မဝေးတော့တဲ့ အနာဂတ်မှာ ကိုယ်စီးနေတဲ့ ကားက မောင်းသူမဲ့နဲ့ အလိုအလျောက် မောင်းနေပြီး ကိုယ်တိုင်ကတော့ ကားထဲမှာတင် Graphics ကောင်းကောင်းနဲ့ ကားဂိမ်းကို ဆော့နေရမယ့် မြင်ကွင်းတွေကို ထူးထူး ဆန်းဆန်း မြင်လာ ရတော့မှာ သေချာပါတယ်။ အခုလို နည်းပညာနဲ့ အစီအစဉ်တွေကိုတော့ ကုမ္ပဏီကြီး ၂ ခု ဖြစ်တဲ့ Sony နဲ့ Honda တို့ ပူးပေါင်းပြီး ဖန်တီးနေပြီ ဖြစ်ပြီး ကုမ္ပဏီ ၂ ခု အကြား အနာဂတ်မှာ ပေါင်းစပ် ထုတ်လုပ်လာမယ့် လျှပ်စစ်ကားတွေထဲ ကားတွင်းမှာတင် အဆင်ပြေပြေ ဆော့ကစားနိုင်မယ့် PS 5 ဂိမ်းစနစ်ကို တစ်ပါတည်းထည့်ပေးလာနိုင်ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။ ကား ကုမ္ပဏီတွေ ကိုယ်တိုင်ကတော့ အတည်မပြုနိုင် သေးပေမယ့်လည်း Financial Times သတင်း ရဲ့ ဖော်ပြချက်အရတော့ မဝေးတော့တဲ့ အနာဂတ်မှာတင် ဖြစ်လာတော့မယ့် သဘောပါပဲ။ ပူးပေါင်း ကုမ္ပဏီကြီး Sony Honda Mobility ရဲ့ President လည်းဖြစ် ၊ Chief Operating Officer လည်းဖြစ်သူ Izumi Kawanishi ကတော့ Sony မှာ လူတွေကို ကောင်းကောင်း ဆွဲဆောင်နိုင်တဲ့ ဝန်ဆောင်မှုတွေ နည်းပညာကောင်းတွေ ရှိထားတာကြောင့် အနာဂတ် မှာ Tesla ကို‌ ကောင်းကောင်း တုံ့ပြန်နိုင်မယ့် ကားအတွင်းနည်းပညာသစ်တွေ ယူဆောင်လာနိုင်မှာ ဖြစ်တယ် လို့လည်းဆိုထားပါတယ်။

Photo Credit: InsideEvs

တကယ်တော့ ပြိုင်ဘက် Tesla အနေနဲ့ အခုလိုမျိုး ကားအတွင်းက Screen မှာ ဂိမ်းဆော့တာမျိုးကို နဂိုကတည်းက ထည့်ပေးထားပြီး ဖြစ်ပေမယ့် အဓိကက Graphics များများနဲ့ ရုပ်ထွက်ကောင်းကောင်း ဂိမ်းတွေ ကိုတော့ မနိုင် သေးတာပါ။ ဒါပေမယ့် Elon Musk တစ်ယောက်ကတော့ သူတို့ အနေနဲ့လည်း အလားတူ ဂိမ်းအမြင့်တွေ ကိုပါ ဆော့နိုင်တဲ့ Tesla ရဲ့ Hardware အသစ်တွေလည်း ရထားပြီးပြီလို့ ဆိုထား ပါသေး တယ်။ တစ်ခုရှိတာကတော့ ဘယ် အချိန်မှာ ထုတ်လုပ်နေတဲ့အဆင့် ကားတွေဆီ ယူဆောင်လာမလဲဆိုတာ မသိရသေးတာပါပဲ။ တကယ်တော့ အခုလိုမျိုး ကားမောင်းနေတဲ့အချိန်မှာ ဂိမ်းကစားဖို့ ဆိုတာ ယာဉ်မောင်း က ကားကို လုံးဝဂရုစိုက်စရာ မလိုတဲ့ မောင်းသူမဲ့ စနစ်တွေဖြစ်ဖို့ အရင်ဆုံး လိုအပ်‌ပါသေးတယ်။ တကယ်လို့ PS 5 ဂိမ်းတော့ ကားထဲမှာ ပါပေမယ့် လုံးဝကို ကားရပ်ထားတဲ့ အချိန်မှာမှ အန္တရာယ်ကင်းကင်း ဆော့ ကစားနိုင်မယ် ဆိုရင်တော့ သိပ်ပြီးမလိုအပ်တဲ့ ဝန်ဆောင်မှုလို့ ပဲ ဆိုရမှာပါ။

Photo Credit: InsideEvs

လက်ရှိမှာတော့ Sony Honda Mobility ဆိုတဲ့ ပူးပေါင်း ကုမ္ပဏီကြီးရဲ့ ပထမဆုံး ကားကတော့ ယခင်မြင်ထားခဲ့ရတဲ့ Vision S Concept ကိုပဲ အခြေခံထားတဲ့ ကားဖြစ်နိုင်ပါတယ်။ ကနဦးတုန်းကတော့ အဆိုပါ Concept ယာဉ်ဟာ ထုတ်လုပ်တဲ့ အဆင့်အထိ ရောက်လာဖို့ မသေချာဘူးလို့ပဲ Sony က ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လျှို့ဝှက် စမ်းသပ် နေတာတွေကိုပါ မြင်လာခဲ့ရပါတယ်။ လာမယ့် ၂၀၂၅ လောက် အရောက် မှာ ပွဲထွက်လာနိုင်တဲ့ အဆိုပါ ကား အနောက်မှာတော့ အလားတူ ကားကိုပဲ SUV Version နဲ့ ခပ်မြင့်မြင့် ကားတစ်စီး မြင်လာရနိုင် သေးတာကြောင့် သေချာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs