Hyundai ကား ကုမ္ပဏီကတော့ Quantum Computing နည်းပညာပိုင်းမှာ ကမ္ဘာ့ထိပ်တန်းဖြစ်နေတဲ့ IonQ ကုမ္ပဏီနဲ့ ပူးပေါင်း လိုက်ပြီ ဖြစ်ပါတယ်။ အခုလို ပူးပေါင်းရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကုမ္ပဏီ ၂ ခု အနေနဲ့ Quantum Machine အပေါ် အခြေခံပြီး ပုံရိပ်တွေ ၊ 3D ထောက်လှမ်းရေး စနစ်တွေနဲ့အတူ အနာဂါတ် သွားလာရေး လမ်းကြောင်းတွေရဲ့ မောင်းသူမဲ့ စနစ်တစ်ခုကို ဖန်တီးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ပုံရိပ်ခွဲခြားဖန်တီးမှုနဲ့  3 D ထောက်လှမ်းရေး နည်းပညာတွေကို Hyundai ဘက်ကနေအနာဂါတ် မောင်းသူ မဲ့ စနစ်တွေမှာ ကောင်းကောင်း ထည့်သုံး သွားမှာ ဖြစ်ပါတယ်။ တကယ်တော့ စက်ပိုင်းဆိုင်ရာ တွေထဲမှာ Quantum Computer တွေနဲ့တွက်ချက်ရာမှာ ပို‌ပြီးတိကျတာတွေ့ရပြီး လက်ရှိသုံးနေတဲ့ ဘယ်စနစ်မျိုး မဆိုထက် ပိုမိုမြန်ဆန်တိကျတဲ့ အချက်အလက် တွေကို ပေးနိုင်မှာပါ။

Photo Credit: motor 1.com

IonQ ကုမ္ပဏီ ရဲ့ ဥက္ကဌ လည်းဖြစ် ၊ CEO လည်း ဖြစ်သူ Peter Chapman ကတော့ မျိုးဆက်သစ် ပို့ဆောင် ဆက်သွယ် ရေး အပိုင်းတွေမှာ အဓိကကျလာမယ့် နည်းပညာတစ်ရပ်ကို Hyundai နဲ့ အတူတူ တိုးချဲ့ လုပ် ကိုင်သွားဖို့ စိတ်လှုပ်ရှား နေပြီ ဖြစ်တယ် ဆိုပြီး ဆိုထားပါတယ်။ လျှပ်စစ် ကားတွေအတွက် ဘက်ထရီပိုင်း သုတေသနပိုင်းတွေက အစ ပုံရိပ် ဖော်ဆောင်တာတွေနဲ့ လမ်းတစ်လျှောက် လမ်းကြောင်း ထောက်လှမ်းတာ မျိုးတွေကို မောင်းသူမဲ့ စနစ်အတွက် ကောင်းကောင်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ အနာဂါတ် နည်းပညာ တိုင်းမှာ Quantum ကွန်ပြူတာ တွေရဲ့ လုပ်ဆောင် နိုင်စွမ်း က အဓိက ကျလာ တော့မှာ ပဲ ဖြစ်ပါတယ်။ တကယ် တော့ ကုမ္ပဏီ ၂ ခု အကြား ပူးပေါင်း ဆောင်ရွက် မှု ‌ကို အခုနှစ် အစောပိုင်း ကတည်းက စီစဉ် ခဲ့တာ ဖြစ်ပြီး နည်းပညာ သစ် တွေရဲ့ ကုန်ကျစရိတ် ၊ Lithium Battery တွေရဲ့ လုံခြုံစိတ်ချရမှုစတဲ့ အပိုင်းတွေ အကုန်လုံး မှာ Quantum ကွန်ပြူတာတွေနဲ့ နည်းပညာက ပါလာတော့မှာပါ။

Photo Credit: motor 1.com

လက်ရှိ မှာတော့ Quantum ကွန်ပြူတာတွေကို လမ်းညွှန် အမှတ်အသား ၄၃ မျိုး အထိ ခွဲခြမ်းစိတ်ဖြာ နိုင် အောင် အသုံးပြုနိုင်နေပြီဖြစ်ပြီး  လမ်းတစ်‌လျှောက် ထောက်လှမ်းလို့ ရလာတဲ့ ပုံရိပ်တွေကိုလည်း Quantum State အခြေအနေတွေ အဖြစ် ပြောင်းလဲပေးနိုင်မှာပါ။ အဆိုပါရလာတဲ့ အချက်အလက်တွေက နေ တစ်ဆင့် IonQ ရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေ ဆီမှာ ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ကာ Hyundai ရဲ့ လက်တွေ့ စမ်းသပ် မယ့် အနေအထား တွေဆီကို ဦးတည် လာနိုင် တော့မှာပဲ ဖြစ်ပါတယ်။ IonQ နဲ့ Hyundai တို့ ကတော့ အခု နည်းပညာ တွေကို လက်ရှိ လမ်းညွှန် အမှတ်အသားတွေ အတွက်ပဲ အသုံးပြုနေရာကနေ လမ်းအသွား အလာတွေနဲ့ စက်ဘီးဆိုင်ကယ် အသုံးပြုသူတွေဆီကိုပါ ထောက်လှမ်းနိုင် ဖို့ နောက်ပိုင်းမှာ တိုးချဲ့သွားတော့မှာပါ။ အခု Quantum ကွန်ပြူတာ အသစ် IonQ Aria ကို သုံးခြင်း‌အား ဖြင့် အခြားသော မောင်းသူမဲ့ လုပ်ငန်းစဉ် အတွက် အထောက်အကူ ပြုမယ့် စနစ်တွေကို ကုန်ကျစရိတ် နည်း နည်းနဲ့ပဲ လုပ်နိုင်မှာဖြစ်ပြီး ပိုပြီးလုံခြုံစိတ်ချရတဲ့ နည်းပညာ အဖြစ် အနာဂါတ်မှာ ပေါ်ထွက်လာဖို့ သေချာလို့ နေပါတယ်။ လက်ရှိဈေးကွက်ထဲရှိတဲ့ Quantum ကွန်ပြူတာတွေထဲမှာ IonQ Aria စနစ်က အကောင်းဆုံး ဖြစ်နေပြီး Application ရဲ့ အချက်အလက် စစ်ဆေးမှုအရတော့ 20 Algorithmic Qubits အထိ စွမ်း ဆောင် ထားနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com