Honda ရဲ့ N-One ဆိုတာကတော့ ချစ်စရာကောင်းတဲ့ Kei ကားလေးတစ်စီးအဖြစ် ဂျပန် ဈေးကွက်ထဲမှာပဲ သီးသန့် ရနိုင်တာ ဖြစ်ပါတယ်။ အခုကားလေးရဲ့ ဒီဇိုင်းကတော့ Honda ရဲ့ ပထမဆုံးသော ခရီးသည်တင် လို့ရတဲ့ကား N360 လေးကို ပုံစံပြန်ယူထားတာဖြစ်ပြီး အခုဆိုရင်လည်း Style+Urban Special Edition ကိုပါ ထပ်မံ ထုတ်လုပ် ပေးလိုက်ပြန်ပြီ ဖြစ်ပါတယ်။ အဆိုပါ အထူးထုတ် ကားမှာတော့ ကားသေးသေး လေးထဲ ပိုကြည့်ကောင်း ဇိမ်ရှိတဲ့ အပြင်အဆင် အသစ်တွေကိုပါ ထည့်ပေးလာတာပါ။ ကားရဲ့အပြင်ဘက်မှာတော့ Grille နားတစ်ဝိုက် Chrome Border လေးတွေ ပတ်ထည့်ပေးလာပြီး Headlights တွေနဲ့ ဆက်နေတဲ့ ကားရဲ့အပေါ်ဘက် မျက်နှာစာ‌နားလေးကိုလည်း လှပ သန့်ရှင်းတဲ့ ပြောင်ပြောင်လက်လက် ပုံစံလေးတွေ သုံးပေးထားပါတယ်။ ဘက်မှန်တွေနဲ့ တံခါးလက်ကိုင် တွေကို အနက်ရောင် သုံးပေးထားပေမယ့် ကားရဲ့ ကိုယ်ထည်ပိုင်းကိုတော့ Garden Green Metallic ၊ Platinum White Pearl ၊ Meteoroid Gray Metallic နဲ့ Premium Ivory Pearl II ဆိုတဲ့ အရောင်တွေ စသဖြင့် စုံစုံလင်လင်ကို ရွေးချယ်နိုင်မှာ ပါ။ ဒါ့အပြင်ကားရဲ့ ၁၄ လက်မ အရွယ်ဘီးတွေကိုလည်း Three-Spoke Knockoff ပုံစံနဲ့ ပြင်ဆင်ပေးထားတာက ကြည့်ကောင်းနေပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အတွင်းခန်းမှာ တော့ မီးသွေးရောင် လေးတွေကိုမှ မီးခိုးရောင် အစင်းလေးတွေနဲ့ ရောစပ်ထားပြီး Dashboard ကိုလည်း Faux Wood Panel အဖြစ် အသုံးပြုပေးထားပါတယ်။ အနည်းငယ်သော အပြောင်း အလဲတစ်ရပ် အဖြစ် တော့ စတီယာတိုင်ရဲ့ အောက်ဘက်ကို Metallic Trim လေးတွေ ထည့်ပေးထားတာဖြစ်ပြီး All-Wheel Drive Layout ကို ဝယ်ယူမယ့် သူတွေအဖို့ကတော့ Heated ထိုင်ခုံတွေကိုပါ ရရှိဦး မှာပါ။ Style + Urban Special Edition အသစ်မှာ တော့ 660-cc Naturally Aspirated Three-Cylinder Engine ကို CVT Gear နဲ့ တွဲသုံးပေးထားပါတယ်။ Front-Wheel Drive Version ကိုတော့ $ 12,234 ပမာဏလောက် ကျသင့်မှာဖြစ်ကာ All-Wheel Drive Version ဆိုရင်တော့ $ 13,212 လောက်ပဲ ကျသင့်မှာပါ။

Photo Credit: motor 1.com

Honda အနေနဲ့တော့ N-One Lineup တစ်ခုလုံးကို အခု ၂၀၂၂ မှာ အဆင့်မြှင့်တင်ပေးထားတာ ဖြစ်ပြီး Sport ပိုဆန် တဲ့ RS Trim အသစ်လည်း ပါဝင်လာပါတယ်။ အဆိုပါ ကားအသစ်မှာ ဆိုရင်တော့ 660-cc Three-Cylinder Engine ကိုပဲ Turbocharged ပါဝင်လာတာကြောင့် စွမ်းဆောင်ရည်ကလည်း 63 hp နဲ့ 77 lb-ft Torque လောက်အထိ ရှိလာပါတယ်။ အဆိုပါ ကားမှာတော့ သာမန် CVT Gear အပြင် Six-Speed Manual Gear ကိုလည်း ထပ်ရွေးချယ် နိုင် ဦးမှာဖြစ်ကာ Front-Wheel Drive တစ်မျိုးတည်းပဲ သီးသန့်ရနိုင်ပါတယ်။ အခြားသော တိုးတက် ပြောင်းလဲမှု တွေကို တော့ ကားရဲ့ အသစ်ပါလာတဲ့ LED Fog Lights တွေ ၊ အနက်ရောင် ၁၅ လက်မ ဘီးတွေနဲ့ Gear နဲ့ စတီယာတိုင် ပေါ် တို့က လယ်သာသားတွေမှာ မြင်သာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကလည်း Honda အနေနဲ့ RS Trim ရဲ့ Hill-Climb Racing Version အဖြစ် N-One K-Climb ကားကိုတစ်စီးတည်းသော Concept အဖြစ် ချပြခဲ့ဖူးပါတယ်။ ကုမ္ပဏီ ကတော့ အဆိုပါ ကားမှာလည်း အင်ဂျင်ကို အတူတူပဲ သုံးထား ခဲ့ပေမယ့် ပိုရှည်လာတဲ့ Wheelbase နဲ့ ပိုကျယ်လာတဲ့ Track တွေကိုသုံးထားတာလည်း တွေ့ရမှာပါ။ ကားရဲ့စက်ဖုံး ၊ ရှေ့ဘန်ဘာနဲ့ Grille တို့အပြင် အနောက်ဘက် Splitter တွေမှာကအစ ကာဗွန်ဖိုက်ဘာသား တွေနဲ့ အသုံးပြုဖန်တီး ထားခဲ့တာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com