Hyundai ကတော့ သူတို့ရဲ့ i30 N ကားသစ် ကို ပိုပြီး ဆန်းပြားတဲ့အမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲ အသစ် တွေနဲ့ အတူ Special Edition အသစ်ပါ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Six-Speed Manual ဂီယာ ဒါမှမ ဟုတ် Eight-Speed နဲ့  Dual-Clutch Automatic Transmission ဂီယာတွေကို ရွေးချယ်လို့ရမယ့် Drive-N Limited Edition အသစ် ကတော့ အထူးထုတ်ဆိုတဲ့ အတိုင်းပဲ သာမန် Hothatch ကား တစ်စီး တော့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတွက် ကားအစီးရေ ၈၀၀ ပဲ ထုတ်လုပ်ပေးမှာဖြစ်ပြီး ဥရောပ ဈေးကွက် အတွက်ကိုတော့ အစီးရေ ၆၂၀ အထိရရှိ မှာပါ။ အဆိုပါ အထူးထုတ် ကားသစ်ကို မှာယူချင်တဲ့ သူတွေ က တော့ Phantom Black Pearl အနက်ရောင် ဒါမှမဟုတ် အသစ် ထုတ်ပေးထားတဲ့ Serenity White Pearl အဖြူရောင် တို့ကို စိတ်ကြိုက် ရွေးချယ်နိုင်ပါလိမ့်မယ်။ အဆိုပါ ကားက‌ တော့ အထူးထုတ်ဖြစ်တဲ့ အတွက် အခုလို အရောင် ဆန်းတင်မကပဲ ၁၉ လက်မအရွယ် Forged ဘီးတွေ ကိုမှ  အနက်ရောင် ကြေး Matte အရောင်နဲ့ ဖန်တီးထားပြီး Hyundai ဆိုတဲ့ တံဆိပ်‌ကိုကအစ လုံးဝ အနက်ရောင် အဖြစ် ထားပေးထားတာ ပါ။ သာမန် I30 N ကားကနေ ကွဲထွက်နေစဖို့အတွက် ဘေးဘက်က Side Graphic တွေ ကိုလည်း ထည့် ပေးထားပြီး ‌ကားရဲ့ အ‌ရှေ့နဲ့ အနောက်ဘက်မှာလည်း အလားတူ ဒီဇိုင်းလေးတွေ ထည့်ပေးထား သေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

နောက်ထပ် အပြောင်းအလဲတွေကတော့ ကားရဲ့ အရှေ့ဘက်က Hyundai တံဆိပ် ဒီဇိုင်းအသစ်တွေ ဖြစ်ပြီး အဆိုပါ တံဆိပ်ထဲမှာ ဂျာမနီ နိုင်ငံ Nurburgring လမ်းမကြီးဆီက Hyundai ယာဉ် စမ်းသပ်ရာ နေရာရဲ့ ကိုဩဒိနိတ် အမှတ်အသားတွေလည်း ထည့်ထားတာပါ။ အဆိုပါ နေရာကတော့ ၂၀၁၁ ကတည်းက ကုမ္ပဏီ ရဲ့ စွမ်းဆောင်ရည်မြင့် ကားတွေကို ထုတ်လုပ် စမ်းသပ်ခဲ့တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ အခု အထူးထုတ် ကားရဲ့ စွမ်းဆောင်ရည် အကြောင်း ကို ပြောရမယ်ဆိုရင်တော့ Turbocharged 2.0 Liter ဓာတ်ဆီ အင်ဂျင် ကို သုံးထားတာ ဖြစ်ပြီး 276 hp နဲ့ 289 lb-ft Torque အထိ စွမ်းဆောင် နိုင်မှာပါ။ ကားရဲ့ အတွင်းခန်းထဲ မှာ စွမ်းဆောင်ရည်မြင့်တယ် ဆိုတာ သိသာစေမယ့် အရှေ့ဘက် ကိုယ်ထည် အပြည့်ထိုင်ခုံတွေကို ‌မြင်ရမှာ ဖြစ်ပြီး N ဆိုတဲ့ တံဆိပ်လေးကလည်း သီးသန့် ကားတစ်စီး ဆိုတာကို မြင်သာ နေစေပါတယ်။ ဒါ့အပြင် ကားရဲ့ ကြမ်းခင်း အပိုင်းတွေကိုလည်း အနီရောင်အခင်း ဖျာတွေနဲ့ Drive N Limited Edition ဆိုတာ သိသာစေတဲ့ စာသားတွေကိုလည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

သာမန် I30 N မှာ တုန်း ကလိုပဲ N Grin Shift (NGS) ခလုတ် ပါဝင်လာပြီး အဆိုပါ ခလုတ်ကတော့ စက္ကန့် ၂၀ အတွင်း 10 hp အထိကို ချက်ချင်း ထိုးတက် သွားနိုင်တာပါ။ အဆိုပါ ကားကိုတော့ ဘယ်အစိတ်အပိုင်းမှ ခွဲရောင်းမှာ မဟုတ်ပဲ ကားတစ်စီး လုံးသီးသန့်ကိုပဲ ရောင်းချမှာဖြစ်ကာ မှန်သားအမိုးနဲ့ အနောက်ဘက်မှာ အမာစား ဘားကြီးတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်တွေ မှာယူချင်သူတွေ အတွက်တော့ အခုကတည်းက စပြီး အမှာစာတွေ လက်ခံနေပြီ ဖြစ်ကာ ယူကေ ဈေးကွက်အတွက်ကို ဆိုရင်တော့ အစီးရေ ၇၅ စီးပဲ ရမယ်လို့ သိရပါတယ်။

Ref: motor 1.com