တောင်ကိုရီးယား ကားကုမ္ပဏီ Hyundai တို့ကတော့ ဆန်းသစ် တီထွင်ထားတဲ့ လေကာမှန် ပေါ်က Wipers အလန်းစား တွေလို အသေးစားတွေက အစ ဟိုက်ဒရိုဂျင် စွမ်းအင်သုံးလိုမျိုး ကြီးကြီးမားမား နည်း ပညာတွေ အထိ ဖန်တီး ပြီး သမိုင်း မှတ်တမ်းသစ်တွေ ရေးလာ နေခဲ့တာပါ။ ဒါ့အပြင် ပိုကောင်းတဲ့ စတီယာ တိုင် အသစ်တွေ ၊ Screen အကြီးကြီးတွေကိုလည်း သူတို့ရဲ့ ကားတွေထဲ ထည့်ပေးလာ ပါတယ်။ ဒါပေမယ့် အခုလောလောဆယ် Hyundai တို့ နောက်တစ်ဆင့် ထပ်ချဲ့ ချင်နေတာကတော့ တကယ့်လက်တွေ့ ကမ္ဘာ ထဲမှာ မဟုတ်တော့ ပါဘူး။ ဟုတ်ပါတယ် ပုံရိပ် ယောင် Virtual World တစ်ခု ဖြစ်တဲ့ Metaverse လောက ထဲကို ခြေဆန့်လာခဲ့တာ ဖြစ်ပြီး တကယ့်လက်တွေ့နဲ့ Metaverse တို့ အကြားမှာ စက်ရုပ်တွေ အသုံးပြု ချိတ်ဆက်နိုင်ဖို့ အတွက် အထိကို ရည်ရွယ်လာခဲ့ပါတယ်။ အခု နည်းပညာသစ် ကိုတော့ Hyundai က Metamobility လို့ အမည်ပေးထားပြီး တကယ့် လက်တွေ့ ဘဝနဲ့ပုံရိပ်ယောင် ဘဝတွေကြားထဲမှာ တကယ့် ကို ချောမွေ့တဲ့ ချိတ်ဆက်မှုတွေ ရှိလာနိုင်အောင် ကြိုးစား နေတာပါ။

Photo Credit: CARBUZZ

CarBuzz နဲ့ IP Australia တို့ဆီက လာတဲ့ သတင်းတွေ အရတော့ Metamobility ဟာ Metaverse အတွက် Software သစ်တစ်ခု ဖြစ်ပြီး Blockchain တွေ နဲ့ ချိတ်ဆက်ထားတဲ့ Tokens စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Metaverse World ကြီးထဲမှာ ပုံရိပ် ယောင် ကားသစ်တွေ အများကြီး ပါမယ့် ပုံတွေကို လည်း Download ရယူထားနိုင်တာ မျိုးတွေ အထိ ပါဝင်မယ်လို့ သိရပါတယ်။ တကယ်လို့ အခုစနစ်ကိုသာ အခုနှစ် အစောပိုင်း လောက်ကတည်းက ဖြန့်ချီ လာမယ် ဆိုရင်တော့ Hyundai အနေနဲ့ အချိန်နဲ့ နေရာတွေ အကြား အခက်အခဲ ရှိနေကြတဲ့ သူတွေအဖို့ အတော်အဆင်ပြေစေမယ့် အတွေ့အကြုံတစ်ခု ပေးလာနိုင်တာ မျိုး ဖြစ်လာလိမ့်မယ် ဆိုပြီး ပြောကြား ထားပါတယ်။ Hyundai ကတော့ အနာဂါတ် ကားသစ်တွေနဲ့ စက် ပစ္စည်းတွေ ကတော့ ပုံရိပ်ယောင် နေရာတွေကိုပါ ဖန်တီးပေးလာနိုင် တော့မှာ ဖြစ်ကာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက် တွေကနေ တစ်ဆင့်ကားကိုပဲ အစည်းအဝေး ခန်းမ အဖြစ် ၊ 3D Video Game Platform အဖြစ် ဒါမှမဟုတ် ဖျော်ဖြေရေးနေရာ တစ်နေရာအဖြစ် စိတ်ကြိုက်လိုသလို ပြောင်းသုံး ပေးနိုင်တော့မယ်လို့လည်း ဖော်ညွှန်းပေးထားပါတယ်။

Photo Credit: CARBUZZ

နောက်ထပ် ထူးထူးခြားခြား နဲ့ အံ့အားသင့်ဖို့ ကောင်းတဲ့ ဖြစ်နိုင်ချေ တစ်ရပ်ကတော့ Metaverse ထဲမှာပဲ ပိုင်ရှင် ဖြစ်သူရဲ့ အိမ်ပုံစံအတိုင်း ပုံစံတူ တစ်ခုဖန်တီး ပေးထားနိုင်တာမျိုးတွေ အထိပါပဲ။ တကယ်လို့ ကိုယ် တိုင်က လက်တွေ့ နယ်ပယ်ထဲမှာ အလုပ်တွေ များနေမယ် ဆိုရင်တော့ ကိုယ့်ရဲ့ ပုံစံတူ Avatar စက်ရုပ်က ပုံရိပ်ယောင်တွေနဲ့ ပေါင်းစပ်ပြီး အိမ်မှာ ကျန်ခဲ့တဲ့ တိရစ္ဆာန်လေးကို ဖက်ပေးတာ အစာကျွေးတာတွေ အထိ ပြုလုပ်နိုင်တော့မှာပါ။ အခု စနစ်ကိုတော့ စက်ရုပ်တွေက လက်တွေ့နဲ့ ပုံရိပ်ယောင် စနစ်တွေအကြား အချိန် နေရာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး လုပ်ဆောင် ပေးနိုင်မယ့် စနစ်တစ်ခု အဖြစ် Hyundai က မှတ်ယူထားပါတယ်။ အခု နည်းပညာသစ်ရဲ့ ဖြစ်နိုင်ချေတွေ ကတော့ စိတ်လှုပ်ရှားစရာ‌လည်း ကောင်းသလို အတော်လေးလည်း အသည်းယားစရာ ကောင်းမှာ အမှန်ပါပဲ။ တကယ်လို့ ကုမ္ပဏီအနေနဲ့ အခု နည်းပညာ ပေါ်မှာသာ သေသေချာချာထပ်ပြီး ရင်းနှီး မြုပ်နှံမယ် ‌ဆိုရင်တော့ ကျန်တဲ့ အပိုင်းတွေဘယ်လို ဆက်ဖြစ်လာ မလဲ ဆိုတာ အတော်လေး စောင့်ကြည့်ချင်စရာ ကောင်းနေပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com