တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ 2022 Guangzhou Auto Show မှာတော့ Hycan ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး MPV ကားဖြစ်တဲ့ V09 လျှပ်စစ်စွမ်းအင်သီးသန့်သုံးကားကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။ အဆိုပါ ကားကိုတော့ Hycan ရဲ့ H-GEA Platform အပေါ် အခြေခံ ဖန်တီးထားတာဖြစ်ပြီး ကိုယ်ထည်ဒီဇိုင်း၊ Chassis နဲ့ Battery Pack တွေကို အဆင့်မြှင့်စတီး ၆၅ ရာခိုင်နှုန်းနဲ့ Hot-Formed စတီး ၂၀ ရာခိုင်နှုန်း ပေါင်းစပ်ဖန်တီးထားတာပါ။ ကားရဲ့အရွယ်အစားနဲ့ပတ်သက်ပြီး Hycan ကအတိအကျပြောကြားထားခြင်းမရှိသေးပေမယ့် Five-Spoke ဘီးတွေနဲ့ ဆလိုက်တံခါးတွေပါဝင်လာတာ တွေ့ရပါတယ်။ အရှေ့ဖက် ကတော့ Sci-Fi စတိုင်ထူးခြားစွာ ဖန်တီးထားပြီး Tear-Eye Headlights တွေနဲ့ LED Daytime Running Lights တွေတစ်ဖက်တစ်ချက်စီပါဝင်လာပါတယ်။ Hycan ရဲ့ Brand Logo ကိုတော့ အရှေ့ဖက် အပိတ် Grille ရဲ့ အလယ်မှာခန့်ထည်စွာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Photo Credit: CarNewsChina

V09 ကားမှာတော့ 37 Level 2+ Driving Assistance Functions တွေအတွက် ဆင်ဆာပေါင်း ၂၄ ခုပါဝင်လာပြီး 130-Line လေဆာရေဒါ တစ်ခု၊ 8MP အရှေ့ဖက် မြင်ကွင်းကျယ် ကင်မရာတစ်ခု၊ အနောက် ဖက် မြင်ကွင်းအတွက် 2MP ကင်မရာတစ်ခုနဲ့ Surround-View အတွက် 3MP Ultra-Clear Fisheye ကင်မရာတွေပါဝင်လာတဲ့အပြင် Five Milllimeter-Wave ရေဒါတွေနဲ့ 12 AK2 Ultrasonic ရေဒါတွေ လည်း ပါဝင်လာပါသေးတယ်။ Hycan ရဲ့အဆိုအရတော့ ကားရဲ့ ဆင်ဆာတွေက လမ်းသွားလမ်းလာတွေကို ကီလိုမီတာ ၁၀၀ အကွာအဝေးကနေ ခံစားသိရှိနိုင်စေမယ့် အပြင် ယာဉ်တွေကိုတော့  မီတာ ၂၅၀ အကွာအဝေးအထိ ခံစားသိရှိနိုင်စေလိမ့်မယ်လို့ သိရပါတယ်။

Photo Credit: CarNewsChina

 

Hycan V09 ကားမှာတော့ Dual Qualcomm Snapdragon 8155 Chips တပ်ဆင်ပေးထားတာကြောင့် အရှေ့နဲ့ အနောက် ခန်းအတွင်းက Screen တွေအကြားချိတ်ဆက်ဆောင်ရွက်မှုကို သိရှိနိုင်စေအုံးမှာပါ။ စွမ်းဆောင်ရည်ပိုင်းအရတော့ 800-V High-Voltage System တပ်ဆင်ပေးထားကာ ၅ မိနစ်အားသွင်းရုံနဲ့ ကီလိုမီတာ ၂၀၀ အထိ မောင်းနှင်နိုင်စေမယ့် 380 kW Super Fast Charging စနစ်ကိုလည်း တပ်ဆင် ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Battery Pack ရဲ့ စွမ်းအင်သိပ်သည်းမှုက 257 Wh/kg အထိ ရှိတာကြောင့် ၇၅၀ ကီလိုမီတာ အကွာအဝေးထိ မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina