Croatian Hypercar ထုတ်လုပ်သူ Rimac ကိုတော့ နောက်ပိုင်း သတင်းတွေမှာ မကြာခဏ တွေ့လာရပါတယ်။ Rimac Nevera Hypercar ထုတ်လုပ်သူတွေ အနေနဲ့ မကြာသေးခင်ကပဲ Porsche နဲ့ လက်တွဲလိုက်ပြီး Bugatti ရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ အံ့ဩ စရာ ကောင်းတဲ့ Electric Vehicles တွေကို  ထုတ်လုပ်ဖို့ စီစဉ်လာခဲ့ပါတယ် ။ ကံမကောင်းစွာပဲ Porsche နဲ့ Bugatti တို့ရဲ့ ပူးပေါင်းမှု ကြောင့် အခြားသော လက်တွဲ အလုပ်လုပ်နေတဲ့ Hyundai Motor Group နဲ့  လက်တွဲဖြုတ်ရဖို့  ဖြစ်လာခဲ့ပါတယ်။ $ 84 Million မြှပ်နှံမှုအပြီးမှာ Rimac ဟာ Hyundai Group အတွက် ယာဉ်အသစ်နှစ်မျိုး ထုတ်လုပ်ဖို့ရှိခဲ့ပြီး N Brand အောက်က လျှပ်စစ် Sports ကားတစ်စီး နဲ့ Fuel Cell ကားတစ်စီးတို့ပါပဲ ။ Automotive News အရ ယခုဆိုရင်တော့  Porsche နဲ့ Rimac တို့ရဲ့ ပူးပေါင်းဆောင်ရွက် မှုကြောင့်ပဲ Hyundai ဟာ Rimac နဲ့ ဆက်လက်လက်တွဲ ဖြစ်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

Photo Credit: CARBUZZ

ဒီကိစ္စမှာတော့ Hyundai က Rimac နဲ့ စပ်တူစာချုပ်ပါ 12% ကို ပြန်ရောင်းချင်နေလားတော့ မပြောတတ်သေး ပေမယ့် လက်ရှိမှာတော့ Porsche က မူလ 10% မြှပ်နှံမှုကနေ ယခုဆို 24% အထိ ပိုင်ဆိုင်လာပါပြီ။ လက်ရှိမှာ Hyundai က Rimac နဲ့လမ်းခွဲတော့မှာ ဖြစ်ပေမယ့် အပေးအယူတွေရဲ့ အဆုံးသတ်မှာတော့  အကျိုးအမြတ်တွေနဲ့ အတူ အောင်မြင်လာဦးမှာပါ။ Hyundai က Rimac နဲ့စခဲ့တဲ့ Electric Sports Car Project တွေကို လက်လွှဲ ယူမှာ ဖြစ်ပြီး 2023 အရောက်မှာတော့ စတင် ပွဲထုတ်ပေးလာ နိုင်ဖို့ မျှော်လင့်ထားပါတယ်။ Hyundai က ၎င်းရဲ့ Ioniq 5 EV ရဲ့ Sporty N Version ကို ထုတ်လုပ်လျက်ရှိနေပြီး Kia EV6 GT ရဲ့ အဓိက စွမ်းဆောင်ရည်တွေအပေါ် အခြေခံ ထားတဲ့ ကားဖြစ်လာ လိမ့်မယ်လို့လည်း ဆိုထားပါတယ်။ အဆိုပါ ကား အတွက်တော့ လက်ရှိမှာ Rimac ရဲ့ အကူ အညီကို Hyundai တို့ လို‌အပ်နေဆဲ ပုံပေါက်နေတာပါ။ ဒါပေမယ့် အဆိုပါ ကားသာ တကယ်ဖြစ်လာမယ် ဆိုရင် Hyundai Brand အောက်ကနေပဲ ထွက်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် အနာဂါတ်မှာ မြင်ရနိုင်တဲ့ Genesis X Speediun Coupe အတွက် ခြေလှမ်းအစ ကားတစ်စီး လည်း ဖြစ်သွားနိုင်ပါသေးတယ်။

Photo Credit: CARBUZZ

လက်ရှိ မှာတော့ ကုမ္ပဏီဘက်ကနေ Fuel Cell Project အတွက် ဆက်သွားဦးမှာ မဟုတ်သေးပဲ  “Hyundai နဲ့ အဆင့်မြင့် Project နှစ်ခု တစ်ပြိုင်ထဲ ဆောင်ရွက်နေပြီး တစ်ခုကတော့ အောင်မြင်ခဲ့ပြီဖြစ်ကာ နောက်ထပ် Projects တွေ အတွက်လည်း  ညှိနှိုင်းမှုလေးတွေ လုပ်နေ ပါတယ် ” လို့ Rimac ပြောရေးဆိုခွင့်ရှိသူက Automotive News Europe ကို ပြောကြားခဲ့ပါတယ် ။ “ကုမ္ပဏီသစ် Rimac ရဲ့ နည်းပညာ နဲ့ New Bugatti Rimac Company တို့ရဲ့ ပေါင်းစပ်အားတို့ကြောင့် Hyundai ရဲ့ ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့ ၁၂ လ အတွင်းမှာပဲ သိသာတဲ့ အထောက်အပံ့ ကောင်းတွေ ရလာခဲ့ပါတယ်  ” လို့လည်း ပြောကြားခဲ့ပါတယ်။ Hyundai ဘက်ကတော့ Rimac နဲ့ လမ်းခွဲရတော့မှာ လား ဆိုတဲ့ အချက်အပေါ် အတိအလင်း ငြင်းဆိုထုတ်ပြန်ထားတာတော့ မရှိသေးပေမယ့် မကြာခင်တော့ တရားဝင် သတင်း တစ်ခုခု ကြားရနိုင် တယ်လို့ပဲ ခန့်မှန်းရတော့မှာပါ။

Ref: carbuzz.com