၂၀၁၇ ခုနှစ် လောက်ကတည်းက အမေရိက ဈေးကွက်ထဲမှာ Hyundai လို့ ဆိုလိုက်မယ်ဆိုရင် Azera လို Sedan တွေ ကအစ မရှိတော့ပေမယ့် Grandeur ဆိုတဲ့ အရွယ်အစား အလယ်အလတ်ရှိ Sedan ကားတစ် မျိုးကိုတော့ အခြား ဈေးကွက်မှာ ရရှိနေဆဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Hyundai ကနေ အဆိုပါ Sedan ရဲ့ ပုံစံပြောင်း ၇ ခု မြောက် မျိုးဆက်သစ်ကို ချပြမိတ်ဆက်လိုက်ပြီ ဖြစ်ပြီး ကြည့်လိုက်တာနဲ့တင် ခေတ်မှီ ဆန်းသစ်ကာ တည်ကြည်ခန့်ညား နေတဲ့ အသွင်သစ်ကို မြင်နိုင်ပါတယ်။ ကားရဲ့ အပြင်ပန်း သွင်ပြင်ကအစ သန့်ရှင်းနေပြီး Crisp Line ပါးပါးလေးတွေ ကို ကားအရှေ့ဘက်မှာ ထည့်ပေးထားကာ Daytime Running Lights တွေအနေနဲ့ စွမ်းဆောင်ပေးနိုင်‌မယ့် မီးချောင်းပါးပါး လေးတွေကလည်း တကယ်ကို သပ်ရပ်နေပါတယ်။ ကားရဲ့ အဓိက Headlights တွေကိုတော့ အဆိုပါမီးလိုင်းလေးတွေရဲ့ အောက်မှာထည့်ပေး ထားပြီး Fascia ရဲ့ တစ်ဖက်တစ်ချက်စီမှာ အချိုးကျကျ ရှိနေပါတယ်။ အနောက်ဘက် အပြင်အဆင်ကလည်း ကားရှေ့ပိုင်းနဲ့ အလားတူပဲ ခပ်ဆင်ဆင်ပြုလုပ်ပေးထားပြီး နောက်ဆုံးပေါ် Genesis G90 Flagship Sedan နဲ့တောင် တစ်ချို့အပိုင်းတွေ ခပ်ဆင်ဆင်မြင်ရတာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ကားပုံစံ အသစ်မှာတော့ Hyundai ရဲ့ ကျော့ရှင်းလှပတဲ့ Horizon Design Language အသစ်ကို သုံးထားတယ်လို့ သိရပြီး ပထမဆုံး သုံးခဲ့ဖူးတာကတော့ မနှစ်က မိတ်ဆက်ခဲ့တဲ့ Staria Van ကားမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် အဆိုပါ ဒီဇိုင်း သုံးထားတဲ့ Staria Van နဲ့ အခု Grandeur ကား ၂ မျိုးလုံးဟာ အမေရိက ဈေးကွက်အထဲ ဝင်လာဖို့ မရှိသေးတာ ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် နာမည်ကျော် အမေရိက ဈေးကွက်ထဲကို Hyundai ရဲ့ Horizon Design Language အသစ် က Ioniq 7 Electric SUV အသစ်နဲ့အတူ လာမယ့် ၂၀၂၄ လောက်မှာ စတင်ဝင်ရောက်လာ လိမ့်မယ်လို့တော့ ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ မနှစ်ကတည်း ပြသခဲ့ဖူးတဲ့ Seven Concept မှာ မြင်ခဲ့ရဖူးပါပြီ။

Photo Credit: MotorAuthority

အခု Grandeur ကားသစ်ရဲ့ အတွင်းခန်းကတော့ အပြင်ပိုင်း အပြောင်းအလဲတွေလိုပဲ ယခင် မော်ဒယ်ထက် အများကြီးတိုးတက် လာတာတွေတွေ့ရကာ အတော်လေးလည်း အဆင့်မြင့်တယ်ဆိုတဲ့ Premium အရသာကို ပေးလာ နိုင်ပါတယ်။ အခု ဒီဇိုင်းရဲ့အတွင်းခန်း Dash ပေါ်မှာတော့ Screen တွေ အများအပြားကို Instrument Cluster နဲ့ Infotainment ပိုင်းတွေအတွက် သုံးပေးလာပြီး စတီယာတိုင်ကလည်း ၁၉၈၀ ခုနှစ် တုန်းက စတင်ခဲ့တဲ့ မူလ Grandeur ကားတွေရဲ့ Single-Spoke Design ကို ပြန်သုံးပေးလာခဲ့တာ တွေ့ရမှာပါ။ ဂီယာပိုင်းအတွက် Controls တွေကိုလည်း စတီယာတိုင်နဲ့ တွဲပေးလိုက်ပြီး အလယ်တည့်တည့် Center Console မှာ နေရာလွတ် ကျယ်ကျယ် ရအောင် ပိုလုပ်ပေးထားတာ တွေ့ရပါတယ်။ ကားအတွင်းမှာ သုံးထားတဲ့ သစ်သားအစစ်နဲ့ အလူမီနီယံ သားတွေ ကြောင့် အတော်လေးကို လှပပြီး အဆင့်မြင့်တဲ့ အရ သာကိုခံစားရစေကာ Nappa Leather သားနဲ့ Ambient Lighting လေးတွေကလည်း တကယ့်ကို ဇိမ်ခံ အရသာအတွက် အားဖြည့် ပေးထားသလိုပါပဲ။ အင်ဂျင်ပိုင်း စက်ပိုင်းဆိုင်ရာ အချက်အလက် တွေကိုတော့ မသိရသေး ပေမယ့် 4-Cylinder ‌ဒါမှမဟုတ် 6-Cylinder Engine တွေကို ယခင်အတိုင်း ‌ရွေးချယ်ခွင့်ပေးလာနိုင်ပြီး Hybrid အမျိုးအစား တစ်ရပ်ကိုလည်း ဒီတစ်ခေါက် ကားသစ်မှာထည့်ပေးလာဖို့ များနေပါတယ်။ ကားသစ်ကို ဈေးကွက်တွေထဲ ရောက်ဖို့ အချိန်ကာလနဲ့ ဈေးနှုန်းတွေကို မသိရသေးတာ ကြောင့်စောင့်မျှော်ရဦးမယ့် ကားတစ်စီးပဲ ဖြစ်ပါတယ်။

Ref: MotorAuthority