စိတ်လှုပ်ရှားစရာ တကယ်ကောင်းတဲ့ လျှပ်စစ် ကားသစ်တွေနဲ့ ပတ်သက်လာရင်တော့ GMC Hummer EV အသစ်ကို ယှဉ်နိုင်ဖို့ ခဲယဉ်းပါ လိမ့်မယ်။ အဆိုပါ Brand New GMC Hummer EV ကတော့ General Motors ရဲ့ လျှပ်စစ်ကား အနာဂါတ် နည်းပညာ ဘယ်လောက် အထိ ရောက်နေပြီလဲ ဆိုတာကို အကောင်းဆုံး ချပြထားနိုင်တာ ဖြစ်ပြီး အထင်ကြီးစရာ ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေကိုလည်းမြင်တွေ့ ထားရပါတယ်။ ဒါပေမယ့် GMC Hummer ကတော့ လျှပ်စစ် ကားတွေရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကာဗွန်ထုတ်လုပ်မှု လျော့ကျရမယ် ဆိုတဲ့ အချက်ကို မဖြည့်ဆည်း ပေးနိုင်ပဲ ဖြစ်နေပြန်ပါတယ်။ Hummer EV ကတော့ ထုတ်လုပ်လိုက်တဲ့ မူလအစ အချိန်မှာ ကတည်းက ရောင်းအားတွေကောင်း အမှာစာတွေလည်း အများကြီး ရခဲ့ပြီး အထင်ကြီးစရာ ရလဒ်တွေ ပြနိုင်ခဲ့တာပါ။ ဒါပေမယ့် Hummer ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့တင် တွဲမြင်နေမိမှာကတော့ စွမ်းအင်ချွေတာ တာထက်စာရင် လမ်းကြမ်း ပိုင်း ပိုကောင်းတာပဲ ဖြစ်ကြပါတယ်။ အခု ကားကိုတော့ လမ်းကြမ်းပိုင်းအပြင် GMC Hummer ကားတွေထဲ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီတဲ့ လျှပ်စစ်ကား တစ်စီး ဖြစ်လာစေဖို့ အတွက် ရည်ရွယ်ဖန်တီး ပေးထားလိမ့်မယ်လို့ အများစု မျှော်လင့်ထားခဲ့ ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ရာသီဥတု ပြောင်းလဲမှုနဲ့ စွမ်းအင်သုံးစွဲမှု လျှော့ချရေး အချက်အလက်တွေ အပေါ် အလေးထား စာရင်းပြုစု နေတဲ့ ACEEE ဆိုတဲ့ အဖွဲ့အစည်း ရဲ့ အချက်အလက်တွေ အရတော့ GMC Hummer EV ကားက ထင်ထားသလောက် ပတ်ဝန်းကျင်နဲ့ ကိုက်ညီနေတဲ့ လျှပ်စစ် ကားတော့ ဖြစ်မနေဘူးလို့ သိရပါတယ်။ အဆိုပါ သုတေသန အချက်အလက် တွေအရတော့ ပိုသေးတဲ့ Bolt EUV ကားက တစ်မိုင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် ၉၂ ဂရမ် ထွက်နေချိန် Hummer EV အသစ် ကတော့ တစ်မိုင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် ၃၄၁ ဂရမ် အထိကို ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ အခု ရလဒ် အရတော့ ကျန်တဲ့ လျှပ်စစ် ကားသေးလေးတွေ ထက်စာရင် အတော်ကိုများတဲ့ ကာဗွန် ပမာဏ ကို Hummer EV တို့ ထုတ်လွှတ်နေတယ် ဆိုပေမယ့် အခု ကားက လျှပ်စစ်ကားတွေထဲ စွမ်းဆောင်ရည်ပိုင်းအသား ပေးထားတဲ့ ကား တစ်စီး ဆိုတာကိုတော့ သတိပြု ရဦးမှာပါ။

Photo Credit: motor 1.com

အဆိုပါ ကားရဲ့ စွမ်းဆောင်ရည်က 1,000 hp အထိ ရှိတဲ့ လမ်းကြမ်းမောင်းပိုင်း အသားပေး ဖြစ်တာကြောင့် သာမန် ဓာတ်ဆီသုံး Chevy Malibu တို့လို ကားမျိုးတွေထက်ကိုပဲ တစ်မိုင်ကို ကာဗွန် ဒိုင်အောက်ဆိုက် ၂၁ ဂရမ် အထိ ပိုများ နိုင်ပါတယ်။ ဒါပေမယ့် Malibu ကားက တော့ တစ်နာရီ မိုင် ၆၀ နှုန်းကို Hummer EV လို ၃ စက္ကန့် ထဲနဲ့‌ရအောင် ‌မမောင်း ပြနိုင်သေးပါဘူး။ ဒါပေမယ့် အခု Hummer EV အသစ် ကတော့ မူလ H 1 Hummer ထက် ပိုပြီးတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ပြီး H1 Hummer ကတော့ ၈၈၉ ဂရမ် အထိကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်လွှတ်လေ့ ရှိတာပါ။ သေချာတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် Hummer EV က ပတ်ဝန်းကျင်နဲ့ တကယ် ကိုက်ညီ နေမယ့် လျှပ်စစ် ကားတစ်စီးတော့ မဟုတ်နေတာပါ။ ဒါပေမယ့်လည်း ယခင် ဂတ်စ်အင်ဂျင် နဲ့ H1 လို ကားမျိုးထက် ပိုလည်း ပတ်ဝန်းကျင်နဲ့ ကိုက်ညီသလို စွမ်းဆောင်ရည်လည်း ကောင်းမွန်တာကြောင့် သင့်လျော်တဲ့ ကားကောင်း တစ်စီးလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com