2020 Prophecy Concept အနေနဲ့ မြင်ခဲ့ရတဲ့ ကားရဲ့ နောက်ဆက်တွဲအဖြစ် Hyundai တို့က Ioniq 6 ကို ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းကပဲ ထုတ်လုပ်ပေးလိုက်ပါတယ်။ ထူးခြားတာကတော့ ကားသစ်ရဲ့ ကိုယ်ထည် အချိုးအစားသစ် ဒီဇိုင်းဖြစ်ပြီး လှပရုံတင်မကပဲ ကားရဲ့ Drag Coefficient အပိုင်းမှာပါ Tesla Model 3 ထက် 0.21 လောက်ကို ပိုကောင်းလာတာ တွေ့ရပါတယ်။ ဒါကြောင့် ကားရဲ့ ကိုယ်ထည်ကို တတ်နိုင်သမျှ ပြေပြေလေးထားပေးထားတာ ဖြစ်ပြီး အခုဆိုရင်လည်း WLTP Cycle Standard တွေအရ ထွက်လာတဲ့ Range ပမာဏက အစ အထင်ကြီးစရာ ဖြစ်လာနေခဲ့ပါပြီ။ အဆိုပါ ပမာဏအရတော့ ကားကို တစ်ခါ အားအပြည့်သွင်းထားရင် ၆၁၄ ကီလို (၃၈၁.၅ မိုင်) အထိ မောင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အဆိုပါ ပမာဏအတိုင်း စွမ်းဆောင်နိုင်တာကိုမှ လိုချင်တယ် ဆိုရင်တော့ Hyundai Ioniq 6 Long Range Model ကို မှ 77.4 kWh Battery ၊ Two-Wheel Drive နဲ့ ၁၈ လက်မအရွယ် အလွိုင်းဘီးတွေ ပါတဲ့ အမျိုးအစားကို ရွေးချယ်ဖို့ လိုပါလိမ့်မယ်။ ပိုကြီးတဲ့ လက်မ ၂၀ အရွယ် ဘီးတွေကို ရွေးမယ်ဆိုရင်တော့ လျှပ်စစ်မော်တာ တစ်လုံးတည်းနဲ့ရတာ ဖြစ်လို့ တစ်ခါအားသွင်းထားရင် ၃၃၉ မိုင် အထိပဲ မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။ All-Wheel Drive နဲ့ ဆိုရင်တော့ ဘီးတွေပိုသေးရင်လည်း တစ်ခါအားသွင်းထားရင် ၃၆၂ မိုင် မောင်းနှင်နိုင်ပြီး ပိုကြီးတဲ့ အလွိုင်းတွေနဲ့ ဆိုရင်တော့ ၃၂၂ မိုင် အထိ မောင်းနိုင်မှာပါ။ ကားရဲ့ Standard Model မှာတော့ 53 kWh Battery ၊ Two-Wheel Drive နဲ့ ၁၈ လက်မအရွယ် ဘီးတွေပါဝင်လာပြီး Range ကတော့ အားလုံးထဲ အနိမ့်ဆုံး ဖြစ်ကာ ၂၆၇ မိုင်ပဲရမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ Ioniq 6 ကို Tesla Model 3 နဲ့ ယှဉ်မယ် ဆိုရင်တော့ ပိုမောင်းနိုင်မယ့် ပမာဏများတာ တွေ့ရပြီး Tesla ရဲ့ အမြင့်ဆုံး Range ပမာဏ က ၃၇၄ မိုင်အထိပဲ ရှိနေတာပါ။ ပုံမှန် အားဖြင့်ကတော့ Range အနည်း အများ ပမာဏ ဟာ ကားရဲ့ မောင်းနှင်ရတဲ့ပုံစံ ၊ ယာဉ်လမ်း အခြေအနေနဲ့ အပူချိန်စတဲ့ အသေးစိတ် အချက်အလက်တွေ အတော် များများပေါ်မှာ မူတည်ပြီး အခု ကားတွေအတွက် စံယူထားတဲ့ WLTP Cycle စနစ် ကလည်း အမေရိက ရဲ့စံယူတဲ့ EPA စနစ်နဲ့ ကွာခြားမှု အချို့တော့ ရှိနေသေးတာကို သတိပြုရမှာပါ။ အခု Hyundai Ioniq 6 ကားသစ်တွေမှာ တော့ ဘက်ထရီကျလာတာနဲ့ ၁၈ မိနစ် အတွင်း ၁၀ ကနေ ၈၀% အထိ ဘက်ထရီ ပမာဏရအောင် အလျှင်အမြန် ပြန်အားသွင်းပေးနိုင်တာ အားသာချက်တစ်ခု ဖြစ်လာပါတယ်။ 800-V Fast Charging စနစ်နဲ့ အတူ ၁၅ မိနစ် စာ အားသွင်းထားတာ က ၂၁၈ မိုင် မောင်းနှင်ဖို့အတွက် လုံလောက်မှာဖြစ်လို့ အတော်လေး အဆင်ပြေစေမှာပါ။ အမြင့်ဆုံး Range ပမာဏတွေ ရလာလေလေ အားသွင်းချိန်တွေလည်း ပိုမြန်လာလေလေဖြစ်တဲ့ လျှပ်စစ် ကားတွေဟာ သာမန် ဓာတ်ဆီကားတွေလိုပဲ သုံး လာနိုင်တော့မှာဖြစ်လို့ ဈေးကွက်ထဲ ပိုနေရာယူလာဖို့ပဲ ရှိနေပြီ ဖြစ်ပါတယ်။

Ref: motor 1.com