BMW ကားတွေ ဆိုတာကို ဟိုက်ဒရိုဂျင် စွမ်းအင်နဲ့ သိပ်ပြီး ဆက်စပ်ပြလို့ မရပေမယ့် အဆိုပါ ကုမ္ပဏီကြီး ကနေ Fuel Cell နည်းပညာတွေ ကို စမ်းသပ်နေတာ ကြာခဲ့ပါပြီ။ ၂၀၀၄ ခုနှစ် လောက်ကတည်းက H2R ဆိုတဲ့ Concept တစ်ခုနဲ့ စတင် ချပြလာခဲ့ဖူးပါတယ်။ အဆိုပါ Concept တုန်းကတော့ V12 6.0 Liter Engine နဲ့ ဖြစ်ပြီး ဓာတ်ဆီထက် စာရင် ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်နိုင်အောင် ပြန်လည် ဖန်တီးပြထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားကိုတော့ ရောင်းချခဲ့ခြင်းမရှိ ပေမယ့် Hydrogen 7 ဆိုတဲ့ နာမည်နဲ့ ကားကို ကုမ္ပဏီရဲ့ ဟိုက်ဒရိုဂျင် ကားတစ်စီးအဖြစ် အနည်းငယ် ထုတ်လုပ်ရောင်းချခဲ့ ဖူးပါတယ်။ ဒါကလည်း တစ်ချို့သော နာမည်ကြီးမင်းသား၊ မင်းသမီးတွေ၊ နိုင်ငံရေးသမား ၊ စီးပွားရေးသမားတွေနဲ့ အခြား အရေးကြီး သူတွေအတွက်သာ ဖြစ် ခဲ့ ပါတယ်။ နောက်ပိုင်းမှာတော့ တိုယိုတာ အကူ အညီနဲ့ ၂၀၁၅ လောက် အရောက် မှာ 5 Series Gran Turismo ကိုအခြေပြုပြီး ဟိုက်ဒရိုဂျင် စွမ်းအင်သုံးကားအဖြစ် ပြောင်းလဲ ပြနိုင်ခဲ့ပါသေး တယ်။ ဒါ့အပြင် တစ်ချိတ်တည်းမှာပဲ ထူးထူးဆန်းဆန်း ချပြခဲ့ပြီး အစအန သိပ်မကြားရ တော့တဲ့ i8 Hydrogen Fuel Cell ဆိုတဲ့ သုတေသနတစ်ခုလည်း ပေါ်ထွက်ခဲ့ဖူးသေးပြီး ၂၀၁၉ အရောက်မှာတော့ i Hydrogen NEXT ဆိုတဲ့ Concept ကို ချပြခဲ့ကာ မနှစ်က ဂျာမနီနိုင်ငံ မြူးနစ်က IAA ကားပြပွဲကြီး မှာ တော့ iX 5 အဖြစ် တရားဝင် ချပြလာနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အခု ဆိုရင်တော့ အဆိုပါ ကားအသစ်ကို အာတိတ်စက်ဝန်း ဒေသအတွင်းမှာပါ သွားရောက် စမ်းသပ်နေခဲ့ပြီ ဖြစ်ပါတယ်။ နေရာအတိအကျ ဆိုရင်တော့ BMW ရဲ့ ဆောင်းရာသီ ကားတွေ စမ်းသပ်ရာနေရာ တစ်နေရာ ဖြစ်တဲ့ ဆွီဒင် နိုင်ငံ ၊ Arjeplog မှာပါ။ ဘက်ထရီနဲ့ လျှပ်စစ်ကား အတော်များများကိုပဲ အခု လောလောဆယ် ဈေးကွက်ထဲ ခေတ်စား နေပေမယ့် အခု BMW SUV အသစ်ကတော့ Toyota Mirai မှာလိုမျိုး ကာဗွန် ဖိုက်ဘာ Reinforced Plastic ( CERP ) တွေနဲ့အတူ ဟိုက်ဒရိုဂျင်သုံး ကားအဖြစ် မြင်တွေ့နေရတာပါ။ အခု iX5 Hydrogen ကားသစ်ကတော့ တစ်စီးတည်း သီးသန့် ထုတ်လုပ်မှာ မဟုတ်ပဲ ယာဉ်တွေကို စီးပွား ဖြစ် အနည်းငယ်စီ အသုတ်လိုက် ထုတ်လုပ် နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် တစ်ချိန်တည်း မှာပဲ ကားအတွက် အဆင်ပြေစေအောင်လို့ ဟိုက်ဒရိုဂျင် ပြန်လည် ဖြည့်တင်းနိုင်မယ့် စင်တာတွေကိုပါ တိုးချဲ့ ပေးသွားတော့မှာပါ။ အခု ကားကတော့ ထူးထူးခြားခြားပဲ အပူချိန် အနုတ် ၂၀ ဒီဂရီ အထိကို ခံနိုင်ရည်ရှိပြီး အဆိုပါ အပူချိန်မှာတောင်မှ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပေးနိုင်သေးတာ တွေ့ရပါတယ်။
ကားရဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ 369 hp အထိရှိတာ ဖြစ်ကာ ရေကို အခြေခံထားတဲ့ ဟိုက်ဒရိုဂျင်စွမ်း အင် ဖြစ်တာ ကြောင့် ပတ်ဝန်းကျင်အတွက် တကယ့်ကို အထောက်အကူပြု သန့်ရှင်းနေစေမှာပါ။ BMW ကတော့ Fuel Cell ပိုင်းကို သေချာ သုတေသန လုပ်နေတာကြောင့် နောက်ထပ် ဟိုက်ဒရိုဂျင်သုံး မော်ဒယ် တွေလည်း ဆက်တိုက်မြင်လာရဖို့ ရှိပါသေးတယ်။ ဒါပေမယ့်လည်း စွမ်းအင်ပြန်လည် ဖြည့်တင်းပေးနိုင်ဖို့ အတွက် အခြေခံ အဆောက်အအုံပိုင်း အားနည်းနေသေးတာကြောင့် အချိန်တစ်ခုတော့ ယူရဦးမှာ သေချာပါ တယ်။ အဆိုပါ ဟိုက်ဒရိုဂျင် ခြေလှမ်းတွေ မတိုင်ခင်တော့ အခုလက်ရှိမှာ BMW ကနေ ဘက်ထရီ လျှပ်စစ် ကားတွေကို ခပ်သွက်သွက် မိတ်ဆက်နေခဲ့ပြီး i7 အသစ် ဆိုရင်လည်း လပိုင်းအတွင်း ထွက်လာဦးမှာ ဖြစ်သ လို iX1 ဆိုရင်လည်း နှစ်ကုန် ပိုင်းလောက်မှာ မြင်ရပါဦးမယ်။ လာမယ့် ၂၀၂၃ အရောက်မှာတော့ i5 ကားက မျိုးဆက်သစ် 5 Series တွေရဲ့ လျှပ်စစ်မျိုးကွဲ အဖြစ် ထွက်ပေါ်လာ နိုင်ပါတယ်။ ဒါ့အပြင် Brand အခွဲ ဖြစ်တဲ့ Mini ကလည်း Countryman EV ကို ဖန်တီး နေပြီး တစ်ဖက် မှာ ဆိုရင်လည်း Rolls-Royce က Spectre Coupe အတွက် ကြိုးစားလို့နေပါပြီ။ လက်ရှိ တရုတ်ဈေးကွက် ထဲမှာတော့ i3 ဆိုတဲ့ တံဆိပ်နဲ့ပဲ 3 Series Sedan EV ကား တစ်စီး ကို BMW တို့ သီးသန့် ထုတ်လုပ် ပေးထားတာတွေ့ရတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com

