Hyundai နဲ့ Boston Dynamics တို့ကတော့ Boston Dynamics AI Institute ဆိုတဲ့ လုပ်ငန်းတစ်ခုကို ပူးတွဲတည်ထောင်ကြောင်း ကြေညာ လိုက်ပါတယ်။ သုတေသန အခြေပြုမယ့် အဆိုပါ အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ဉာဏ်ရည်တု AI နည်းပညာပိုင်း ၊ စက်ရုပ်အပိုင်းနဲ့ နည်းပညာမြင့် ဉာဏ်ရည်တု စက်ပိုင်းဆိုင်ရာတွေ အခုထက် အများကြီး ပိုတိုးတက်လာ စေဖို့ပါပဲ။ အဆိုပါ အဖွဲ့အတွက် အစောပိုင်း ရင်းနှီးမြှုပ်နှံမှု အနေနဲ့ Hyundai နဲ့ Boston Dynamics တို့ ပေါင်းပြီး အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော် အထိ ထည့်ဝင်ခဲ့ ကာ Boston Dynamics ရဲ့ တည်ထောင်သူဖြစ်တဲ့ Marc Raibert ဆိုသူက အဖွဲ့က ဦးဆောင်သွားမှာပါ။ အခုလိုမျိုး AI နည်းပညာ ၊ စက်ပိုင်းဆိုင်ရာ တွေနဲ့အခြား Software Engineering တွေအပိုင်းကို ပိုအာရုံစိုက် ခြင်းအားဖြင့် အနာဂါတ်ရဲ့ စက်ပိုင်းဆိုင်ရာတွေ တိုးတက်လာ ဖို့ကို Boston AI Dynamics Institute က မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

သုတေသန လုပ်ငန်းအသစ်တွေနဲ့ စမ်းသပ်မှုတွေကို ပူးပေါင်းကာ အဖွဲ့အသစ်အနေနဲ့ နယ်ပယ် ၄ ခုမှာ အားထည့်သွားမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် Cognitive AI ၊ Athletic AI နဲ့ Organic Hardware ဒီဇိုင်းတွေ အပြင် ကျင့်ဝတ်တွေနဲ့ စည်းမျဉ်းတွေ နားလည်မယ့်အပိုင်းတွေ စသဖြင့် အသေအချာ လေ့လာသွားမှာပါ။ အဖွဲ့ရဲ့ Executive Director ဖြစ်သူ Marc Raibert ကတော့ အနာဂါတ် မျိုးဆက်သစ်တွေကို တကယ်လည်း အဆင့်မြင့် အသုံးတည့်ကာ ပိုပြီးလည်း လုံခြုံစိတ်ချ ရနိုင်မယ့် စက်ရုပ်နည်းပညာတွေကို အသုံးပြုစေချင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခုလိုမျိုး ဘဏ္ဍာရေးအင်အား တောင့်တောင့်တင်းတင်းနဲ့ နည်းပညာပိုင်း ထောက်ပံ့ပေးထားနိုင်မှု တွေကြောင့် အဖွဲ့ရဲ့ သုတေသန လုပ်ငန်းတွေလည်း ပိုမိုလွယ်ကူ လျှင်မြန်လာ စေသလို ပိုအသုံးတည့်ကာ ၊ လုပ်ဆောင်ချက် အတော်များများ ကိုလည်း လုံလုံခြုံခြုံ နဲ့ လုပ် ဆောင်နိုင်မယ့် စက်ရုပ်တွေကို ဖန်တီးပေးနိုင် တော့မှာ ဖြစ်တယ်လို့ ၎င်းက ထပ်မံ ပြောကြား ခဲ့ပါသေးတယ်။

Photo Credit: motor 1.com

Hyundai အနေနဲ့ အဆိုပါ Boston Dynamics စက်ရုပ်ကုမ္ပဏီကို ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး Hyundai နဲ့ Kia စက်ရုံတွေမှာ စက်ရုပ်တွေနဲ့ စတင်ဝန်ဆောင်မှုပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု ဆိုရင် Robot Service Dog ဆိုတဲ့ စက်ရုပ်ခွေးလေးတွေက အရောင်တွေ အစုံကိုတောင် ခွဲခြားနိုင်နေပြီဖြစ်ပြီး ယခင်ကထက်လည်း ပိုတောင် ကောင်းကောင်းမွန်မွန် ကလာနိုင်သေးကာ စက်ရုံရဲ့ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းတွေကို ကူညီပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အခုနှစ် အစောပိုင်း တုန်းကတော့ Hyundai အနေနဲ့ 2022 CES ပွဲကြီးမှာ စမတ် စက်ရုပ်တွေကိုပါ ပြသ ခဲ့ ဖူးပါတယ်။ ပြသခဲ့တဲ့ စက်ရုပ်တွေကတော့ Hyundai ရဲ့ Plug & Drive (PnD) ဆိုတဲ့ Robot Platform ကို အသုံးပြုထုတ်လုပ်ထားတာတွေ ဖြစ်ပါတယ်။ အဆိုပါ Module တွေမှာတော့ ပစ္စည်း အသေးစားလေးတွေကို ကိုင်တယ် ပေးနိုင်သလို ရွှေ့လို့သွားလို့သယ် သွားဖို့ လွယ်အောင်လည်း ဖန်တီးပေးထားပါတယ်။ LiDAR Sensors တွေနဲ့ ကင်မရာတွေကလည်း အခုစက်ရုပ် Platform ကို လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် လုပ်ဆောင် ပေးထားနိုင်တာကြောင့် အခု စက်ရုပ် အသစ်တွေလည်း ဘယ်လောက်အထိ လုံခြုံကောင်းမွန်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com