လွန်ခဲ့တဲ့ ၂ နှစ် လောက် ကတည်းက ပွဲထုတ်လာခဲ့တဲ့ ၇ ခုမြောက် မျိုးဆက် Hyundai Elantra ကားကိုတော့ အခု ဆိုရင် ကုမ္ပဏီ ဘက်ကနေ ရုပ်ပြောင်း ကားသစ်ထုတ်ပေးဖို့ စီစဉ်နေပါပြီ။ ကားသစ်က လာမယ့် ၂၀၂၃ နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၄ လောက် အထိကို မြင်ရဖို့ မသေချာသေးပေမယ့်လည်း ထုံးစံ အတိုင်း Spy Shots တွေကနေ တစ်ဆင့် ဒီဂျစ်တယ် ပုံကြမ်းပိုင်းကို မြင်လာရပြီ ဖြစ်ပါတယ်။ အခု ဒီဂျစ်တယ် ပုံကြမ်းတွေမှာ သိသာတာ တစ်ခု ကတော့ အရှေ့ ဘက် Fascia က ပုံစံလုံးဝ ပြောင်းလာတာဖြစ်ပြီး ယခင်ထက်လည်း သိသိသာသာကို မြင်သာလာခဲ့ ပါတယ်။ အဓိက အရှေ့ဘက် ဒီဇိုင်း အပြောင်းအလဲမှာတော့ Staria ကားနဲ့ ပုံစံတူလာခဲ့တာဖြစ်ပြီး Radiator Grille အကြီးစားကြီးကလည်း ဘေးကနေ အရှေ့အထိကို ဝိုက်ထားတဲ့ ပုံပေါက်လာတာပါ။ အဆိုပါ Grille အပေါ် မှာတော့ Kona ကားသစ်တွေကလိုမျိုး LED Bar အကြီးတစ်ခု ပါဝင်လာတာဖြစ်တာကြောင့် ယခင်ကားထက် ဒီဇိုင်းရော အပြင်အဆင်ပိုင်းပါ ပြောင်းလဲ လာတာတော့ သိသာပါတယ်။ ဒါပေမယ့် ကားရဲ့ အနောက်ဘက်ပိုင်း မှာတော့ သိသာတဲ့ အပြောင်းအလဲတွေ မရှိထားပဲ Taillights တွေရဲ့ အတွင်းပိုင်း Graphics Design လေးတွေ လောက်ကိုပဲ ဆန်းသစ် ပေးထားပါတယ်။ ကားရဲ့ အနောက်ဘန်ဘာအောက်မှာလည်း အပြင်အဆင်လေးတွေ နည်းနည်းစီ လောက် ထပ်ထည့်ပေးထားပြီး လောလောဆယ်အထိတော့ မြင်နိုင်သလောက် အပြောင်းအလဲတွေပဲ ရှိသေးတာကြောင့် လက်တွေ့မှာ ဘယ်လောက်အထိ ဖြစ်လာနိုင်မလဲ ဆိုတာတော့ အချိန်ယူစောင့်ကြည့်ရဦးမှာပါ။

Photo Credit: motor 1.com

လက်ရှိမှာတော့ 2023 Model Elantra ကားသစ် အနေနဲ့ Base Form ကို $ 20,500 ကနေ စတင် ကျသင့်နေတာဖြစ်ပြီး Hybrid Model ဆိုရင်တော့ $ 24,200 အထိ ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည် ပိုကောင်းတဲ့ Elantra N ဆိုရင်လည်း $ 32,650 အထိ ဈေးရှိနေမှာပါ။ အင်ဂျင်ပိုင်းကတော့ Entry-Level Model မှာ ဆိုရင် Naturally Aspirated 2.0 Liter Engine ကို တပ်ဆင်ပေးထား ပြီး 1.6 Liter အင်ဂျင်နဲ့ ဆိုရင်တော့ Hybrid အမျိုးအစား ဖြစ်လာfမှာပါ။ Turbocharged အမျိုးအစားကိုတော့ Range အမြင့်ဆုံး N Version မှာ ထည့်ပေးထားကာ 286 hp အထိ ကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ ကားတွေ တိုင်းမှာတော့ Six-Speed Manual ဂီယာ ဒါမှမဟုတ် Dual-Clutch Automatic ဂီယာတွေကိုပါ ‌ရွေးချယ် နိုင်ပါတယ်။ လက်ရှိ အချိန်အထိ မြင် ထားရသမျှကတော့ တကယ်ကို အစောပိုင်း ဒီဂျစ်တယ် ခန့်မှန်းပုံရိပ်တွေ ပဲရှိသေးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို ဒီဇိုင်းမျိုးကို Grandeur အသစ်မှာ ချပြ ထားဖူးတာကြောင့် အခု ကားသစ်ထွက်လာရင် အလားတူ Design Language မျိုးကိုပဲ Hyundai တို့ ဆက်သုံးလာဖို့ များနေတာ ဖြစ်ပါတယ်။

Ref: motor 1.com