မကြာသေးမီကပဲ Honda ကနေ သူတို့ရဲ့ EV SUV အသစ်တစ်စီး ဖြစ်တဲ့ Prologue ကားကို အနည်းငယ် လှစ်ဟချပြ ခဲ့ အပြီးမှာတော့ နောက်ထွက်လာမယ့် ကားသစ်တွေ အကြောင်းဆက်ပြီး အရိမ်အမြွက် ပြော လာခဲ့ပါတယ်။ ဒါ့အပြင် Honda ကတော့ သူတို့အတွက် အခု ၂၀၂၂ ဟာ SUV ကားတွေ လွှမ်းမိုးမယ့် နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့လည်း ဆိုခဲ့တာပါ။ Honda အမေရိက ရဲ့ Public Relations ပိုင်း စီနီယာ မန်နေဂျာဖြစ်သူ Jessica Fini ကတော့ ၂၀၂၂ ကို သူတို့ရဲ့ SUV နှစ်တစ်နှစ် အဖြစ် သတ်မှတ်ထားပြီး ကုမ္ပဏီ ဘက်ကနေ All-New HR-V ၊ CR-V ၊ CR-V Hybrid နဲ့ Pilot တို့ကို ဆက်တိုက် ထုတ်ပေးသွား မှာ ဖြစ်တယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။ အဆိုပါ ကားတွေဆီက ရလာနိုင်တာ တွေနဲ့ ပတ်သက်လို့တော့ အတိုင်းအတာ တစ်ခုလောက်အထိ သိထားကြပြီး ဖြစ်ကာ ဥပမာ Honda HR-V ဆိုရင် အတွင်းခန်းရော အပြင်ပိုင်း ကိုပါ အတော်လေး မြင်ဖူးထားခဲ့ပါပြီ။ အင်ဂျင်ပိုင်းနဲ့ ဆိုင်မယ့် အသေးစိတ် အချက် အလက်တွေ ကိုသာ Honda ဘက်က ဖော်ပြပေးဖို့ ကျန်နေတော့တာဖြစ်ပြီး ကယ်လီဖိုးနီးယား ဘက်ကလာတဲ့ သတင်း တွေအရဆိုရင်တော့ အဆိုပါကားမှာ 2.0 Liter Four-Cylinder Engine ပါလာနိုင်တယ်လို့လည်း သိရပါ တယ်။

Photo Credit: CARBUZZ

CR-V အသစ် ဆိုရင် တရုတ်ဈေးကွက်ထဲက နေပုံရိပ်တစ်ချို့ ပေါက်ကြားလာခဲ့ပြီး ဖြစ်ကာ လတ်တလော မြင်ထား ရတဲ့ Prologue EV ရဲ့ ဒီဇိုင်းနဲ့တောင် ခပ်ဆင်ဆင် တူနေပါသေးတယ်။ ဒါပေမယ့်လည်း တကယ် တမ်းမှာတော့ ဒီကားက အမေရိက ဈေးကွက်ထဲ ရောက်လာရင် အတူတူဖြစ်ပါ့မလား ဆိုတာ စောင့်ကြည့် ရဦးမှာပါ။ အကြောင်း ကတော့ အမေရိက ဈေးကွက် အတွက် ဆိုရင် ဥရောပနဲ့ အာရှ ဈေးကွက်တွေထဲက ကားဒီဇိုင်းတွေနဲ့ အမြဲတမ်း ကွဲပြား အောင် Honda က ဖန်တီးပေးနေလေ့ ရှိလို့ပဲ ဖြစ်ပါတယ်။ ယခင်တုန်း က ဆိုရင်လည်း အမေရိက ဈေးကွက်ထဲက HR-V ကို ဥရောပနဲ့ တရုတ်ဈေးကွက်တွေထဲမှာ ZR-V အဖြစ် ဖန်တီးပေးခဲ့တာ ဖြစ်ပြီး CR-V နဲ့ ဥရောပ ဈေးကွက်က HR-V တို့ အကြား ကားသစ်တစ်စီး အဖြစ် ချပြခဲ့ဖူး ပါတယ်။ CR-V အသစ်အတွက် ဆိုရင်လည်း ဘယ် အင်ဂျင်ကို သုံးလာ မလဲ ဆိုတာက စဉ်းစားစရာ ဖြစ်နေ သေးပေမယ့် 1.5 Liter Turbo Motors တွေနဲ့ ဖြစ်နိုင်မယ်ဆိုရင် Hybrid မျိုးကွဲ အဖြစ်လည်း ထွက်လာ နိုင်ဖို့ ကတော့ များနေပါတယ်။ Hybrid  အကြောင်းကို ဆက်ပြောရမယ် ဆိုရင်တော့ Honda America ရဲ့ အရောင်းပိုင်း တာဝန်ခံ VP ဖြစ်သူ Mamadou Diallo က အခုလာမယ့် ဆောင်းရာသီ လောက်ကစလို့ All- New CR-V Hybrid ၊ လာမယ့် နှစ်မှာတော့ All-New Accord Hybrid တို့နဲ့အတူ လျှပ်စစ်စွမ်းအင် ပိုင်း ကို အရှိန်မြှင့်သွား တော့မယ်လို့ ဆိုခဲ့ဖူးပြီး ယခင် ရှိခဲ့ဖူးတဲ့ Civic Hybrid ကိုပါ ပြန်မိတ်ဆက် ပေးမယ်လို့ လည်း သိထားရပါတယ်။

