သိပ်ပြီးတော့ ယုံချင်စရာ မကောင်းနိုင်ပေမယ့်လည်း တောင်ကိုရီးယား ကားကုမ္ပဏီကြီး Hyundai တို့ ကတော့ လွန်ခဲ့တဲ့နှစ် အနည်းငယ်တုန်းက အတော်ကောင်းတဲ့ လမ်းကြမ်း ကားတစ်စီး Galloper ကားကို ချပြခဲ့ပါတယ်။ Mitsubishi ဆီက ဒုတိယမြောက် မျိုးဆက် Montero ကားသစ်ကို အခြေခံပြီး အဆိုပါ ကားကို ဖန်တီးခဲ့တာပါ။ ဒါပေမယ့် အခုလို ခေတ်ဟောင်းက ကားအကောင်းစား တစ်စီးကို ဒီဘက်ခေတ်မှာ ဘယ်လိုပြန်ဖန်တီးလို့ ရနိုင်မလဲ ဆိုတာ စိတ်ဝင်စားတဲ့ ဒီဂျစ်တယ်ပုံတူဆွဲ ပညာရှင်တစ်ဦး ကတော့ ဖန်တီး ကြည့်လိုက်ပြီး ခေတ်ဟောင်း အရသာနဲ့ လှပတဲ့ လျှပ်စစ်ကား တစ်စီးပြန်ဖြစ်လာ နိုင်တယ်လို့ ဆိုထားပါ တယ်။ Galloper ကားက အမေရိက ဈေးကွက်ထဲ အထိ မရောက်ခဲ့ပေမယ့် Hyundai ရဲ့ ဈေးအကြီးဆုံး တော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကအပြင် အခြား ဈေးကွက်တွေမှာပါ သိပ်မသိ ခဲ့ရသေးတာကတော့ အဆိုပါကား စပေါ်ခဲ့တဲ့ ၁၉၉၇ ကာလလောက် တုန်းက နာမည် မရသေးတဲ့ Hyundai ကြောင့်ပါပဲ။ ဒါပေ မယ့်လည်း နောက်ပိုင်းမှာတော့ Brand ကို လူစိတ်ဝင်စားမှု ပိုများလာခဲ့ပြီး အခုနှစ်ပေါင်း ၂၀ အကြာမှာ တော့ အခုလို ကားတန်းထဲမှာ 2023 Hyundai Palisade အသစ်က ရွေးလို့ အကောင်းဆုံး တစ်စီး ဖြစ်နေ ခဲ့တာ အံ့အားသင့်ဖို့ ကောင်းနေပါပြီ။
အစပိုင်းတုန်း ကတော့ Palisade ကား မထုတ်ပေးလာသေးခင် Ladder Frame နဲ့ Galloper အစားထိုး ကားကို ထုတ်ဖို့ မျှော်လင့်ခဲ့ပေမယ့် Hyundai တို့ ကတော့ လမ်းကြောင်းအသစ်ပဲ ဖောက်သွားခဲ့တာပါ။ လက်ရှိမှာတော့ Land Cruiser တို့လို ကားအမျိုးအစား ဈေးကွက်ထဲဝင်ဖို့ Hyundai တို့ မကြိုးစားထား သေးပဲ ပိုပြီး ဈေးသက်သက်သာသာ ကားတွေ နဲ့ လျှပ်စစ်ကားသစ်တွေ ဘက်ကိုပဲ ဦးလှည့် နေခဲ့တာပါ။ မကြာခင်မှာပဲ EV 6 လျှပ်စစ် ကားသစ်ကလည်း ဈေးကွက် ထဲ ရောက်တော့မှာ ဖြစ်ပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ လာမယ့် ၂၀၂၃ မှာ ရောက်လာမယ့် Concept EV 9 ကားသစ် အကြောင်းပါပဲ။ ဒီကားကြောင့် တစ်ချိန်တည်းမှာပဲ Hyundai အနေနဲ့ SUV EV အမြင့်ပိုင်း ဈေးကွက်ထဲ ဝင်ဖို့ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါ ကားအကြောင်းကို သေချာမသိရသေးဘူး ဆိုပေမယ့် Hyundai ရဲ့ Electric Global Modular Platform အသစ်ကိုတော့ သုံးလာနိုင်ပြီး လျှပ်စစ်မော်တာ ၂ လုံးလည်း ပါဝင်လာ နိုင် ပါတယ်။ ဒါ့အပြင် All Wheel Drive စနစ်ကိုပါ ပေါင်းစပ်လာ နိုင်တာကြောင့် Rivian R1S ၊ Mercedes EQE SUV နဲ့ BMW iX ကားတွေလိုမျိုး အကောင်းစား ဇိမ်ခံ အရသာတွေပါ ပါဝင်လာနိုင်ပါတယ်။
လက်ရှိ မြင်ထားရတဲ့ EV 9 ကား ပုံရိပ် တွေကိုကြည့်ရသလောက် ကတော့ ဒီဇိုင်းပိုင်းအရ အပြီးသတ်စရာ လေးတွေ ကျန်နေသေးပြီး လက်ရှိမှာတော့ Palisade ရဲ့ အငွေ့အသက်လေးတွေ မြင်နေရဆဲပါ။ ဒါပေမယ့် လည်း သေချာ ပြန်ကြည့်ရရင်တော့ Land Rover Defender နဲ့ BMW ရဲ့ စွမ်းဆောင်ရည်မြင့် XM ကားတို့ နှစ်မျိုးပေါင်းထား သလို ပုံမျိုးကိုလည်း မြင်နေရပြန်ပါတယ်။ အဆိုပါ ကားအတွက် လက်ရှိ ပုံဖော်ကြည့် ထားတဲ့ NY Mammoth ရဲ့ ဒီဇိုင်း ကတော့ Defender နဲ့ G-Class ကားတွေ ရဲ့ အသွင်ကိုမှ Hyundai အရသာလေး ထည့်ပေးထား သလိုပါပဲ။ တကယ် ကတော့ လမ်းကြမ်းပိုင်းမောင်းနိုင်မယ့် ကားသစ် တွေရဲ့ ပုံစံတွေက အခုလို ခပ်ဆင်ဆင်တွေပဲ ပိုဖြစ်နိုင်ပြီး လက်ရှိ မြင်ရတဲ့ ပုံကြမ်းကို မြင်ရသလောက်ကတော့ မူလ Galloper ကားကို အများကြီး မှီငြမ်းထားတယ် ဆိုတာ သိသာ ပါတယ်။
Ref: carbuzz.com