ဘဝမှာ အဆိုးဆုံးသော အရာတွေထဲက တစ်ချို့ကို ပြပါ ဆိုရင်တော့ ကိုယ်တိုင် ကြိုးကြိုးစားစား ရှာဖွေ ‌စုဆောင်းထား သမျှလေးတွေကို ခိုးယူခြင်း ခံလိုက်ရတာမျိုးပါပဲ။ အခုဆိုရင်လည်း အမေရိကန် နိုင်ငံ ၊ မင်နီ ဆိုးတား ပြည်နယ်က Theresa Jones ဆိုသူ အမျိုးသမီး တစ်ယောက်ဟာ သူ့ရဲ့ Kia Soul ကားလေးကို ခိုးယူခြင်း ခံလိုက်ရပါတယ်။ Fox 9 သတင်းဌာနဆီ သူမရဲ့ အတွေ့အကြုံကို ပြန်ပြောပြရာမှာတော့ အတော် လေးကို စိတ်ပျက်ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ရပြီး သူမ အနေနဲ့ ယခင်တုန်းက ဒီကားလေးကို မိခင်ဖြစ်သူနဲ့ မျှဝေ သုံးနေရာကနေ ကိုယ်ပိုင် ဖြစ်သွားခဲ့တာဟာ အခု အခိုးမခံရသေးခင် ၆ ပတ်အလိုမှာပဲ ရှိ သေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် အခု ကား ပိုင်ရှင် သားအမိ ကတော့ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း Hyundai နဲ့ Kia ကား အများစု အခိုးခံ နေရတဲ့အထဲ ပိုင်ရှင်တွေ အဖြစ် ပါဝင်လာခဲ့ ရပါပြီ။ ဒီ အနေအထား ကတော့ တိုက်ဆိုင်တယ် ဆိုတာထက် တောင်ကိုရီးယား ကုမ္ပဏီ ၂ ခုရဲ့ ကားတွေကပဲ ပိုပြီး ခိုးယူရလွယ်နေ တာလား ဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာပါပြီ။ ယခင်တုန်းကလည်း အခု ပြဿနာတွေကြောင့် အဆိုပါ ကုမ္ပဏီ ၂ ခု ကိုတရားပြန်ဆွဲ ထားခဲ့တဲ့အထိတောင် ဖြစ်ခဲ့ဖူးပါသေးတယ်။

Photo Credit: CARBUZZ

Milwaukee ရဲဌာနရဲ့ Bob Fletcher ဆိုသူ အရာရှိကတော့ ဒီ ကားကုမ္ပဏီ ၂ ခု ကားတွေ အခိုးခံနေရတာ ဟာ အတော် လေးကို ထိန်းမနိုင်တဲ့ အခြေအနေဖြစ်နေပြီး မကြာသေးမီတုန်းကလည်း ဆိုရှယ် မီဒီယာပေါ် မှာ Kia Boys လို့တောင် အမည်ပေးထားတဲ့ ခိုးယူသူ လူငယ်တစ်စု ဆိုပြီးပါ တွေ့လိုက်ရတဲ့ အကြောင်း Fletcher က ဆိုထား ပါတယ်။ ဒါ့အပြင် သူတို့ အနေနဲ့ ကားတွေနဲ့ ပတ်သက်တဲ့ Video တွေကိုတောင် YouTube ပေါ်တင်နေခဲ့တာကြောင့် Kia ကုမ္ပဏီထံ အဆိုပါ ကားတွေ ပြန်ရွေးပေးနိုင်ဖို့အထိတောင် ပိုင်ရှင် တစ်ဦးက တောင်းဆို ခဲ့ဖူးပါသေးတယ်။ လက်ရှိအဆိုပါ မြို့မှာဖြစ်ခဲ့တဲ့ ကားခိုးခံရမှု ပေါင်းရဲ့ ၆၆% ကလည်း Kia နဲ့ Hyundai ကားတွေပဲ ဖြစ်နေတာပါ။ လုံခြုံရေးပိုင်း ဆိုင်ရာ နည်းပညာ အသစ်တွေ ထည့်ထားတယ် ဆိုပေမယ့်လည်း အဆိုပါ ကား အမျိုးအစားတွေမှာ တစ်ခု အားနည်းချက် ဖြစ်နေတာ ကတော့ ကားရဲ့ အနောက်ဘက်ကနေ တံခါးကို ရိုက်ခွဲဝင်ပြီး အတွင်းက စတီယာတိုင်ကို လှည့်ကာ ရယူနိုင်တာမျိုး ဖြစ်နေ တာပါ။ ပိုထူးခြားတာကတော့ အခုလိုမျိုး မှန်ခွဲပြီးဝင်လာတာ မျိုးအထိအောင် လုံခြုံရေး အချက်ပေးသံ မပြတာမျိုးကြောင့် ပိုင်ရှင်တွေလည်း အတော်လေးကို အံ့အားသင့်စွာနဲ့ပဲ ခိုးယူ ခံလိုက်ကြရပါ တော့တယ်။

Photo Credit: CARBUZZ

ခေတ်ပေါ် နည်းပညာ တွေနဲ့ ကားသစ်တွေ အဖို့တော့ အခုလိုမျိုး အခိုးယူ ခံရတာ မျိုးက မဖြစ်သင့်တာ  ကြောင့် ပိုင်ရှင် တွေ ကလည်း ကားတွေ ပြန်ရဖို့အတွက် ကုမ္ပဏီတွေ ဘက်ကိုပါ တောင်းဆို နေကြတာပါ။ ဒါပေမယ့် ကုမ္ပဏီတွေ ဘက်ကတော့ အသံ တစ်စုံတစ်ရာ တောင် မကြားရသေးပဲ မကြာခင်မှာတော့ တစ်ခု ခု ကြေညာကာ ဖြေရှင်း ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ လက်ရှိမှာတော့ ရဲဌာနက သူတို့ မြို့အ တွင်းက Kia နဲ့ Hyundai ကားတွေကို စတီယာတိုင်သော့ ဝယ်သုံးကြဖို့ ၊ ကားတွေကိုလည်း ပိုပြီးလုံခြုံတဲ့ ဂိုဒေါင်တွေထဲမှာ ဂရုတစိုက် ရပ်နားထားကြဖို့ အကြံပေးထားပြီး တတ်နိုင်မယ် ဆိုရင်တော့ ပိုကောင်းတဲ့ လုံခြုံရေး စနစ်တွေ တပ်ဆင်ကြဖို့ ဆိုထား ပါတယ်။ Fox 9 ရဲ့ သတင်းအရတော့ လူမှုကွန်ရက် မီဒီယာပေါ် က အဆိုပါ Kia Boys ဆိုတဲ့ အဖွဲ့က ကားတွေတင် ခိုးယူနေတာမျိုး မဟုတ်ပဲနဲ့ သူတို့ရဲ့ Video တွေကို တောင် ဖြန့်ချီ နေတာ ဖြစ်ကာ နယူးဇီလန်မှာ ဖြစ်ခဲ့ဖူးတဲ့ ကားခိုးယူသူ အဖွဲ့တွေနဲ့ လည်း ခပ်ဆင်ဆင်ပါပဲ။ နယူးဇီလန် မှာဆိုရင် ၁၃ နှစ် အရွယ်တွေလောက်ပဲ ရှိဦးမယ့် အဆိုပါ ကားခိုးသူ လူငယ်အဖွဲ့ တစ်ဖွဲ့က ထူး ထူးခြားခြား စိန်ခေါ်မှုတွေလုပ်ပြီး Mazda ကားတွေကိုပဲရအောင် ပြိုင်ခိုးကြတာတွေအထိ လုပ်ခဲ့ကြ တာပါ။ တစ်ခါလည်း နာမည်ကျော် Ford ရဲ့ Flat Rock စက်ရုံကနေ ကားတွေအခိုးခံခဲ့ရသေးပြီး ပိုဆိုးတာ ကတော့ ထုတ်လုပ်ပြီးပြီးချင်း အသစ်စက်စက် Shelby GT 500 ကားတွေကိုမှ စက်ရုံကနေ ခိုးတာမျိုးဖြစ်ကာ ၃ စီးပဲ ပြန်ရလိုက် လို့ Ford ရဲ့ လုံခြုံရေးစနစ်တွေကလည်း ဒီနေရာမှာတော့ အံ့အားသင့်စရာ ဖြစ်သွားခဲ့ရပါတယ်။

Ref: carbuzz.com