နဲ့ Plug-In Hybrid ကား တွေကို မီးလောင် နိုင်ချေ ရှိနေတယ်ဆိုတဲ့ အနေအထားနဲ့ပြန်လည် သိမ်းဆည်း နေပါတယ်။ ဒါပေမယ့်ဒီ ကားတွေကိုပဲ ၂၀၁၈ တုန်းက တစ်ခါ သိမ်းဆည်းကာ ပြင်ဆင်ပေးခဲ့ဖူးပြီး အခုတစ်ခေါက် ထပ်မံ သိမ်းဆည်း ရတာဖြစ်လို့ ပြင်ဆင်ရာမှာ တစ်ခုခုတော့ လိုအပ်ချက် ထပ်ရှိခဲ့ပုံ ရပါတယ်။ Main Relay အပိုင်းမှာ ရှိနေတဲ့ အစိတ်အပိုင်းတွေ အကြား ချိတ်ဆက်မှု အားနည်း ရာကနေ လျှပ်စစ် စီးတာမျိုး ဖြစ်စေနိုင်တယ်လို့ သိရကာ တကယ်တမ်းသာ ‌ဖြစ်ခဲ့မယ် ဆိုရင်တော့ အပူပါ လွန်ကဲ လာပြီး မီးထလောင်နိုင်တဲ့အထိ အန္တရာယ် ရှိနေ တာပါ။ တကယ်လို့ ဒီပြဿနာရှိနေပြီ ဆိုရင် တော့ HEV သတိပေး အချက်ပြမီး လင်းလာနိုင်ပြီး ကားကို စက်နှိုးလို့ မရနိုင်တာမျိုးတော့ အရင်ဆုံး ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ပြန်လည် သိမ်းဆည်း ခံရမယ့် ကားတွေထဲမှာတော့ ၂၀၁၆ ၊ နိုဝင်ဘာ ၁၆ ရက် ကနေ ၂၀၁၇ ခုနှစ် ဩဂုတ် လ ၁၆ ရက် အတွင်း ထုတ်လုပ်ထားတဲ့ Ioniq Hybrid တွေ ပါဝင်လာပါတယ်။ Ioniq Plug-In Hybrid ကားတွေထဲမှာ ကတော့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်ကနေ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက် အတွင်း ထုတ်လုပ်ထားတဲ့ ကားတွေပါဝင် လာမှာပါ။ Hyundai အနေနဲ့ အခု ပြဿနာကို ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့မှာ စတင် သတိထားမိခဲ့ ပါတယ်။ တောင်ကိုရီးယား ဈေးကွက် ထဲကပဲ ၂၀၁၇ ထုတ် Kia Niro ကား တစ်စီးမှာ အပူလွန်ကွဲ မှုကြောင့် အနောက်ခုံတစ်ချို့ ပျက်စီးရတယ် ဆိုတဲ့ Report တစ်ခု ကုမ္ပဏီဆီ ရောက် လာ ခဲ့ရကာ စတင် ခဲ့တာပါ။ ဒါပေမယ့် စက်တင်ဘာ ၂၀၁၈ ခုနှစ်လောက် အထိကို အခုပြဿနာ အပေါ် Hyundai တို့လည်း အဖြေရှာမရနိုင် ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ Main Relay ရဲ့ အစိတ်အပိုင်းတွေ ကောင်းကောင်း မချိတ်ဆက်တာဟာ ကုန်ကြမ်း ထောက်ပံ့တဲ့ ကုမ္ပဏီကနေ ပစ္စည်း အရည်အသွေး ညံ့တာ တွေ သုံးထားလို့ဆိုတဲ့ အဖြေကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် အောက်တိုဘာ ၂၀၁၈ လောက် မှာ ပဲ ကားကို ပထမအကြိမ် ပြန်လည် သိမ်းဆည်း ခဲ့ရတာပါ။ ဒါပေမယ့် အခုလို သေချာပြန်လည် ပြင်ဆင်ပေး အပြီးမှာပဲ ၂၀၂၁ ဇွန်လ ၂၆ ရက် နေ့မှာ 2017 Model Ioniq ကား တစ်စီး မီးလောင်ပြန်တယ်ဆိုတဲ့ သတင်း ရခဲ့ပြန်ပါ တယ်။ ဒါတင် မကသေးပဲ ၂၀၂၁ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ လ တို့မှာလည်း   2017 Ioniq ကား မီးလောင်မှု ၂ ခုကို ထပ်မံ ကြားသိခဲ့ရပြီး မတ်လ ၂၀၂၂ မှာတင်လည်း နောက်ထပ် ၂ ကြိမ် ထပ်ဖြစ်ခဲ့ကြ ပြန်တာပါ။

Photo Credit: motor 1.com

ဒါကြောင့် ကုမ္ပဏီ ဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြန်လုပ်ခဲ့ပြီး ပြန်လည်ပြင်ဆင် ပေးထားတဲ့ ကား ၁၁ စီး ကို စာရင်း ကောက်ကြည့်မှုအရ ပြန်လည် ပြင်ဆင်ရာမှာပါ ချို့ယွင်းချက်တစ်ချို့ ရှိနေပြန်တာကို တွေ့လိုက် ရပါတော့တယ်။ ဒါကြောင့် အခုလို နောက်တစ်ခေါက် ပြန်လည် သိမ်းဆည်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါ တယ်။ ကုမ္ပဏီ အနေနဲ့ အခု ကား ပြဿနာပေါင်း စုစုပေါင်း ၉ ခုကို ပြီးခဲ့တဲ့ ဇွန် ၂၆ ၊ ၂၀၂၁ ကနေ မတ်လ ၆ ရက် ၂၀၂၂ အတွင်း ကြုံခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ပါဘူး။ အခု ပြဿနာကိုထပ်မံ ပြင်ဆင်ပေး ဖို့ကတော့ Power Relay အပိုင်းကို သေချာ ပြန်လည်တပ်ဆင်ကာ Main Relay အပိုင်းကို အားလုံးသေချာ ပြန်ဆင်ပေးဖို့လုပ်ရတော့မှာပါ။ ကားပြန်လည် အသိမ်းခံရမယ့် သက်ဆိုင်ရာပိုင်ရှင်တွေဆီကိုတော့ လာမယ့် ဩဂုတ်လ ၂၆ ရက် ၂၀၂၂ ကစပြီး အကြောင်းကြား စာတွေ စတင်ပေးပို့ သွားတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com