Photo Credit: CARBUZZ

ဒါကြောင့် အခုကားတွေ စာရင်းထဲမှာကျန်နေသေးတဲ့ ကားဆိုလို့ Pilot တစ်မျိုးပဲ ရှိတော့တာဖြစ်ပြီး အခုချိန် အထိ အချက်အလက်တွေ မသိရသေးတာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းက တတိယမြောက် မျိုးဆက်အဖြစ် ထွက် လာခဲ့ပြီး ပိုသေးတဲ့ Passport နဲ့ အတူတူ ဈေးကွက်ထဲ ဝင်လာခဲ့တာ ဖြစ်ကာ Honda Odyssey နဲ့ Ridgeline Lineup တွေထက်လည်း ပိုသေးတာ တွေ့ရပါတယ်။ ၂၀၁၉ မှာ တော့ Facelift Model သစ် အနေနဲ့ ထပ်ထွက်လာ ခဲ့ပေမယ့် အခု ဆိုရင်တော့ အဓိက ပြိုင်ဘက် Hyundai Palisade တို့လိုမျိုး ကြီးကြီး မားမား ပြောင်းလဲပေးလာဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Pilot ကားနဲ့ Platform အတူတူ သုံးခဲ့ဖူးတဲ့ Acura MDX ကပါ All-New 2022 MDX အနေနဲ့ ထွက်ထားတာကြောင့် အဆိုပါ ကားကနေ တစ်ဆင့်လည်း ခန့်မှန်းလို့ ရကောင်းရနိုင်ပါတယ်။ ဒီလိုသာဆိုရင် တော့ အင်ဂျင်က 3.5 Liter V 6 ကိုမှ 10-Speed Automatic Transmission နဲ့ တွဲဖက် ပေးလာနိုင်ပြီး Aura ရဲ့ တကယ် ကောင်းတဲ့ Suspension တို့ကိုပါ အဆိုပါ Pilot အတွက် ထည့်သွင်းပေးလာနိုင်ပါတယ်။ တစ်ဖက်မှာလည်း လုံးဝ မမျှော်လင့် ထားဖူး တဲ့ Accord Hybrid လို ကားမျိုးတွေပါ ပါလာတော့မယ်လို့ Honda ဘက်က အတည်ပြုထားတာ ကြောင့် SUV နှစ်တစ်နှစ် ဖြစ်မယ်လို့ ပြောထားတဲ့အတိုင်း ဘယ်လောက်အထိ လုပ်ပြနိုင်ဦးမလဲ ဆိုတာတော့ စောင့်ကြည့် ရတော့မှာပါ။

Ref: carbuzz.com